Tuesday, January 14, 2020

နင်းမိုင်းတစ်လုံးနင်းမိ ပေါက်ကွဲသဖြင့် ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ

No photo description available.

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်တွင် သောင်းကျန်းသူများထောင်ထားသော နင်းမိုင်းတစ်လုံးနင်းမိ ပေါက်ကွဲသဖြင့် ဒေသခံပြည်သူနှစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ လောက်ကိုင်မြို့နယ်၊ နန်ကော်ကျေးရွာနေ လော်ကျားရှင်(ဘ) လော်လောက်ဝေနှင့် သွင်းရွှေထောင် (ဘ)သွင်ဆူး တို့သားအမိနှစ်ဦးသည် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် လက်ဖက်ခင်းအား ချုံနွယ်များ ရှင်းလင်းရန်အတွက် သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက် မီတာ ၂၀၀ ခန့် အကွာသို့အရောက်၌ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းဟောင်းတစ်လုံးအား ပေါက်တူးဖြင့် ပေါက်မိ ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး လောက်ကိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

<zawgyi>
နင်းမိုင်းတစ်လုံးနင်းမိ ပေါက်ကွဲသဖြင့် ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ
Tuesday , January 14 , 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်တွင် သောင်းကျန်းသူများထောင်ထားသော နင်းမိုင်းတစ်လုံးနင်းမိ ပေါက်ကွဲသဖြင့် ဒေသခံပြည်သူနှစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ လောက်ကိုင်မြို့နယ်၊ နန်ကော်ကျေးရွာနေ လော်ကျားရှင်(ဘ) လော်လောက်ဝေနှင့် သွင်းရွှေထောင် (ဘ)သွင်ဆူး တို့သားအမိနှစ်ဦးသည် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် လက်ဖက်ခင်းအား ချုံနွယ်များ ရှင်းလင်းရန်အတွက် သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက် မီတာ ၂၀၀ ခန့် အကွာသို့အရောက်၌ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းဟောင်းတစ်လုံးအား ပေါက်တူးဖြင့် ပေါက်မိ ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး လောက်ကိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment