Tuesday, January 14, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ

Image may contain: 1 person, standing

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba ကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းသို့တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့်စပ်လျဉ်း၍၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းသူများ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအား အကောင်အထည်ဖော်ရေး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား ကြီးလေးသောကျူးလွန်မှုများအပေါ် တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စများနှင့် ထိခိုက်ခံရသည့် ကလေးသူငယ်များအား ၎င်းတို့၏ သက်ဆိုင်ရာအသိုက်အဝန်းများသို့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

<zawgyi>
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ
Tuesday , January 14 , 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba ကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းသို့တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့်စပ်လျဉ်း၍၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းသူများ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအား အကောင်အထည်ဖော်ရေး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား ကြီးလေးသောကျူးလွန်မှုများအပေါ် တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စများနှင့် ထိခိုက်ခံရသည့် ကလေးသူငယ်များအား ၎င်းတို့၏ သက်ဆိုင်ရာအသိုက်အဝန်းများသို့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Source- #Myanmar_Online_News

0 comments:

Post a Comment