Thursday, January 23, 2020

အိုင်စီဂျေအမိန့်ချမှတ်မှုနှင့်ပတ်သက်၍ ဒီဇာတ်က ဆင်ထားတဲ့ဇာတ်ကြီးဖြစ်နေကြောင်း ပြောလာတဲ့ ဒေါက်တာနန္ဒာလှမြင့်


Image may contain: 1 person, standing
ကျနော်တို့နိုင်ငံအနေနဲ့ကတော့ နိုင်ငံတကာတရားရုံးတစ်ခုမှာ တရားစွဲဆိုခံရပြီဆိုကတည်းက ကောင်းတာ ဘာမှမရှိဘူး။ တစ်သက်လုံးက ကျနော်တို့က တရားစွဲခံခဲ့ရတာမဟုတ်ဘူး၊ ဒါ ဒီအချိန်မှာတရားစွဲဆိုခံရခြင်း သည် ကျနော်တို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ နိုင်ငံရဲ့ဂုဏ် သိက္ခာ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ နောက်တစ်ခါ တရာစွဲဆိုခံရတဲ့ အကြောင်းတရားကကျပြန် တော့လည်း လုပ်ကြံစွပ်စွဲထားတဲ့ တစ်ဘက်သတ်စွပ်စွဲချက်နဲ့ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ Facts Finding Mission ကို ကျနော်တို့က လက်မခံထားဘူး။
အစိုးရအနေနဲ့လည်း အသိအမှတ်ပြုမထားဘူး။ သို့သော် Facts Finding Mission ရဲ့ Report အပေါ်မှာ အခြေခံပြီးတော့ မမှန်မကန်လုပ်ကြံဖန်တီးထားတဲ့၊ စွပ်စွဲထားတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီးတော့ ကျနော်နိုင်ငံ တရားစွဲခံရတယ်၊ နောက်ပြီး ဒီလိုအမိန့်တွေ ချလာမယ်ဆို တာကိုလည်း ကျနော်တို့ကကြိုမြင်ပြီးသားဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဇာတ်က ဆင်ထားတဲ့ဇာတ် ကြီး ဖြစ်နေတာကိုး။
ဒါကိုတော့ ကျနော်တို့အနေနဲ့ လက်ခံစရာလည်းမလိုဘူး။ လက်ခံလို့လည်းမရဘူး။ သို့သော်လည်း ဖြစ်လာမှတော့ ရှောင်လွဲလို့မရရင် ရင်ဆိုင်ရမှာပေါ့။ သို့သော် ဒီနေရာမှာ ကျနော်တို့ သူ့ကြောင့်၊ ငါ့ကြောင့်၊ သူအသုံးမကျလို့၊ ငါအသုံးမကျလို့ ဆိုတာထက် နိုင်ငံသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဒီနိုင်ငံတကာဖိအားတွေကို တွန်းလှန်ရင်ဆိုင်သွားရမယ့် အချိန်ရောက်ပြီလို့ပဲ ကျနော်ပြောချင် ပါတယ်။
နောက်တစ်ခုကဒီကိစ္စဟာ ကျနော်တို့နိုင်ငံမှာမရှိတဲ့ လူမျိုးတစ်မျိုးကို၊ ရိုဟင်ဂျာဆိုပြီး သုံးနေတာကိုအရင်ဆုံး ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ အရေးယူခြင်း မယူခြင်းက ဒုတိယအဆင့်ပေါ့။ နိုင်ငံတကာတရားရုံးမှာ ရိုဟင်ဂျာဆိုပြီးသုံးနေတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ ဘာဖြစ် လို့လည်းဆိုတော့ ကျနော်တို့ရဲ့သမိုင်း ကြောင်းမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ဘူး။ မှတ်တမ်းမှတ်ရာတွေထဲမှာလည်း မရှိခဲ့ဘူး။ ခေတ်အဆက်ဆက် အင်္ဂလိပ်အစိုးရလက်ထက်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှတ်တမ်းတွေထဲမှာလည်း မရှိခဲ့ဘူး။
