Wednesday, January 15, 2020

ရုရှားနိုင်ငံတွင် သမ္မတ ပူတင်၏ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ ဝင်များ နုတ်ထွက်

Image may contain: 2 people, suitImage may contain: one or more people, people sitting and indoor

ရုရှားနိုင်ငံမှာ ဝန်ကြီးချုပ် Dmitry Medvedev ဟာ သူ့ရဲ့ ဝန်ကြီးအဖွဲ့ နုတ်ထွက်လွှာကို တရားဝင် တင်သွင်းလိုက်ပါတယ်။ ရုရှား သမ္မတ Vladimir Putin က ရုရှား ပါလီမန်ကို ပိုပြီး အင်အားကောင်းစေမယ့် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲချက်တွေကို အဆိုပြုပြီးနောက် သိပ်မကြာခင်မှာ အခုလိုဝန်ကြီးအဖွဲ့ နုတ်ထွက်လွှာကို တင်သွင်းခဲ့တာပါ။

အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်ကို မော်စကိုမြို့တော်မှာ ရုရှား ပြည်ထောင်စု လွှတ်တော် နှစ်ပတ်လည် အစည်းအဝေးက ကျင်းပနေချိန် နိုင်ငံတော် အခြေပြ မိန့်ခွန့်နဲ့ အလားသဏ္ဍန်တူတဲ့ မိန့်ခွန်းကို ပြောကြားစဉ် ဗုဒ္ဓဟူးနေ့မှာ သမ္မတ ပူတင်က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ပူတင်ရဲ့ မိန့်ခွန်းပြောကြားအပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ် Medvedev က အခု အခြေအနေအောက်မှာ ရုရှား အစိုးရ အနေနဲ့ သမ္မတက လိုအပ်တာတွေ ဆုံးဖြတ် လုပ်ဆောင်နိုင်ဖို့ အခွင့်ပေးရမယ်ဆိုပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့တာပါ။
နောက်ပိုင်းမှာ သမ္မတပူတင်က ရုရှား အခွန်ဌာနအကြီးအကဲ Mikhail Mishustin ကို ဝန်ကြီးချုပ်အဖြစ် အမည်တင်သွင်းခဲ့တယ်လို့ ရုရှား သတင်းဌာနတွေက ပြောပါတယ်။ သူ့မိန့်ခွန်းမှာ အကြံပြုခဲ့တဲ့ ရုရုား ဝန်ကြီးချုပ်နဲ့ အဓိကကျတဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်း ကို ရုရှား ဒူးမားလွှတ်တော်ကို မကြာခင် ရောက်သွားမှာ ဖြစ်ပါတယ်။
သမ္မတရဲ့ အကြံပေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော် ကောင်စီကိုလည်း အခြေခံဥပဒေအရ တရားဝင်တဲ့ အာဏာပိုင်အဖွဲ့အစည်းတခု ဖြစ်လာစေဖို့လည်း သမ္မတ ပူတင်က အဆိုပြုခဲ့ပြီး အခု ပြင်ဆင်ချက် တွေဟာ ရုရှားနိုင်ငံရေး စနစ်အတွက် သိပ် အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
သမ္မတ ပူတင်ဟာ သမ္မတ သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ် နောက်ပိုင်းမှာလည်း တိုင်းပြည်အပေါ် သူ့ရဲ့ သြဇာ လွှမ်းမိုးမှု ဆက်ရှိနေအောင် ကြိုးပမ်းတဲ့ ပုံလည်း ရှိပါတယ်။
>>Zawgyi<<
ရုရှားနိုင်ငံတွင် သမ္မတ ပူတင်၏ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ ဝင်များ နုတ်ထွက်
Thursday , January 16 , 2020

Ref : VOA #Myanmar_Online_News

0 comments:

Post a Comment