Monday, January 20, 2020

AA အဖွဲ့ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူ ၈ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

Image may contain: outdoor and text

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ AA သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူ ၈ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဒေါ်အေးညွန့် အပါအဝင် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၅ ဦးတို့သည် ဇန်နဝါရီ ၁၉ ရက်နေ့လယ် ၁၁ နာရီခွဲခန့်တွင် တောထဲသို့ ထင်းခုတ်ရန်သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက်မီတာ ၆၀၀ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၈ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မိုင်းထိလူနာများအား မြောက်ဦးမြို့‌စေတနာရှင် နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်း ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများက သတ်ဖြတ်ခဲ့သော ပြည်သူ ၂၉ ဦးရှိပြီး AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၄ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

<zawgyi>
AA အဖွဲ့ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူ ၈ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ
Monday , January 20 , 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ AA သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူ ၈ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဒေါ်အေးညွန့် အပါအဝင် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၅ ဦးတို့သည် ဇန်နဝါရီ ၁၉ ရက်နေ့လယ် ၁၁ နာရီခွဲခန့်တွင် တောထဲသို့ ထင်းခုတ်ရန်သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက်မီတာ ၆၀၀ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၈ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မိုင်းထိလူနာများအား မြောက်ဦးမြို့‌စေတနာရှင် နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်း ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများက သတ်ဖြတ်ခဲ့သော ပြည်သူ ၂၉ ဦးရှိပြီး AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၄ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News

0 comments:

Post a Comment