အဲဒီ မရှိတဲ့ရိုဟင်ဂျာဆိုတာကို “ရိုဟင်ဂျာ၊ ရိုဟင်ဂျာ” လို့ နှစ်ဘက်ရှေ့နေတွေကရော၊ တရားရုံးကရော ရိုဟင်ဂျာ ဆိုတဲ့နာမည်သုံးပြီး ဒီရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သတ်ဖြတ်ခံရမှုမဖြစ်အောင် ကြိုတင်တားဆီးပါဆိုတဲ့ ကြားဖြတ်အမိန့်ချမှတ်တဲ့ကိစ္စမှာ အဲဒီအမိန့်ကို လက်ခံခြင်း မခံခြင်းက ဒုတိယအဆင့်၊ လောလောဆယ် ရိုဟင်ဂျာမရှိဘူးဆိုတာကို အရင်ဆုံးပြတ်ပြတ်သားသားပြောရမယ်။ မဟုတ်ရင် အဲဒီရိုဟင်ဂျာလို့ သုံးရင်းသုံးရင်း နဲ့ ရိုဟင်ဂျာလူမျိုးစုရှိတယ် ဆိုတာကို ကျနော်တို့လက်ခံလိုက်ရလိမ့်မယ်။ ရိုဟင်ဂျာလူမျိုးစုကို တိုင်းရင်းသား အဖြစ် ရှိပါတယ်လို့လက်ခံလိုက်ရရင်၊ ကျနော်တို့နိုင်ငံက ဒီမရှိတဲ့တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်ရတာနဲ့ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ ရိုဟင်ဂျာလို့ခေါင်းစဉ်တပ်ထားတဲ့ ဘင်္ဂါလီတွေအကုန်လုံး ကျနော်တို့နိုင်ငံကို ပြန်ရောက်လာလိမ့်မယ်။
ကျနော်တို့နိုင်ငံက ဒီဟာကြီးကိုတာ၀န်ယူရလိမ့်မယ်။ ဒီအထုတ်ကြီးကိုတာ၀န်ယူရရင် ကျနော်တို့တိုင်းပြည်က တစ်ချိန်မှာ လူမျိုးပါပျောက်သွားလိမ့်မယ်။ ဒီဒဏ်ကို ကျနော်တို့နိုင်ငံခံရမယ်။ အမိန့်ချ ခြင်း မချခြင်းထက် လောလောဆယ် ရိုဟင်ဂျာမရှိဘူးဆိုတာကို ကျနော်တို့ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ ပြီးတော့ အမိန့်ချတာသည် တရားမျှတမှန်ကန်မှုမရှိလို့ ကျနော်တို့လိုက်နာစရာမလိုဘူး။ သူတို့စွပ်စွဲချက်သည် တရားမျှတ မှန်ကန်မှုမရှိဘူးဆိုတာကို ကမ္ဘာကသိအောင်လုပ်ရမယ်။ လူမျိုးစုလိုက်သုတ်သင်တယ်၊ Genocide လုပ်တယ်ဆိုတာကို ကျနော်တို့လုပ်တာမဟုတ်ဘူး။ ကျနော်တို့အစိုးရနဲ့၊ ကျနော်တို့တပ်မတော်က လုပ်တာ ဆိုလို့ရှိရင် ထွက်ပြေးစရာ ခုနစ်သိန်းတွေဘာတွေ တောင် ရှိမှာမဟုတ်ဘူး။ အကုန်လုံး အသတ်ခံနေရမှာ။
