Wednesday, January 15, 2020

ရန်ကုန်တိုင်း ဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည့် ငွေကျပ် သိန်းတစ်ထောင်မှာ အရေးပေါ် အခြေအနေများအတွက် အဆောင်ငွေအဖြစ် ကိုင်ဆောင်ထားခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန်ပြော

Image may contain: 1 person, standingImage may contain: 2 people, people sitting and indoor

ရန်ကုန်တိုင်း ဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည့် ငွေကျပ် သိန်းတစ်ထောင်မှာ အရေးပေါ် အခြေအနေများအတွက် အဆောင်ငွေအဖြစ် သုံးစွဲရန် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့တော်ခန်းမ၌ ယခုလ ၁၃ ရက်က ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ပြောသည်။

စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ပါရှိသော ရန်ကုန်တိုင်း ဝန်ကြီးချုပ် မသိဘဲ မြို့တော်ဝန်က ကျပ်သိန်း တစ်ထောင်ကို ကိုင်ဆောင်ထားသည်ဟု ဖေါ်ပြချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့မှာ ငွေသုံးစွဲခွင့် မရှိဘူး။ သို့သော်လည်း ဌာနအရ ကြိုတင်စရိတ်ကတော့ ရှိမယ်။ အဲ့ဒါကလည်း သူတို့က အရေးပေါ်အတွက်ဆို ပြင်ဆင်ရတာရှိတယ်။ အဲ့ဒီ့အတွက် ထားတာ။ ကျွန်တော်တို့မှာ အမှိုက်ကားတစ်ခု ပျက်သွားသည်ဖြစ်စေ ပြင်ဖို့အတွက် စာတင်တောင်းနေလို့ရှိရင် တစ်ရက်နှစ်ရက်လောက်ဆိုရင် ရန်ကုန်မြို့ရဲ့ အမှိုက်ကန်တွေဟာ တစ်နေ့ကို တန်၂၅၀၀ ကျော်လောက်ထွက်တယ်။ တစ်ရက် ပျက်လိုက်တာနဲ့ ခေါင်းထဲမှာ စဉ်းစားကြည့်၊ လုံး၀မရဘူး။ ဒါကြောင့် ကြိုတင်ငွေ ရံထားတာပါ။ ကျွန်တော့်သဘောကတော့ ရှင်းတယ်။ မြင်တောင်မမြင်ဖူးဘူး၊ ကိုင်လည်း မကိုင်ဖူးဘူး” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။
ယင်းငွေမှာ ကြိုတင်ငွေနှင့် ဆောင်ငွေနှင့် အသုံးနှုန်း မှားယွင်းနေခြင်းသာ ဖြစ်ပြီး အဆိုပါငွေမှာ ယခင်က ဌာနအနေဖြင့် ကြိုတင်ငွေ သဘောမျိုး ထုတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးချိုထွန်းအောင်က ဆက်လက် ပြောသည်။
