Monday, January 13, 2020

ဘင်္ဂလားဒက်ရှ် လူဦးရေ၏ ၀.၁၇ ရာခိုင်နှုန်းမှာ တောင်းရမ်းစားသောက်သူများအတွက် အမေရိကန်ဒေါ်လာ ၄-သိန်းကျော်သုံးစွဲမည်

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် တောင်းရမ်းစားသောက်သူဦးရေမှာ ၂၅၀,၀၀၀ - ဦးခန့် ဖြစ်၍ နိုင်ငံ့လူဦးရေ၏ ၀.၁၇ ရာခိုင်နှုန်းရှိကြောင်း လူမှုဖူလုံရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

တနင်္လာနေ့ ဘင်္ဂလားဒက်ရှ်ပါလီမန်တွင် အာဏာရ အဝါမီလိခ်ပါတီမှ ပါလီမန်အမတ် ဒီဒါရူအလမ်၏ မေးမြန်းချက်ကို လူမှုဖူလုံရေးဝန်ကြီး နူရူဇမန်အာမက်က ဖြေကြားရာ၌ တောင်းရမ်းစားသောက်သူဦးရေမှာ ခရိုင်အုပ်ချုပ်ရေးဋ္ဌာန၏ ကွင်းဆင်းကောက်ယူထားသော ကိန်းဂဏန်းများအရဖြစ်သည်ဆို၏။
သို့သော်လည်း အဆိုပါ အရေအတွက်မှာ တစ်နိုင်ငံလုံးရှိ တောင်းရမ်းစားသောက်သူဦးရေ အတိအကျမဟုတ်ပဲ ခန့်မှန်းအရေအတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏ ဘဝပြန်လည်ထူထောင်ရေးအတွက် ယခုဘဏ္ဍာရေးနှစ်အတွက် အသုံးပြုမည့် ဘတ်ဂျက်ငွေမှာ တာကာ သန်း ၄၀ ( အမေရိကန်ဒေါ်လာ ၄၇၂,၀၄၉ ခန့် ) လျာထားကြောင်း ဝန်ကြီး အာမက်က ပါလီမန်၌ ဆက်လက်ဖြေဆိုသည်။
Source- HtayOung #Myanmar_Online_News

<zawgyi>

Tuesday , January 14 , 2020

0 comments:

Post a Comment