တကယ်တမ်းအသတ်ခံရတာက ကျနော်တို့နိုင်ငံသား မွတ်စလင်ဘာသာ၀င်တွေ၊ ကျနော်တို့နိုင်ငံသား ဟိန္ဒူဘာသာ၀င်တွေ ရာနဲ့ချီပြီးတော့ ယောက်ျားတွေကိုလိင်အင်္ဂါဖြတ်၊ မိန်းမတွေကိုရင်သားဖြတ်ပြီးတော့မှ မြေမြှုပ်ခဲ့တာကို ARSA အကြမ်းဖက်အဖွဲ့ကလုပ်ခဲ့တာလေ။ လူမျိုးတုံးသတ်ဖြတ်မှုကို ARSA အကြမ်းဖက်အဖွဲ့က သတ်ခဲ့တာလေ။ ဒီဖြစ်စဉ်အမှန်တွေကို ကမ္ဘာကသိအောင် ကျနော်တို့အစိုးရကရော၊ ကျနော်တို့နိုင်ငံ သားတွေကရော၊ မီဒီယာတွေကရော စုပေါင်းပြီး ‘ငါတို့ လုပ်တာမဟုတ်ဘူး။ ARSA ကလုပ်တာ။ ငါတို့အပေါ်မှာ မတရားစွပ်စွဲထားတာဖြစ်တယ်’ ဆိုပြီး ပြန်ချေဖျက်ရမယ်။ ‘ငါတို့နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး’ ဆိုတဲ့စကားကို ပြတ်ပြတ်သားသား ကျနော်တို့ပြောရမယ်။
အဲဒီလိုပဲ ကျနော်သုံးသပ်ချင်တယ်။ အဲဒီချမှတ်လိုက်တဲ့ ဆုံးဖြတ် ချက် လေးခုကို လက်ခံပြီးဆောင်ရွက်ပါမယ်လို့ ပြောလိုက်တာနဲ့ ကျနော်တို့က လူမျိုးတုံးသတ်ဖြတ်ပါတယ်လို့ ၀န်ခံသလိုဖြစ်သွားမယ်။ ရှင်းတယ် နော်။ ဒီအချက်လေးချက်ကို လိုက်နာဆောင်ရွက်ပါမယ်လို့ အစိုးရကလက်ခံ လိုက်မယ်ဆိုရင် ဒီလူမျိုးတုံးသတ်ဖြတ်တာကို ကျနော်တို့ ၀န်ခံပြီးသားဖြစ်သွားမယ်။ ကျနော်တို့က သတ်မှ မသတ်ခဲ့တာ၊ ဘာမှလက်ခံစရာမရှိဘူး။ ကျနော်ပြောချင်တာက။ ကျနော်တို့မသတ်ခဲ့ဘူး။ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ငန်းစဉ်တွေကို ကျနော်တို့မလုပ်ခဲ့ဘူး။ လုပ်တာက ARSA ကလုပ်ခဲ့တာ။ ARSA က ကျနော်တို့နိုင်ငံသား တွေကိုလုပ်တာ မပေါ်ဘူး၊ ဖော်ပြမယ့်သူ မရှိဘူး။ ကျနော်တို့မလုပ်တာကို လုပ်ပါတယ်လို့စွပ်စွဲတာကို သွားရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုအမိန့်ချလိုက်တာကို ကျနော်တို့အစိုးရသာ လက်ခံလိုက် နာကျင့်သုံးပါမယ်၊ လုပ်ပါမယ်လို့ ကတိက၀တ်ပေးလိုက်တာနဲ့ ကျနော်တို့သည် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းတာကို လက်ခံလိုက်သလိုဖြစ်မယ်။
တစ်အချက်က Genocide လုပ် တာကို လက်ခံလိုက်သလိုဖြစ်သွားမယ်။ နှစ်အချက်က မရှိတဲ့ရိုဟင်ဂျာတွေကို Genocide လုပ်ပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်ခံလိုက်ရသလို ရိုဟင်ဂျာလူမျိုးကိုလည်း လက်ခံ ပေးလိုက်ရမယ်။ ကျနော်တို့က ဒီဆုံးဖြတ်ချက်ဟာ လုံး၀တရားမျှတမှုမရှိဘူးဆိုတာကို ပြတ်ပြတ်သားသားငြင်းရမယ်။ လက်ခံဆောင်ရွက်လို့မရဘူး။
ကျနော်တို့က တစ်ချက်မှကို လက်ခံဆောင်ရွက်လို့မရဘူး။ လက်ခံဆောင်ရွက်လိုက်တာနဲ့ ကျနော်တို့ကကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်သလိုဖြစ်ပြီပဲ။
Credit- ဒေါက်တာနန္ဒာလှမြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ) #Myanmar_Online_News
>>Zawgyi<<

