Tuesday, January 14, 2020

ဝါးခယ်မမြို့တွင် ဒီနေ့ည တရားဟောကြားမည့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအား မြို့သူမြို့သားများ က ကြိုဆိုဖူးမြော်

Image may contain: 16 people, people smiling, people sitting, crowd and outdoor

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အ.ထ.က (၁) ကျောင်းရှေ့၊ မြို့မ ဘောလုံးကွင်းအတွင်း ယနေ့ည ၇ နာရီ၌ ကျင်းပပြုလုပ်သွားမည့် ဓမ္မပူဇာတရားပွဲတွင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဘက်ရွှေကျင်သာသနာပိုင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသမှ တရားတော်မြတ်များ ဟောကြားတော်မူမည်ဖြစ်ရာ နံနက် ၉ နာရီခွဲက အိမ်မဲ မြို့နယ်မှတစ်ဆင့် ဝါးခယ်မမြို့နယ်သို့ ကြွချီတော်မူလာကြောင်း သိရှိရသည်။

ဝါးခယ်မမြို့နယ် ကျုံစိန်ကျေးရွာအုပ်စု ယာယီ ယာဉ်ရပ်နားရာနေရာမှတစ်ဆင့် ဆရာတော် အနားယူ သီတင်း သုံးမည့် AKD Hotel သို့ ကြွချီရာ လမ်းတစ်လျှောက်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့သူ မြို့သားများက ဆရာတော်ကြီးအား ကြိုဆိုဖူးမြော်ခဲ့ကြကြောင်း သိရှိရသည်။
Source- MOI #Myanmar_Online_News

<zawgyi>
ဝါးခယ်မမြို့တွင် ဒီနေ့ည တရားဟောကြားမည့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအား မြို့သူမြို့သားများ က ကြိုဆိုဖူးမြော်
Tuesday , January 14 , 2020

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အ.ထ.က (၁) ကျောင်းရှေ့၊ မြို့မ ဘောလုံးကွင်းအတွင်း ယနေ့ည ၇ နာရီ၌ ကျင်းပပြုလုပ်သွားမည့် ဓမ္မပူဇာတရားပွဲတွင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဘက်ရွှေကျင်သာသနာပိုင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသမှ တရားတော်မြတ်များ ဟောကြားတော်မူမည်ဖြစ်ရာ နံနက် ၉ နာရီခွဲက အိမ်မဲ မြို့နယ်မှတစ်ဆင့် ဝါးခယ်မမြို့နယ်သို့ ကြွချီတော်မူလာကြောင်း သိရှိရသည်။
ဝါးခယ်မမြို့နယ် ကျုံစိန်ကျေးရွာအုပ်စု ယာယီ ယာဉ်ရပ်နားရာနေရာမှတစ်ဆင့် ဆရာတော် အနားယူ သီတင်း သုံးမည့် AKD Hotel သို့ ကြွချီရာ လမ်းတစ်လျှောက်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့သူ မြို့သားများက ဆရာတော်ကြီးအား ကြိုဆိုဖူးမြော်ခဲ့ကြကြောင်း သိရှိရသည်။
Source- MOI #Myanmar_Online_News

0 comments:

Post a Comment