Wednesday, January 15, 2020

အခြေခံပညာကျောင်းဆရာများ ငွေဝယ်ကျွန်မဟုတ်ဟု တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ဝင်ပြော

Image may contain: 5 people, people sitting and indoorImage may contain: 4 people, people sitting and indoor

အခြေခံပညာကျောင်းများမှကျောင်းဆရာများသည် ငွေဝယ်ကျွန်များမဟုတ်ကြောင်း တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ဝင် ဆရာသန်းထိုက်အောင်ကပြောသည်။
အခြေခံပညာကျောင်းပိတ်ရက်များကိုမတ်လတွင်းမပိတ်ဘဲထားရှိမည့်အပေါ်သတင်းစာရှင်းလင်းပွဲကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံးခန်းတွင် ဇန်နဝါရီလ ၁၄ ရက်ကကျင်းပရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ကျောင်းဆရာတွေအနေနဲ့ပြောချင်တာကတော့တစ်ခွန်းထဲပဲရှိတယ်။ ကျောင်းဆရာဆိုတာ ငွေဝယ်ကျွန်တွေမဟုတ်ပါဘူး။ ခိုင်းချင်သလိုခိုင်းမယ်။ ပိုက်ဆံပေးပြီးခိုင်းမယ်ဆိုတဲ့ဟာက စော်ကားလွန်းရာကျပါတယ်။ နိုင်ငံဝန်ထမ်းဥပဒေမှာကြည့်မယ်ဆိုလို့ရှိရင် ကျောင်းဆရာကို ၃ လခံစားခွင့်အရ ပေးထားတာဖြစ်ပါတယ်’’ ဟု တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ဝင် ဆရာသန်းထိုက်အောင်ကပြောသည်။
အခြေခံပညာကျောင်းများရှိအတန်းငယ်များ မတ်လတွင်ဆက်လက်ဖွင့်လှစ်ထားရှိမည်ဟု ပညာရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည့်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ်မှ ကန့်ကွက်ကြောင်းသဘောထားကြေညာချက်ထုတ်ပြန်ပြီးနောက် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
“ ဆရာတွေမှာအားလပ်ရက်ရှိတယ်။ ဒါဟာပညာရေးလိုအပ်ချက်အရ ပေးထားတာဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်ဆိုတာ ကျောင်းဆရာ(သို့မဟုတ်) ကျောင်းသား၊ကျောင်းသူတွေ Battery တစ်ခုလိုပဲ အားပြန်သွင်းရတဲ့သဘောပါပဲ။ နားချိန်ရှိမှသာပညာရေးဟာဖွံ့ဖြိုးတိုးတက်မှာပါ’’ ဟု ဆရာသန်းထိုက်အောင်က ထပ်မံပြောသည်။
မြန်မာနိုင်ငံ၌ အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော်၊ ဆရာ၊ဆရာမပေါင်း ၅ သိန်းနီးပါးရှိကြောင်း သိရသည်။
Source - AKonthi
<zawgyi>
အခြေခံပညာကျောင်းဆရာများ ငွေဝယ်ကျွန်မဟုတ်ဟု တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ဝင်ပြော
Thursday , January 16 , 2020

0 comments:

Post a Comment