“ဒီငွေ ပမာဏကို ကျွန်တော်တို့ ကြိုတင်ငွေ သဘောမျိုး ထားတာပါ။ ကျွန်တော်တို့ နေ့စဉ် မော်တော်ယာဉ်တွေကို ပြန်ပြင်နေရတဲ့ ငွေပမာဏက တစ်ပတ်၊ တစ်ပတ်ကို အသေးသုံးအနေနဲ့ ပြန်ပြင်နေရတာ အစီး ၅၀ လောက် ရှိပါတယ်။ မော်တော်ယာဉ် ဆိုတာကတော့ သန့်ရှင်းရေးမှာ သုံးနေတဲ့ မော်တော်ယာဉ်တွေ ဖြစ်ပါတယ်။ ဒီယာဉ်တွေက မပြင်လို့ မရဘူး။ အမှိုက်ကားတွေ ရပ်သွားတာနဲ့ ကျွန်တော်ဆီမှာ ပြဿနာတွေ ဖြစ်သွားနိုင်တယ်။ ဒါတွေသည် ရှေ့အစိုးရ အဆက်ဆက် လုပ်ခဲ့တာ။ အဲ့တော့ ဒီအစိုးရ လက်ထက်မှာ ကျွန်တော်တို့က ကြိုတင်ငွေ အနေနဲ့ တောင်းတဲ့အချိန်မှာ စာရင်းစစ်က ဘဏ္ဍာရေးစာရင်း ပုံစံအရ ကြိုတင်ငွေတော့ မရဘူး၊ ဆောင်ငွေအနေနဲ့ ပြန်ပြောင်းပေးပါ ဆိုပြီးတော့ ခေါင်းစဉ် အသုံးအနှုန်းကို ပြန်ပြောင်းပြီးတော့မှ လုပ်ခဲ့ပါတယ်။ အဲ့ဒီ့အတွက် စာရင်းစစ် အစီရင်ခံစာလည်း ကျွန်တော်တို့ ရှင်းလင်းပြီး ဖြစ်ပါတယ်” ဟု ဦးချိုထွန်းအောင်က ပြောဆိုသည်။
မြို့တော် စည်ပင်ဌာနတွင် အသုံးပြုနေသည့် မော်တော်ကား တစ်စီးကို ချက်ချင်း ပြင်နိုင်ရန်အတွက် အစိုးရ၏ လုပ်ထုံးလုပ်နည်းအရ ပြုလုပ်မည် ဆိုပါက အချိန် နှစ်ပတ်မှ သုံးပတ်အထိ အဆင့်ဆင့် အချိန်ကြာမြင့်မည် ဖြစ်သောကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည်ဟု ဆိုသည့် အဆိုပါ ငွေကျပ် သိန်းတစ်ထောင်မှာ အရေးပေါ် အခြေအနေများအတွက် အဆောင်ငွေအဖြစ် သုံးစွဲရန် ကိုင်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။
Source : EPN #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်တိုင်း ဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည့် ငွေကျပ် သိန်းတစ်ထောင်မှာ အရေးပေါ် အခြေအနေများအတွက် အဆောင်ငွေအဖြစ် ကိုင်ဆောင်ထားခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန်ပြော
Wednesday , January 15 , 2020

