Tuesday, January 14, 2020

ကနီသစ်တောကြိုးဝိုင်းတွင် တောင်သူတစ်ဦး ကျားကိုက်ခံရပြီး ဒဏ်ရာများရရှိ

Image may contain: one or more people

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် ညောင်ပင်လယ် ရွာအနီး သစ်တောကြိုးဝိုင်းတွင် တောင်သူတစ်ဦး ယမန်နေ့ ညနေ ၃ နာရီခန့်က ပဲတီစိမ်းရိတ်သိမ်းပြီးအပြန် ကျားနှင့်ရင်ဆိုင်တိုး၍ လုံးထွေးသတ်ပုတ်စဉ် ကိုက်ခံရခြင်းဖြစ်ပြီး မုံရွာဆေးရုံတွင် တက်ရောက်ကုသခံနေရကြောင်း သိရှိရသည်။

" ခွေးတွေ ဝိုင်းဟောင်နေလို့ ဘာပါလိမ့် ဆိုပြီး သွားကြည့်တာ။ ကျားက ကျွန်တော့်ဆီ ပြေးလာပြီး ခုန်အုပ်တာ။ လက်ထဲ ပါလာတဲ့ ဓားနဲ့ ထိုးလိုက်တာ။ ဗိုက်ထိုးမိတယ်။သူလဲ သုံးချက်လောက် ထိသွားတယ်။ပြီးတော့ ထွက်ပြေးသွားတာ။ ဖြစ်တဲ့အချိန်ကတော့ ခဏလေးပါပဲ"ဟု အကိုက်ခံရသူ ယင်းမာပင်မြို့နယ် ကွမ်းဆပ်ရွာနေ အသက် ၄၅ နှစ်အရွယ် တောင်သူက ပြောသည်။
၎င်းတွင် ဦးခေါင်းဒဏ်ရာ ၂ ပေါက်၊ ဘယ်ဘက် လက်မောင်းရင်းတွင် ၃ပေါက်၊ ဘယ် လက်ကောက်ဝတ်နားတွင် ၄ ပေါက် ဒဏ်ရာရပြီး ၁၉ ချက် ချုပ်ခဲ့ရသည်။ ကနီသစ်တော ကြိုးဝိုင်းသည် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းနှင့် တစပ်တည်း တည်ရှိသည်။
Source- အိအိမွန် #Myanmar_Online_News

<zawgyi>
ကနီသစ်တောကြိုးဝိုင်းတွင် တောင်သူတစ်ဦး ကျားကိုက်ခံရပြီး ဒဏ်ရာများရရှိ
Tuesday , January 14 , 2020

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် ညောင်ပင်လယ် ရွာအနီး သစ်တောကြိုးဝိုင်းတွင် တောင်သူတစ်ဦး ယမန်နေ့ ညနေ ၃ နာရီခန့်က ပဲတီစိမ်းရိတ်သိမ်းပြီးအပြန် ကျားနှင့်ရင်ဆိုင်တိုး၍ လုံးထွေးသတ်ပုတ်စဉ် ကိုက်ခံရခြင်းဖြစ်ပြီး မုံရွာဆေးရုံတွင် တက်ရောက်ကုသခံနေရကြောင်း သိရှိရသည်။
" ခွေးတွေ ဝိုင်းဟောင်နေလို့ ဘာပါလိမ့် ဆိုပြီး သွားကြည့်တာ။ ကျားက ကျွန်တော့်ဆီ ပြေးလာပြီး ခုန်အုပ်တာ။ လက်ထဲ ပါလာတဲ့ ဓားနဲ့ ထိုးလိုက်တာ။ ဗိုက်ထိုးမိတယ်။သူလဲ သုံးချက်လောက် ထိသွားတယ်။ပြီးတော့ ထွက်ပြေးသွားတာ။ ဖြစ်တဲ့အချိန်ကတော့ ခဏလေးပါပဲ"ဟု အကိုက်ခံရသူ ယင်းမာပင်မြို့နယ် ကွမ်းဆပ်ရွာနေ အသက် ၄၅ နှစ်အရွယ် တောင်သူက ပြောသည်။
၎င်းတွင် ဦးခေါင်းဒဏ်ရာ ၂ ပေါက်၊ ဘယ်ဘက် လက်မောင်းရင်းတွင် ၃ပေါက်၊ ဘယ် လက်ကောက်ဝတ်နားတွင် ၄ ပေါက် ဒဏ်ရာရပြီး ၁၉ ချက် ချုပ်ခဲ့ရသည်။ ကနီသစ်တော ကြိုးဝိုင်းသည် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းနှင့် တစပ်တည်း တည်ရှိသည်။
Source- အိအိမွန် #Myanmar_Online_News

0 comments:

Post a Comment