Monday, January 13, 2020

ဒေသခံ တောင်သူရဲ့ ကွမ်းသီးပင်များ ပျက်ဆီးခဲ့တဲ့အတွက် မြန်မာပွန်ပီပက်ကုမ္ပဏီကို ငွေကျပ် (၁၁၄၈) သိန်း လျော်ကြေးပေးရန် တရားရုံးအမိန့်ချ

Image may contain: one or more people, people standing, plant, tree, sky, grass, outdoor and natureImage may contain: tree, house, outdoor and nature

ဟိန္ဒားသတ္တုတွင်းအား တူးဖော်ခွင့်ရထားတဲ့ မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီကြောင့် ထားဝယ်ခရိုင် မေတ္တာမြို့ ကျောက်မဲတောင်ကျေးရွာက ဒေသခံတောင်သူတစ်ဦးပိုင်း ကွမ်းသီးပင်များ ပျက်စီးသွားတဲ့အပေါ် ငွေကျပ် (၁၁၄၈) သိန်း လျော်ကြေးပေးရန် ထားဝယ်ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ထားဝယ်ခရိုင် မေတ္တာမြို့ ကျောက်မဲတောင်ကျေးရှာအုပစြု ကငြးပှနြးခွုံကွေးရှာနေ စောဒါးရှကေ မှနမြာပှနပြီပကြ ကုမျပဏီက တညဆြောကနြတေဲ့ ရကောတာကှောငြ့ စိုကပြွိုးထားတဲ့ ကှမြးသီးပငတြှေ ပကွစြီးသှားတဲ့အတှကြ လွောကြှေးငှရလေိုမှုနဲ့ တရားစှဲထားတဲ့အပေါြ ထားဝယခြရိုငတြရားရုံးက အခုလို အမိနြ့ခမွှတလြိုကတြာပဲ ဖှစပြါတယြ။
မြန်မာပွန်ပီပက် ကုမ္ပဏီဟာ သတ္တုတူးဖော်ရာမှာ အသုံးပြုမယ့် ရေအရင်းအမြစ်အတွက် အိုးစည်ချောင်းနဲ့ ဘဝပင်ချောင်း ဆုံရာ မြောင်းပြိုချောင်းကို ရေကာတာအဖြစ် တည်ဆောက်ခဲ့ရာမှာ အဆိုပါချောင်းအထက်ဘက်မှာ စိုက်ပျိုးထားတဲ့ ကွမ်းသီးပင်တွေ ရေလွှမ်းက ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလို ကွမ်းသီးပင်တွေ ပျက်စီး နစ်နာခဲ့တဲ့အတွက် လျော်ကြေးငွေ ရရှိဖို့ ကုမ္ပဏီတာဝန်ရှိသူတွေကို အကြိမ်ကြိမ် သွားရောက်ပြောဆိုခဲ့ပြီး တိုင်းအစိုးရအဖွဲ့ကတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်ပြေမှုမရှိခဲ့တာကြောင့် (၂၀၁၅) ခုနှစ် စက်တင်ဘာလ (၂၈) ရက်က တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ စောဒါးရွှေက ပြောပါတယ်။
မြန်မာပွန်ပီပက်ကုမ္ပဏီအနေနဲ့ အမှုကို အယူခံဝင်သွားမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ရှေ့နေ ဖြစ်သူထံမေးမြန်းဖို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ရှေ့နေ့ဖြစ်သူထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
Source - Dawei Watch
<zawgyi>
ဒေသခံ တောင်သူရဲ့ ကွမ်းသီးပင်များ ပျက်ဆီးခဲ့တဲ့အတွက် မြန်မာပွန်ပီပက်ကုမ္ပဏီကို ငွေကျပ် (၁၁၄၈) သိန်း လျော်ကြေးပေးရန် တရားရုံးအမိန့်ချ
Monday , January 13 , 2020

ဟိန္ဒားသတ္တုတွင်းအား တူးဖော်ခွင့်ရထားတဲ့ မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီကြောင့် ထားဝယ်ခရိုင် မေတ္တာမြို့ ကျောက်မဲတောင်ကျေးရွာက ဒေသခံတောင်သူတစ်ဦးပိုင်း ကွမ်းသီးပင်များ ပျက်စီးသွားတဲ့အပေါ် ငွေကျပ် (၁၁၄၈) သိန်း လျော်ကြေးပေးရန် ထားဝယ်ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ထားဝယ်ခရိုင် မေတ္တာမြို့ ကျောက်မဲတောင်ကျေးရှာအုပစြု ကငြးပှနြးခွုံကွေးရှာနေ စောဒါးရှှကေ မှနမြာပှနပြီပကြ ကုမျပဏီက တညဆြောကနြတေဲ့ ရကောတာကှောငြ့ စိုကပြွိုးထားတဲ့ ကှမြးသီးပငတြှေ ပကွစြီးသှားတဲ့အတှကြ လွောကြှေးငှရလေိုမှုနဲ့ တရားစှဲထားတဲ့အပေါြ ထားဝယခြရိုငတြရားရုံးက အခုလို အမိနြ့ခမွှတလြိုကတြာပဲ ဖှစပြါတယြ။
မြန်မာပွန်ပီပက် ကုမ္ပဏီဟာ သတ္တုတူးဖော်ရာမှာ အသုံးပြုမယ့် ရေအရင်းအမြစ်အတွက် အိုးစည်ချောင်းနဲ့ ဘဝပင်ချောင်း ဆုံရာ မြောင်းပြိုချောင်းကို ရေကာတာအဖြစ် တည်ဆောက်ခဲ့ရာမှာ အဆိုပါချောင်းအထက်ဘက်မှာ စိုက်ပျိုးထားတဲ့ ကွမ်းသီးပင်တွေ ရေလွှမ်းက ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလို ကွမ်းသီးပင်တွေ ပျက်စီး နစ်နာခဲ့တဲ့အတွက် လျော်ကြေးငွေ ရရှိဖို့ ကုမ္ပဏီတာဝန်ရှိသူတွေကို အကြိမ်ကြိမ် သွားရောက်ပြောဆိုခဲ့ပြီး တိုင်းအစိုးရအဖွဲ့ကတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်ပြေမှုမရှိခဲ့တာကြောင့် (၂၀၁၅) ခုနှစ် စက်တင်ဘာလ (၂၈) ရက်က တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ စောဒါးရွှေက ပြောပါတယ်။
မြန်မာပွန်ပီပက်ကုမ္ပဏီအနေနဲ့ အမှုကို အယူခံဝင်သွားမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ရှေ့နေ ဖြစ်သူထံမေးမြန်းဖို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ရှေ့နေ့ဖြစ်သူထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
Source - Dawei Watch

0 comments:

Post a Comment