Wednesday, January 15, 2020

အမေရိကန်တို့မှ အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော် ဗိုလ်ချုပ် ကာစင်စူလမန်နီ အား လုပ်ကြံခြင်း

Image may contain: 1 person, fire, text that says 'U.S. Air Strike Kills Qasem Soleimani, Leader of Iran Backed Quds Force'Image may contain: 2 people

စတစ်ကာမှန် အမည်းရောင် တပ်ဆင်ထားသည့် မော်တော်ကားတစ်စီးသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ် လေယာဉ်ကွင်းရှိ Cham Wings လေကြောင်းလိုင်း အဲဘတ်စ် A320 ခရီးသည်လေယာဉ်၏ တက်ဆင်း လှေကားအနီး ထိုးဆိုက်လာသည်။

မော်တော်ကားအတွင်းမှ ခရီးသည်တင်လေယာဉ်သို့ တက်ရောက်လာသူများသည် ဆီးရီးယားမှ အီရတ်နိုင်ငံ ဘဂ္ဂဒက်သို့ ထွက်ခွာမည့် တရားဝင်ခရီးသည်စာရင်းတွင်ပါဝင်သူများမဟုတ်ကြောင်း Cham Wings လေကြောင်းလိုင်း အမှု့ထမ်းက နောင်အခါ Reuters သို့ ပြန်လည်ပြောပြသည်။
၎င်းတို့မှာ ဗိုလ်ချုပ်ကာဆင်စူလမန်နီနှင့် အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော်မှ အနီးကပ်လုံခြုံရေး တပ်ဖွဲ့ဝင် ၄-ဦးတို့ဖြစ်ကြပါသည်။ လုံခြုံရေးစိုးရိမ်ရမှု့ တိုးမြင့်လာချိန်မှစ၍ ကာဆင်စူလမန်နီသည် ခရီးသွားရာတွင် သူ၏ ကိုယ်ပိုင်လေယာဉ်အား အသုံးပြုမရှိတော့ဟုဆိုပါသည်။
ဤသည်မှာ ကာဆင်စူလမန်နီ၏ အသက်ရှင်လျှက် နောက်ဆုံးအကြိမ်လေယာဉ်စီးခြင်းဖြစ်ပါမည်။
*****
ဇန်နဝါရီလ ၃-ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁-နာရီခန့် ..