အိုင်စီဂျေအမိန့်ချမှတ်မှုနှင့်ပတ်သက်၍ ဒီဇာတ်က ဆင်ထားတဲ့ဇာတ်ကြီးဖြစ်နေကြောင်း ပြောလာတဲ့ ဒေါက်တာနန္ဒာလှမြင့်
Friday , January 24 , 2020

ကျနော်တို့နိုင်ငံအနေနဲ့ကတော့ နိုင်ငံတကာတရားရုံးတစ်ခုမှာ တရားစွဲဆိုခံရပြီဆိုကတည်းက ကောင်းတာ ဘာမှမရှိဘူး။ တစ်သက်လုံးက ကျနော်တို့က တရားစွဲခံခဲ့ရတာမဟုတ်ဘူး၊ ဒါ ဒီအချိန်မှာတရားစွဲဆိုခံရခြင်း သည် ကျနော်တို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ နိုင်ငံရဲ့ဂုဏ် သိက္ခာ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ နောက်တစ်ခါ တရာစွဲဆိုခံရတဲ့ အကြောင်းတရားကကျပြန် တော့လည်း လုပ်ကြံစွပ်စွဲထားတဲ့ တစ်ဘက်သတ်စွပ်စွဲချက်နဲ့ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ Facts Finding Mission ကို ကျနော်တို့က လက်မခံထားဘူး။

အစိုးရအနေနဲ့လည်း အသိအမှတ်ပြုမထားဘူး။ သို့သော် Facts Finding Mission ရဲ့ Report အပေါ်မှာ အခြေခံပြီးတော့ မမှန်မကန်လုပ်ကြံဖန်တီးထားတဲ့၊ စွပ်စွဲထားတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီးတော့ ကျနော်နိုင်ငံ တရားစွဲခံရတယ်၊ နောက်ပြီး ဒီလိုအမိန့်တွေ ချလာမယ်ဆို တာကိုလည်း ကျနော်တို့ကကြိုမြင်ပြီးသားဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဇာတ်က ဆင်ထားတဲ့ဇာတ် ကြီး ဖြစ်နေတာကိုး။
ဒါကိုတော့ ကျနော်တို့အနေနဲ့ လက်ခံစရာလည်းမလိုဘူး။ လက်ခံလို့လည်းမရဘူး။ သို့သော်လည်း ဖြစ်လာမှတော့ ရှောင်လွဲလို့မရရင် ရင်ဆိုင်ရမှာပေါ့။ သို့သော် ဒီနေရာမှာ ကျနော်တို့ သူ့ကြောင့်၊ ငါ့ကြောင့်၊ သူအသုံးမကျလို့၊ ငါအသုံးမကျလို့ ဆိုတာထက် နိုင်ငံသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဒီနိုင်ငံတကာဖိအားတွေကို တွန်းလှန်ရင်ဆိုင်သွားရမယ့် အချိန်ရောက်ပြီလို့ပဲ ကျနော်ပြောချင် ပါတယ်။

နောက်တစ်ခုကဒီကိစ္စဟာ ကျနော်တို့နိုင်ငံမှာမရှိတဲ့ လူမျိုးတစ်မျိုးကို၊ ရိုဟင်ဂျာဆိုပြီး သုံးနေတာကိုအရင်ဆုံး ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ အရေးယူခြင်း မယူခြင်းက ဒုတိယအဆင့်ပေါ့။ နိုင်ငံတကာတရားရုံးမှာ ရိုဟင်ဂျာဆိုပြီးသုံးနေတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ ဘာဖြစ် လို့လည်းဆိုတော့ ကျနော်တို့ရဲ့သမိုင်း ကြောင်းမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ဘူး။ မှတ်တမ်းမှတ်ရာတွေထဲမှာလည်း မရှိခဲ့ဘူး။ ခေတ်အဆက်ဆက် အင်္ဂလိပ်အစိုးရလက်ထက်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှတ်တမ်းတွေထဲမှာလည်း မရှိခဲ့ဘူး။