ရန်ကုန်တိုင်း ဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည့် ငွေကျပ် သိန်းတစ်ထောင်မှာ အရေးပေါ် အခြေအနေများအတွက် အဆောင်ငွေအဖြစ် သုံးစွဲရန် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့တော်ခန်းမ၌ ယခုလ ၁၃ ရက်က ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ပြောသည်။
စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ပါရှိသော ရန်ကုန်တိုင်း ဝန်ကြီးချုပ် မသိဘဲ မြို့တော်ဝန်က ကျပ်သိန်း တစ်ထောင်ကို ကိုင်ဆောင်ထားသည်ဟု ဖေါ်ပြချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့မှာ ငွေသုံးစွဲခွင့် မရှိဘူး။ သို့သော်လည်း ဌာနအရ ကြိုတင်စရိတ်ကတော့ ရှိမယ်။ အဲ့ဒါကလည်း သူတို့က အရေးပေါ်အတွက်ဆို ပြင်ဆင်ရတာရှိတယ်။ အဲ့ဒီ့အတွက် ထားတာ။ ကျွန်တော်တို့မှာ အမှိုက်ကားတစ်ခု ပျက်သွားသည်ဖြစ်စေ ပြင်ဖို့အတွက် စာတင်တောင်းနေလို့ရှိရင် တစ်ရက်နှစ်ရက်လောက်ဆိုရင် ရန်ကုန်မြို့ရဲ့ အမှိုက်ကန်တွေဟာ တစ်နေ့ကို တန်၂၅၀၀ ကျော်လောက်ထွက်တယ်။ တစ်ရက် ပျက်လိုက်တာနဲ့ ခေါင်းထဲမှာ စဉ်းစားကြည့်၊ လုံးဝမရဘူး။ ဒါကြောင့် ကြိုတင်ငွေ ရံထားတာပါ။ ကျွန်တော့်သဘောကတော့ ရှင်းတယ်။ မြင်တောင်မမြင်ဖူးဘူး၊ ကိုင်လည်း မကိုင်ဖူးဘူး” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။
ယင်းငွေမှာ ကြိုတင်ငွေနှင့် ဆောင်ငွေနှင့် အသုံးနှုန်း မှားယွင်းနေခြင်းသာ ဖြစ်ပြီး အဆိုပါငွေမှာ ယခင်က ဌာနအနေဖြင့် ကြိုတင်ငွေ သဘောမျိုး ထုတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးချိုထွန်းအောင်က ဆက်လက် ပြောသည်။
“ဒီငွေ ပမာဏကို ကျွန်တော်တို့ ကြိုတင်ငွေ သဘောမျိုး ထားတာပါ။ ကျွန်တော်တို့ နေ့စဉ် မော်တော်ယာဉ်တွေကို ပြန်ပြင်နေရတဲ့ ငွေပမာဏက တစ်ပတ်၊ တစ်ပတ်ကို အသေးသုံးအနေနဲ့ ပြန်ပြင်နေရတာ အစီး ၅၀ လောက် ရှိပါတယ်။ မော်တော်ယာဉ် ဆိုတာကတော့ သန့်ရှင်းရေးမှာ သုံးနေတဲ့ မော်တော်ယာဉ်တွေ ဖြစ်ပါတယ်။ ဒီယာဉ်တွေက မပြင်လို့ မရဘူး။ အမှိုက်ကားတွေ ရပ်သွားတာနဲ့ ကျွန်တော်ဆီမှာ ပြဿနာတွေ ဖြစ်သွားနိုင်တယ်။ ဒါတွေသည် ရှေ့အစိုးရ အဆက်ဆက် လုပ်ခဲ့တာ။ အဲ့တော့ ဒီအစိုးရ လက်ထက်မှာ ကျွန်တော်တို့က ကြိုတင်ငွေ အနေနဲ့ တောင်းတဲ့အချိန်မှာ စာရင်းစစ်က ဘဏ္ဍာရေးစာရင်း ပုံစံအရ ကြိုတင်ငွေတော့ မရဘူး၊ ဆောင်ငွေအနေနဲ့ ပြန်ပြောင်းပေးပါ ဆိုပြီးတော့ ခေါင်းစဉ် အသုံးအနှုန်းကို ပြန်ပြောင်းပြီးတော့မှ လုပ်ခဲ့ပါတယ်။ အဲ့ဒီ့အတွက် စာရင်းစစ် အစီရင်ခံစာလည်း ကျွန်တော်တို့ ရှင်းလင်းပြီး ဖြစ်ပါတယ်” ဟု ဦးချိုထွန်းအောင်က ပြောဆိုသည်။
မြို့တော် စည်ပင်ဌာနတွင် အသုံးပြုနေသည့် မော်တော်ကား တစ်စီးကို ချက်ချင်း ပြင်နိုင်ရန်အတွက် အစိုးရ၏ လုပ်ထုံးလုပ်နည်းအရ ပြုလုပ်မည် ဆိုပါက အချိန် နှစ်ပတ်မှ သုံးပတ်အထိ အဆင့်ဆင့် အချိန်ကြာမြင့်မည် ဖြစ်သောကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည်ဟု ဆိုသည့် အဆိုပါ ငွေကျပ် သိန်းတစ်ထောင်မှာ အရေးပေါ် အခြေအနေများအတွက် အဆောင်ငွေအဖြစ် သုံးစွဲရန် ကိုင်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။
Source : EPN #Myanmar_Online_News

0 comments:

Post a Comment