အမေရိကန်၏ မောင်းသူမဲ့ MQ-9 Reaper ဒရုန်းလေယာဉ် ၂-စီးသည် အီရတ်နိုင်ငံ အထက်ဝေဟင်တွင် ပျံဝဲလျှက် အသင့်ရှိနေသည်။
ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Cham Wings လေကြောင်းလိုင်းဖြင့် ဆိုက်ရောက်လာသော ကာဆင် စူလမန်နီနှင့်အဖွဲ့အား အီရန်လူထုစည်းရုံးရေးတပ် ပြည်သူ့စစ် ဒုတိယအကြီးအကဲ အဘူမက်ဒီမူဟန်းဒစ်စ်နှင့်အဖွဲ့က သံချပ်ကာယာဉ် ၂-စီးဖြင့် ကြိုဆိုသည်။
အမှန်စင်စစ် အဲဘတ်စ် A320 ခရီးသည်လေယာဉ်မှ ကာဆင်စူလမန်နီဆင်းသက်လာပြီး ၁၀-မိနစ်မပြည့်မီ အမေရိကန်ဒရုန်းလေယာဉ်များက ပစ်မှတ်အား မှတ်ပုံတင်လျှက် ပစ်ခတ်ရန်အသင့် “ သော့ဖွင့် “ ထားပြီးဖြစ်နေသည်ဟု ဆိုကြပါသည်။
အမေရိကန်မောင်းသူမဲ့လေယာဉ်များမှ ပစ်လွှတ်လိုက်သော ပဲ့ထိန်းမစ်ဆိုင်းလ် ၂-စင်းသည် ဘဂ္ဂဒက်လေဆိပ်အနီးတွင် စူလမန်နီတို့၏ သံချပ်ကာယာဉ်တန်းအား တည့်မတ်စွာထိမှန် ပေါက်ကွဲသည်။ ဘဂ္ဂဒက်လေဆိပ်တစ်ခုလုံး အချက်ပြသတိပေးသံများ ဆူညံစွာထွက်ပေါ်လာပြီးနောက် အီရတ်အမျိုးသားလုံခြုံရေးအေးဂျင့်များက လေဆိပ်ဝင်ထွက်အားလုံးကို ထိန်းချုပ်လိုက်သည်။ ရဲတပ်ဖွဲ့၊ ပတ်စ်ပို့အရာရှိများ၊ ထောက်လှမ်းရေးတာဝန်ကျသူများအားလုံး မည်သည့်အကြောင်းပြချက်နှင့်မျှ မိမိတို့နေရာမှ ထွက်ခွာမသွားရန် အမိန့်ထုတ်သည်။
သံချပ်ကာယာဉ်များတွင် လိုက်ပါလာသည့် ကာဆင်စူလမန်နီ၊ အဘူမက်ဒီမူဟန်းဒစ်စ်အပါအဝင် လူ ၁၀-ဦးလုံး သေဆုံးသည်။ ကာဆင်စူလမန်နီဘဂ္ဂဒက်လေဆိပ်၌ ရောက်ရှိလာသည့် သတင်းအတိအကျကို အမေရိကန်တို့ မည်သည့်နည်းနှင့် အနံ့ရသွားပါသနည်း။
ဆီးရီးယား ဒမတ်စကတ်၊ အီရတ် ဘဂ္ဂဒက်လေဆိပ်တို့တွင် အမေရိကန်သတင်းပေးများ ရှိနေပြီလား။ Reuters သည် အခင်းဖြစ်ရပ် စုံစမ်းစစ်ဆေးမှု့နှင့် နီးစပ်သူ အီရတ်လုံခြုံရေးအရာရှိ ၂-ဦး၊ ရဲအရာရှိ ၂-ဦး၊ Cham Wings ဆီးရီးယားလေကြောင်းလိုင်း ဝန်ထမ်း ၂-ဦးနှင့် ဆီးရီးယား ဒမတ်စကတ် စီးပွားရေးလေကြောင်းလိုင်း ဋ္ဌာနချုပ်မှ အရပ်ဖက်အရာရှိများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အတော်များများက ကာဆင်စူလမန်နီလုပ်ကြခံရမှု့တွင် အစ္စရေးတို့၏ နာမည်ကျော် “ မော့ဆက်ထောက်လှမ်း ရေးအဖွဲ့ကြီး “ ပါဝင်နေမည်ဟု မှန်းဆကြသည်။ သို့သော် တန်ဖိုးကြီး ပစ်မှတ်များအား လုပ်ကြံသတ်ဖြတ်ရာတွင် မော့ဆက်တို့က မောင်းသူမဲ့လေယာဉ်များ အသုံးပြုလေ့မရှိပါ။
…………

အီရန်နိုင်ငံ၏ အယ်လ်ခတ် စစ်ဖက်ထောက်လှမ်းရေးနှင့် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ခေါင်းဆောင် ကာဆင်စူလမန်နီအား မည်သို့ မည်ပုံ သတ်ဖြတ်ခဲ့သည်ကို ပင်တာဂွန်က ယနေ့တိုင် တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေး ပါ။
အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးတွင် ကာဆင်စူလမန်နီအား လုပ်ကြံသတ်ဖြတ်ခဲ့သော အမေရိကန်လေတပ်သည် တစ်ရက်တည်း ယီမင်၌ အခြားအီရန်အထူးတိုက်ခိုက်ရေးတပ်မှူးတစ်ဦးကို လုပ်ကြံခဲ့သော်လည်း အောင်မြင်ခြင်းမရှိဟု ဆိုပါသည်။
ထို့ကြောင့် အမေရိကန်၏ အရှေ့အလယ်ပိုင်း အကြမ်းဖက်သမားအဖြစ်သတ်မှတ်ထားသူများအား ချေမှုန်းရေးနှင့် မောင်းသူမဲ့ MQ-9 Reaper ဒရုန်းလေယာဉ်များ လှုပ်ရှားမှု့တို့မှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးလျှို့ဝှက်ချက်ဖြစ်နေသည်။
အသေးစိတ် အကျယ်တဝင့်ရေးသားချက်ကို ပရင့်တက်မီဒီယာတွင် ဖော်ပြမည်ဖြစ်ပြီး အတို-အကျဉ်းချုပ်ကို Facebook မှတဆင့် မိတ်ဆွေများအား မျှဝေပါမည်။
Crd : HtayOung / OungMarine

>>Zawgyi<<
အမေရိကန်တို့မှ အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော် ဗိုလ်ချုပ်ကာစင်စူလမန်နီအား လုပ်ကြံခြင်း
Thursday , January 16 , 2020

#Myanmar_Online_News

0 comments:

Post a Comment