အဲဒီ မရှိတဲ့ရိုဟင်ဂျာဆိုတာကို “ရိုဟင်ဂျာ၊ ရိုဟင်ဂျာ” လို့ နှစ်ဘက်ရှေ့နေတွေကရော၊ တရားရုံးကရော ရိုဟင်ဂျာ ဆိုတဲ့နာမည်သုံးပြီး ဒီရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သတ်ဖြတ်ခံရမှုမဖြစ်အောင် ကြိုတင်တားဆီးပါဆိုတဲ့ ကြားဖြတ်အမိန့်ချမှတ်တဲ့ကိစ္စမှာ အဲဒီအမိန့်ကို လက်ခံခြင်း မခံခြင်းက ဒုတိယအဆင့်၊ လောလောဆယ် ရိုဟင်ဂျာမရှိဘူးဆိုတာကို အရင်ဆုံးပြတ်ပြတ်သားသားပြောရမယ်။ မဟုတ်ရင် အဲဒီရိုဟင်ဂျာလို့ သုံးရင်းသုံးရင်း နဲ့ ရိုဟင်ဂျာလူမျိုးစုရှိတယ် ဆိုတာကို ကျနော်တို့လက်ခံလိုက်ရလိမ့်မယ်။ ရိုဟင်ဂျာလူမျိုးစုကို တိုင်းရင်းသား အဖြစ် ရှိပါတယ်လို့လက်ခံလိုက်ရရင်၊ ကျနော်တို့နိုင်ငံက ဒီမရှိတဲ့တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်ရတာနဲ့ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ ရိုဟင်ဂျာလို့ခေါင်းစဉ်တပ်ထားတဲ့ ဘင်္ဂါလီတွေအကုန်လုံး ကျနော်တို့နိုင်ငံကို ပြန်ရောက်လာလိမ့်မယ်။

ကျနော်တို့နိုင်ငံက ဒီဟာကြီးကိုတာဝန်ယူရလိမ့်မယ်။ ဒီအထုတ်ကြီးကိုတာဝန်ယူရရင် ကျနော်တို့တိုင်းပြည်က တစ်ချိန်မှာ လူမျိုးပါပျောက်သွားလိမ့်မယ်။ ဒီဒဏ်ကို ကျနော်တို့နိုင်ငံခံရမယ်။ အမိန့်ချ ခြင်း မချခြင်းထက် လောလောဆယ် ရိုဟင်ဂျာမရှိဘူးဆိုတာကို ကျနော်တို့ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ ပြီးတော့ အမိန့်ချတာသည် တရားမျှတမှန်ကန်မှုမရှိလို့ ကျနော်တို့လိုက်နာစရာမလိုဘူး။ သူတို့စွပ်စွဲချက်သည် တရားမျှတ မှန်ကန်မှုမရှိဘူးဆိုတာကို ကမ္ဘာကသိအောင်လုပ်ရမယ်။ လူမျိုးစုလိုက်သုတ်သင်တယ်၊ Genocide လုပ်တယ်ဆိုတာကို ကျနော်တို့လုပ်တာမဟုတ်ဘူး။ ကျနော်တို့အစိုးရနဲ့၊ ကျနော်တို့တပ်မတော်က လုပ်တာ ဆိုလို့ရှိရင် ထွက်ပြေးစရာ ခုနစ်သိန်းတွေဘာတွေ တောင် ရှိမှာမဟုတ်ဘူး။ အကုန်လုံး အသတ်ခံနေရမှာ။

