Wednesday, January 15, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဟိုပန်မြို့နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ဘားအံမြို့နယ် ၊ ကော့သောင်းမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့တွင်လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: 1 person, sitting

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု
ဇန်နဝါရီလ ၁၄ ရက်နေ့ ဝ၈၃ဝ အချိန်တွင် ဟိုပန်မြို့နယ်၊ ပန်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်နေ ကျုံချီး ၂၃ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၈၃၉၂ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၂၅.၈၈ သိန်း)၊ ကော်ဘူးဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၆၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၇.၂ သိန်း)နှင့် မြန်မာငွေ ၂၁၉ဝဝဝဝ ကျပ်တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပန်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
ဇန်နဝါရီလ ၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေး နေစဉ် မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ကြာအင်းဆိပ်ကြီးမြို့၊ ချောင်းဝကျေးရွာနေ မင်းကြည် ၄၃ နှစ် စီးနင်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ေဆာင် လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၄၉၄ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁၈၉.၈၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကော့ကရိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိမှု
ဇန်နဝါရီလ ၁၃ ရက်နေ့ ၁၈၃၀ အချိန်တွင် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ ဝင်းပုတ်ကျေးရွာဘောလုံးကွင်းသို့ မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသူ ဘားအံမြို့နယ်၊ ရွှေတောကျေးရွာနေ ဝင်းဗိုလ် ၃၇ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလက်အတွင်းနှင့် မော်တော်ယာဉ် အတွင်းတို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၁၇ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၇၂.၅၁ သိန်း)၊ မြန်မာငွေ ၂၀၀၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ သေနတ် ၂ လက်နှင့် ကျည် ၁၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကော့သောင်းမြို့နယ်တွင် ICE များ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကော့သောင်းမြို့နယ် တွင် ICE များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ၁၅၀၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ မြင့်ဇော်နှင့် အစ်ကိုဖြစ်သူ အင်ကို ၅၃ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် အင်ကို အားတွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ICE အလေးချိန် ၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၅၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် လက်လုပ် လေသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

သပိတ်ကျင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
သပိတ်ကျင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ၂၀၁၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သပိတ်ကျင်းမြို့နယ်၊ မိုးမိတ်-တွင်းငယ် သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုးမိတ်ဘက်မှ တွင်းငယ်ဘက်သို့ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံး ကျေးရွာအုပ်စုနေသူများဖြစ်ကြသည့် ဖိုးပိုက် ၁၉ နှစ်မောင်းနှင်ပြီး တင့်နိုင်ဦး(ခ)သားသားဦး ၂၃ နှစ် စီးနင်းလိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဖိုးပိုက်လွယ်ထားသောလွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၄၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သပိတ်ကျင်းမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: one or more people and car
Image may contain: 1 person, sitting and car
Image may contain: one or more people, text that says 'အင်ကို နှင့် သက်သေခံပစ္စည်းများ'
Image may contain: 1 person, sitting and table

Source : CCDAC Myanmar_Online_News #Myanmar_Online_News
<<Zawgyi>>
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဟိုပန်မြို့နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ဘားအံမြို့နယ် ၊ ကော့သောင်းမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့တွင်လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Wednesday , January 15 , 2020

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု
ဇန်နဝါရီလ ၁၄ ရက်နေ့ ဝ၈၃ဝ အချိန်တွင် ဟိုပန်မြို့နယ်၊ ပန်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်နေ ကျုံချီး ၂၃ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၈၃၉၂ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၂၅.၈၈ သိန်း)၊ ကော်ဘူးဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၆၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၇.၂ သိန်း)နှင့် မြန်မာငွေ ၂၁၉ဝဝဝဝ ကျပ်တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပန်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
ဇန်နဝါရီလ ၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေး နေစဉ် မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ကြာအင်းဆိပ်ကြီးမြို့၊ ချောင်းဝကျေးရွာနေ မင်းကြည် ၄၃ နှစ် စီးနင်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင် လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၄၉၄ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁၈၉.၈၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကော့ကရိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိမှု
ဇန်နဝါရီလ ၁၃ ရက်နေ့ ၁၈၃၀ အချိန်တွင် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ ဝင်းပုတ်ကျေးရွာဘောလုံးကွင်းသို့ မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသူ ဘားအံမြို့နယ်၊ ရွှေတောကျေးရွာနေ ဝင်းဗိုလ် ၃၇ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလက်အတွင်းနှင့် မော်တော်ယာဉ် အတွင်းတို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၁၇ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၇၂.၅၁ သိန်း)၊ မြန်မာငွေ ၂၀၀၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ သေနတ် ၂ လက်နှင့် ကျည် ၁၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကော့သောင်းမြို့နယ်တွင် ICE များ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကော့သောင်းမြို့နယ် တွင် ICE များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ၁၅၀၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ မြင့်ဇော်နှင့် အစ်ကိုဖြစ်သူ အင်ကို ၅၃ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် အင်ကို အားတွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ICE အလေးချိန် ၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၅၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် လက်လုပ် လေသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

သပိတ်ကျင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
သပိတ်ကျင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ၂၀၁၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သပိတ်ကျင်းမြို့နယ်၊ မိုးမိတ်-တွင်းငယ် သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုးမိတ်ဘက်မှ တွင်းငယ်ဘက်သို့ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံး ကျေးရွာအုပ်စုနေသူများဖြစ်ကြသည့် ဖိုးပိုက် ၁၉ နှစ်မောင်းနှင်ပြီး တင့်နိုင်ဦး(ခ)သားသားဦး ၂၃ နှစ် စီးနင်းလိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဖိုးပိုက်လွယ်ထားသောလွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၄၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သပိတ်ကျင်းမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Source : CCDAC Myanmar_Online_News #Myanmar_Online_News

0 comments:

Post a Comment