Monday, January 6, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရာတွင် ပါတီကို ကြည့်ဖို့ လိုသလို လူပုဂ္ဂိုလ်လည်းကြည့်ဖို့ လိုအပ်ကြောင်း သမ္မတ(ငြိမ်း) သတိပေး

Image may contain: 1 person, closeup

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲတစ်ပြားသည် တိုင်းပြည်ကောင်းကျိုးကို ဖန်တီး နိုင်သကဲ့သို့ ဒေသ၏ ပတ်ဝန်းကျင် ဆိုးကျိုးကောင်းကျိုးကိုလည်း ဖန်တီးစေနိုင်သည့် အတွက် မဲပေးရာတွင် ပါတီကိုလည်း ကြည့်ဖို့ လိုအပ်သလို လူပုဂ္ဂိုလ်ကိုလည်း ကြည့်ဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကပြောသည်။
မဲတစ်ပြားဟာ ကိုယ့်တိုင်းပြည် ရဲ့ ကောင်းကျိုးဆိုးကျိုး ကို ဖန်တီးနိုင်တယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကိုယ့်ရဲ့ မိသားစုပတ်ဝန်းကျင် ဆိုးကျိုးကောင်းကျိုးကို ဖန်တီးနိုင်တဲ့ အတွက်ကြောင့် အားလုံးမဲပေးကြဖို့လည်း ဝိုင်းဝန်းစည်းရုံးပေးကြဖို့ ကျွန်တော်တို့ လိုပါမယ်။ အဲ့တော့ မဲပေးတဲ့ အခါမှာ ဘာတွေ ကြည့်ရမလဲဆိုရင် ပါတီကိုလည်းကြည့်ဖို့ လိုသလို လူပုဂ္ဂိုလ်တွေကိုလည်းကြည့်ဖို့ လိုတယ်။ အဲ့တော့ လူသာ လျှင် ပဓာန ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်”ဟု ဦးသိန်းစိန်ကပြောဆိုခဲ့သည်။
ယနေ့ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုဌာနချုပ်တွင်ကျင်းပပြုလုပ်သည့် ၄ ကြိမ်မြောက် နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား ပြည်သူများမှ ဂါရဝပြုတွေ့ဆုံသည့် အခမ်းအနားတွင် ဦးသိန်းစိန်မှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ လူတော်လူကောင်းကို ရွေးချယ်ပေးနိုင်မှသာ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး အနာဂတ်များသည်လည်း လှပ သာယာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကိုယ့်တိုင်းပြည်အတွက် ကိုယ့်တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်အများစု ကိုးကွယ်သည့် သာသနာ အတွက် တိုင်းပြည်တာဝန်များကို ပင်ပန်းခက်ခဲစွာ ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက်လည်း ကာကွယ်စောင့်ရှောက်ကြဖို့လည်း မှာကြားပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်သ ည် တိုက်ပွဲများ၊အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ အနိုင်အထက်ပြုကျင့်မှုများ၊ ပြန်ပေးဆွဲမှု၊ ခိုးဆိုးလုယက်မှု၊ မုဒိမ်းမှု အစရှိသည် တို့များ ဖြစ်ပွားခဲ့မှုကြောင့် စိတ်မချမ်းသာစွာဖြင့် ဖြတ်ကျော်ခဲ့ရကြောင်း ၎င်း က ထောက်ပြပြောဆိုခဲ့သည်။
Image may contain: 36 people, people smiling, people sitting
Image may contain: 8 people, people smiling, people standing and crowd
Image may contain: 11 people, crowd
Image may contain: 18 people, crowd
Ref ; The Fifth Wave News
<zawgyi>
၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရာတွင် ပါတီကို ကြည့်ဖို့ လိုသလို လူပုဂ္ဂိုလ်လည်းကြည့်ဖို့ လိုအပ်ကြောင်း သမ္မတ(ငြိမ်း) သတိပေး
Monday, January 6, 2020

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲတစ်ပြားသည် တိုင်းပြည်ကောင်းကျိုးကို ဖန်တီး နိုင်သကဲ့သို့ ဒေသ၏ ပတ်ဝန်းကျင် ဆိုးကျိုးကောင်းကျိုးကိုလည်း ဖန်တီးစေနိုင်သည့် အတွက် မဲပေးရာတွင် ပါတီကိုလည်း ကြည့်ဖို့ လိုအပ်သလို လူပုဂ္ဂိုလ်ကိုလည်း ကြည့်ဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကပြောသည်။
“မဲတစ်ပြားဟာ ကိုယ့်တိုင်းပြည် ရဲ့ ကောင်းကျိုးဆိုးကျိုး ကို ဖန်တီးနိုင်တယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကိုယ့်ရဲ့ မိသားစု ပတ်ဝန်းကျင် ဆိုးကျိုးကောင်းကျိုးကို ဖန်တီးနိုင်တဲ့ အတွက်ကြောင့် အားလုံးမဲပေးကြဖို့လည်း ဝိုင်းဝန်းစည်းရုံးပေးကြဖို့ ကျွန်တော်တို့ လိုပါမယ်။ အဲ့တော့ မဲပေးတဲ့ အခါမှာ ဘာတွေ ကြည့်ရမလဲဆိုရင် ပါတီကိုလည်းကြည့်ဖို့ လိုသလို လူပုဂ္ဂိုလ်တွေကိုလည်းကြည့်ဖို့ လိုတယ်။ အဲ့တော့ လူသာ လျှင် ပဓာန ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်”ဟု ဦးသိန်းစိန်ကပြောဆိုခဲ့သည်။
ယနေ့ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုဌာနချုပ်တွင်ကျင်းပပြုလုပ်သည့် ၄ ကြိမ်မြောက် နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား ပြည်သူများမှ ဂါရဝပြုတွေ့ဆုံသည့် အခမ်းအနားတွင် ဦးသိန်းစိန်မှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ လူတော်လူကောင်းကို ရွေးချယ်ပေးနိုင်မှသာ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး အနာဂတ်များသည်လည်း လှပ သာယာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကိုယ့်တိုင်းပြည်အတွက် ကိုယ့်တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်အများစု ကိုးကွယ်သည့် သာသနာ အတွက် တိုင်းပြည်တာဝန်များကို ပင်ပန်းခက်ခဲစွာ ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက်လည်း ကာကွယ်စောင့်ရှောက်ကြဖို့လည်း မှာကြားပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်သ ည် တိုက်ပွဲများ၊အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ အနိုင်အထက်ပြုကျင့်မှုများ၊ ပြန်ပေးဆွဲမှု၊ ခိုးဆိုးလုယက်မှု၊ မုဒိမ်းမှု အစရှိသည် တို့များ ဖြစ်ပွားခဲ့မှုကြောင့် စိတ်မချမ်းသာစွာဖြင့် ဖြတ်ကျော်ခဲ့ရကြောင်း ၎င်း က ထောက်ပြပြောဆိုခဲ့သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment