Thursday, January 2, 2020

ရသေ့တောင်မြို့တွင်ဝန်ထမ်း(၆၀)ဦး၏လစာများအား AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ လုယက်ကာ ရဲနှစ်ဦးကို ဖမ်းခေါ်သွားကြောင်း သိရ

Image may contain: outdoor
ယနေ့ နံနက်ပိုင်းက သဇင်မြိုင်ကျေးရွာ ရဲစခန်းမှ ရဲဝန်ထမ်း ၄ ဦးသည် စေတီပြင်ကျေးရွာ နယ်ခြားစခန်းမှ လစာထုတ်ပြီး ဆိုင်ကယ်ဖြင့်အပြန်တွင် သဇင်မြိုင်ကျေးရွာနှင့် ၄ ဖာလုံ ခန့်ဝေးသည့် တောင်ပေါက်အနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မနက် ၆ နာရီကျော်လောက်မှာ သဇင်မြိုင်ရဲစခန်းကနေပြီးတော့ ဆိုင်ကယ် ၂ စီးနဲ့ ရဲသား ၄ ယောက် ထွက်သွားတယ်။ လခထုတ်ဖို့ စေတီပြင်ကို။ အဲဒါအပြန်မှာ ဖြစ်တယ်လို့သိရတယ်။ အပြန်မှာဆိုတော့ ငါတို့နေတဲ့ ရွာနဲ့တော့ အကွာအဝေး ၃ ဖာလုံ ၄ ဖာလုံလောက်ရှိမယ်ထင်တယ်။ တောင်ပေါက်နားမှာ ဖြစ်ကြတယ်လို့ ကြားပါတယ်။ ဖြစ်နေတဲ့အချိန်လည်း ကျနော်တို့ကမကြားလိုက်။ အနီးအနားပတ်ဝန်းကျင်ရွာတွေက မေးပြီးမှ အတိအကျသိတာပါ ” ဟု သဇင်မြိုင်ကျေးရွာသားတစ်ဦးက ပြောသည်။
ဒေသခံအစိုးရဝန်ထမ်းများ၏ လစာများ လာရောက်ထုတ်ယူသည့် ရဲဝန်ထမ်းလေးဦးကို AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ လူတစ်စုက ကြားဖြတ်ကာ လစာများလုယူပြီး ရဲနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ရသေ့တောင်မြို့နယ်အတွင်း ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း သိ၇သည်။
ချပ်ပြင်ကျေးရွာ 'သဇင်' နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲဝန်ထမ်းသုံးဦးတို့သည် မိုင် ၅၀ ခန့်အကွာရှိ စေတီပြင် နယ်ခြားစောင့်ရဲစခန်းသို့ ဝန်ထမ်းလစာများ လာရောက်ထုတ်ပြီးနောက် အပြန်လမ်းတွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ယနေ့ မွန်းလွဲ ၁ နာရီခန့်က ပြောသည်။
လုယူခံလိုက်ရသည့် ငွေပမာဏ၊ ဖြစ်ပွားခဲ့ချိန်အတိအကျနှင့် မည်သည့်ဌာနမှ ဝန်ထမ်းများဖြစ်သည်ကို လတ်တလော မသိရသေးပါ။ ဝန်ထမ်း ၆၀ ကျော်တို့၏ လစာများ လုယူခံရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိထားသည်။
ထို့ပြင် “ချပ်ပြင်နဲ့ စေတီပြင်ကို သွားတဲ့ လမ်းဘေးမှာ အဖမ်းခံရတာလို့ပြောတယ်။ နေရာတော့ အတိအကျမသိဘူး။ အဲဒီလမ်းမှာ လူပြတ်တဲ့နေရာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
လစာထုတ်ပြီးအပြန်လမ်းတွင် အေအေ အဖွဲ့နှင့်ထိတွေ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၂ ဦးဖမ်းဆီးခံရကာ ကျန် ၂ ဦးမှာ ထွက်ပြေး လွတ်မြောက် သွားသည်ဟု ကြားသိရကြောင်း သဇင်မြိုင်ကျေးရွာသားတစ်ဦးက ပြောသည်။
Ref:Narinjara #Myanmar_Online_News
<<Zawgyi>>

0 comments:

Post a Comment