Wednesday, January 15, 2020

စပိန်နိုင်ငံ ထာရာဂိုနာမြို့တွင် ကယ်မီကယ်စက်ရုံပေါက်ကွဲမှုဖြစ် ၊ ၁ ဦးသေဆုံး ၊ ၁ ဦးပျောက်ဆုံး ၊ ၈ ဦးဒဏ်ရာရရှိ

Image may contain: night, fire and outdoor

ဇန်နဝါရီလ ၁၄ ရက်နေ့ ဒေသစံတော်ချိန် ၁၈:၄၀ မိနစ် ( မြန်မာစံတော်ချိန် ၀၀:၁၀ ) တွင် စပိန်နိုင်ငံ Catalonia မြို့တော်ရဲ့တောင်ဘက် ၁၀၆.၄ ကီလိုမီတာအကွာ Tarragona မြို့နယ်မှာရှိတဲ့ Petrochemical IQOXE ရေနံသန့်စင်ချက်ကယ်မီကယ်စက်ရုံကြီးတစ်ခုမတော်တဆပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး ၈ ဦး မီးလောင်ဒဏ်ရာရကာ တစ် ဦးမှာပျောက်ဆုံးနေကြောင်းအင်တာနက်သတင်းများအရသိရသည် ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တစ်ချိန်တည်းမှာဘဲ Catalonia မြို့ရဲ့မြို့ပြကာကွယ်အုပ်ချုပ်ရေးအဖွဲ့မှအချက်ပေးစနစ်ဖြင့် Tarragona မြို့ရှိပြည်သူများအားလုံး ရှိသမျှပြူတင်းတံခါးပိတ်ထားကြရန်နှင့်နေအိမ်အပြင်ဘက်ငို့မထွက်ကြရန်သတိပေးနှိုးဆော်ခဲ့သည် ။
စပိန်ဝန်ကြီးချုပ် Pedro Sanchez ကတော့ သက်ဆိုင်ရာမှတာဝန်ရှိသူတွေများကို အများပြည်သူအတွက်လိုအပ်သည့်အခက်အခဲများအားလိုအပ်သလို အမြန်ဆုံးကူညီဆောင်ရွက်ပေးရန်တိုက်တွန်းထားကြောင်းနှင့်ဓါတုစက်ရုံပေါက်ကွဲမှုအကြောင်းရင်းကိုတော့စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသတင်းရရှိပါသည် ။
Photo : AP David Oliete #Myanmar_Online_News
<<Zawgyi>>
စပိန်နိုင်ငံ ထာရာဂိုနာမြို့တွင် ကယ်မီကယ်စက်ရုံပေါက်ကွဲမှုဖြစ် ၊ ၁ ဦးသေဆုံး ၊ ၁ ဦးပျောက်ဆုံး ၊ ၈ ဦးဒဏ်ရာရရှိ
Wednesday , January 15 , 2020

ဇန်နဝါရီလ ၁၄ ရက်နေ့ ဒေသစံတော်ချိန် ၁၈:၄၀ မိနစ် ( မြန်မာစံတော်ချိန် ၀၀:၁၀ ) တွင် စပိန်နိုင်ငံ Catalonia မြို့တော်ရဲ့တောင်ဘက် ၁၀၆.၄ ကီလိုမီတာအကွာ Tarragona မြို့နယ်မှာရှိတဲ့ Petrochemical IQOXE ရေနံသန့်စင်ချက်ကယ်မီကယ်စက်ရုံကြီးတစ်ခုမတော်တဆပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး ၈ ဦး မီးလောင်ဒဏ်ရာရကာ တစ် ဦးမှာပျောက်ဆုံးနေကြောင်းအင်တာနက်သတင်းများအရသိရသည် ။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တစ်ချိန်တည်းမှာဘဲ Catalonia မြို့ရဲ့မြို့ပြကာကွယ်အုပ်ချုပ်ရေးအဖွဲ့မှအချက်ပေးစနစ်ဖြင့် Tarragona မြို့ရှိပြည်သူများအားလုံး ရှိသမျှပြူတင်းတံခါးပိတ်ထားကြရန်နှင့်နေအိမ်အပြင်ဘက်ငို့မထွက်ကြရန်သတိပေးနှိုးဆော်ခဲ့သည် ။
စပိန်ဝန်ကြီးချုပ် Pedro Sanchez ကတော့ သက်ဆိုင်ရာမှတာဝန်ရှိသူတွေများကို အများပြည်သူအတွက်လိုအပ်သည့်အခက်အခဲများအားလိုအပ်သလို အမြန်ဆုံးကူညီဆောင်ရွက်ပေးရန်တိုက်တွန်းထားကြောင်းနှင့်ဓါတုစက်ရုံပေါက်ကွဲမှုအကြောင်းရင်းကိုတော့စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသတင်းရရှိပါသည် ။
Photo : AP David Oliete #Myanmar_Online_News

0 comments:

Post a Comment