တကယ်တမ်းအသတ်ခံရတာက ကျနော်တို့နိုင်ငံသား မွတ်စလင်ဘာသာဝင်တွေ၊ ကျနော်တို့နိုင်ငံသား ဟိန္ဒူဘာသာဝင်တွေ ရာနဲ့ချီပြီးတော့ ယောက်ျားတွေကိုလိင်အင်္ဂါဖြတ်၊ မိန်းမတွေကိုရင်သားဖြတ်ပြီးတော့မှ မြေမြှုပ်ခဲ့တာကို ARSA အကြမ်းဖက်အဖွဲ့ကလုပ်ခဲ့တာလေ။ လူမျိုးတုံးသတ်ဖြတ်မှုကို ARSA အကြမ်းဖက်အဖွဲ့က သတ်ခဲ့တာလေ။ ဒီဖြစ်စဉ်အမှန်တွေကို ကမ္ဘာကသိအောင် ကျနော်တို့အစိုးရကရော၊ ကျနော်တို့နိုင်ငံ သားတွေကရော၊ မီဒီယာတွေကရော စုပေါင်းပြီး ‘ငါတို့ လုပ်တာမဟုတ်ဘူး။ ARSA ကလုပ်တာ။ ငါတို့အပေါ်မှာ မတရားစွပ်စွဲထားတာဖြစ်တယ်’ ဆိုပြီး ပြန်ချေဖျက်ရမယ်။ ‘ငါတို့နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး’ ဆိုတဲ့စကားကို ပြတ်ပြတ်သားသား ကျနော်တို့ပြောရမယ်။

အဲဒီလိုပဲ ကျနော်သုံးသပ်ချင်တယ်။ အဲဒီချမှတ်လိုက်တဲ့ ဆုံးဖြတ် ချက် လေးခုကို လက်ခံပြီးဆောင်ရွက်ပါမယ်လို့ ပြောလိုက်တာနဲ့ ကျနော်တို့က လူမျိုးတုံးသတ်ဖြတ်ပါတယ်လို့ ဝန်ခံသလိုဖြစ်သွားမယ်။ ရှင်းတယ် နော်။ ဒီအချက်လေးချက်ကို လိုက်နာဆောင်ရွက်ပါမယ်လို့ အစိုးရကလက်ခံ လိုက်မယ်ဆိုရင် ဒီလူမျိုးတုံးသတ်ဖြတ်တာကို ကျနော်တို့ ဝန်ခံပြီးသားဖြစ်သွားမယ်။ ကျနော်တို့က သတ်မှ မသတ်ခဲ့တာ၊ ဘာမှလက်ခံစရာမရှိဘူး။ ကျနော်ပြောချင်တာက။ ကျနော်တို့မသတ်ခဲ့ဘူး။ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ငန်းစဉ်တွေကို ကျနော်တို့မလုပ်ခဲ့ဘူး။ လုပ်တာက ARSA ကလုပ်ခဲ့တာ။ ARSA က ကျနော်တို့နိုင်ငံသား တွေကိုလုပ်တာ မပေါ်ဘူး၊ ဖော်ပြမယ့်သူ မရှိဘူး။ ကျနော်တို့မလုပ်တာကို လုပ်ပါတယ်လို့စွပ်စွဲတာကို သွားရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုအမိန့်ချလိုက်တာကို ကျနော်တို့အစိုးရသာ လက်ခံလိုက် နာကျင့်သုံးပါမယ်၊ လုပ်ပါမယ်လို့ ကတိကဝတ်ပေးလိုက်တာနဲ့ ကျနော်တို့သည် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းတာကို လက်ခံလိုက်သလိုဖြစ်မယ်။

တစ်အချက်က Genocide လုပ် တာကို လက်ခံလိုက်သလိုဖြစ်သွားမယ်။ နှစ်အချက်က မရှိတဲ့ရိုဟင်ဂျာတွေကို Genocide လုပ်ပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်ခံလိုက်ရသလို ရိုဟင်ဂျာလူမျိုးကိုလည်း လက်ခံ ပေးလိုက်ရမယ်။ ကျနော်တို့က ဒီဆုံးဖြတ်ချက်ဟာ လုံးဝတရားမျှတမှုမရှိဘူးဆိုတာကို ပြတ်ပြတ်သားသားငြင်းရမယ်။ လက်ခံဆောင်ရွက်လို့မရဘူး။

ကျနော်တို့က တစ်ချက်မှကို လက်ခံဆောင်ရွက်လို့မရဘူး။ လက်ခံဆောင်ရွက်လိုက်တာနဲ့ ကျနော်တို့က
ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်သလိုဖြစ္ၿပီပဲ။
Credit- ဒေါက်တာနန္ဒာလှမြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ) #Myanmar_Online_News

0 comments:

Post a Comment