Thursday, February 20, 2020

ဘန်ကောက်မြို့လယ်ခေါင် ကုန်တိုက်အတွင်း ပစ်ခတ်ခဲ့သည့် သေနတ်သမားအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ


Image may contain: 4 people, text
ဘန်ကောက်မြို့လယ်ခေါင် ဖယားထိုင်းနယ်မြေရှိ Century Movies Plaza ကုန်တိုက်ကြီးထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွါးပြီး အမျိုးသမီး ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

တရုတ်ဗဟိုဘဏ်မှ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှု ထိန်းချုပ်ရန် ငွေစက္ကူများကို ဖျက်ဆီး


Image may contain: 1 person
တရုတ် ပြည်သူ့ဘဏ် ကွမ်ကျိုးဌာနခွဲက ကိုရိုနာဗိုင်းရပ်နှင့် ထိတွေ့မှု မြင့်မားသော နေရာများမှ စက္ကူငွေကြေးများအားလုံးကို ဖျက်ဆီးရေး ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။ တိုင်းပြည်တွင် ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို ထိန်းချုပ်ရေး အစိတ် အပိုင်းအနေဖြင့် ဆေးရုံများ၊ သားငါး ရောင်းချသည့် ဈေးများနှင့် ဘတ်စ်ကားများမှ ကောက်ခံ ရရှိသည့် ငွေစက္ကူအားလုံးကို ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်၏ ကွမ်ကျိုး ဌာနခွဲက ပြောကြားခဲ့သည်။

တရုတ်အစိုးရမှ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုထုတ်ပြန်များ မှန်ကန်မှုရှိ မရှိ ဝူဟန်မြို့မှဒေသခံများ စိုးရိမ်မကင်းဖြစ်နေ


Image may contain: outdoor
တရုတ် အစိုးရမှ ဝူဟန် မြို့တွင်းသို့ အမှိုက်မီးရှို့စက် အလုံး ၄၀ ခန့် တင်သွင်းလာခြင်းကြောင့် မြို့သူမြို့သားများ အဖို့ အစိုးရသည် သေဆုံးမှု နှုန်းအား အမှန်အတိုင်း ထုတ်ပြန်နေသည်မှာ ဟုတ်မှန်ခြင်းရှိ မရှိ ဟူသော စိုးရိမ်မကင်း စိတ်များ ဖြစ်ပေါ်လျက် ရှိနေသည်။

Wednesday, February 19, 2020

AAလက်နက်ကိုင်အဖွဲ့ မှ ကုလားတန်မြစ်အတွင်း စက်လှေများအား တားဆီးမှုများပြုလုပ်နေကြောင်း ချင်းပြည်နယ်ဝန်ကြီးဦးစိုးထက်မှပြောကြား

Image may contain: ocean, sky, outdoor and water

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး AA မှကုလားတန်မြစ်အတွင်း စက်လှေများအား တားဆီးမှုများပြုလုပ်နေသောကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ် တောက်ကာ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့ နေရသည့် အခြေအနေနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့အား တင်ပြထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေး လျှပ်စစ်နှင့် စက်မှု လက်မှု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၁၃ သန်းကျော် ချေးယူရန် လွှတ်တော်အတည်ပြု


Image may contain: 1 person, sitting
သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစားထိုးလဲလှယ်ခြင်းဆောင်ရွက်ဖို့အမေရိကန်ဒေါ်လာ သန်း ၁၁၃ သန်းကျော် ကိုးရီးယား နိုင်ငံမှချေးယူရန် ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၁၉ရက်တွင် အတည်ပြုခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးက လမ်းမများတွင်တပ်ဆင်ထားသည် အရေးပေါ် မီးသတ်ပိုက်ခေါင်းများ အသုံးပြု၍မရသဖြင့် သံစျေးမီးလောင်မှုဖြစ်ပွားနေချိန်တွင် မီးသတ်ကားများ ရေမဖြည့်နိုင်ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံနှံနေ

Image may contain: one or more people and people standing
ရန်ကုန်မြို့ ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၂၀ ခုနှစ်ယနေ့ နံနက်ပိုင်း လသာမြို့နယ် သံစျေးမီးလောင်းမှုဖြစ်ပွားခဲ့ရာ တွင် မီးသတ်ကားများ ရေဖြည့် လို၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေကော်မတီရေပေးဝေရေဌာနမှ အနော်ရထာ တစ်လျှောက်တပ်ဆင်ထားသော အရေးပေါ် မီးသတ်ပိုက်ခေါင်းအချို့ မီးသတ်ရေယာဥ်များ ရေလာရောက် ယူရာတွင် ပိုက်ခေါင်းမတော်သဖြင့် ရေရယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ပိုက်ခေါင်းများ အားအသုံးပြုနိုင်ရေအတွက် ပြန်လည်စီစစ်ဆောင်ရွက် သင့်ပါကြောင်း မှတ်တမ်းဓာတ်ပုံများဖြင့် တင်ပြလိုက်ပါသည် ဟု လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။

ယိုကိုဟားမား ဆိပ်ကမ်းရှိ Diamond Princess သင်္ဘောပေါ်မှ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ခရီးသည် ၂ ဦး သေဆုံး

Image may contain: sky and outdoor
ယိုကိုဟားမား ဆိပ်ကမ်းမှာ ရပ်နားထားသည့် Diamond Princess အပျော်စီးသင်္ဘောပေါ်က ဗိုင်းရပ်စ် ကူးစက်ထားရသည့် ခရီးသည် ၂ ဦး သေဆုံးသွားကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက််ပိုင်းတွင် ဂျပန် ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်

NLDပါတီမှ မိုးညိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဂတိလိုက်စားမှုဖြင့် ပဲခူးထောင်တွင် ဖမ်းဆီးထိန်းသိမ်း


Image may contain: 2 people, text
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီးနောက် လက်ရှိအချိန်၌ ပဲခူးထောင်၌ ထိန်းသိမ်းခြင်းခံထားရပါတယ်

ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်မှ အောင်ဘာလေထီရောင်းချရာ၌ ဝန်ကြီးဌာန အနေဖြင့် စျေးသည်ကဲ့သို့ အမြတ်ကြီးစားခြင်းကို လျှော့ချသင့်ဟု ပြောကြား

Image may contain: one or more people and indoor
ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်း များ၏ ဒုတိယ ခြောက်လပတ် အခွန်ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၂၀) တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတစ်ဦး ထပ်မံခန့်အပ်

Image may contain: text
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတစ်ဦး တိုးချဲ့ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ယနေ့(ဖေဖေါ်ဝါရီ ၂၀)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

သံဈေး မီးလောင်မှု မီးငြိမ်းသတ်နိုင်ပြီ

Image may contain: sky and outdoor

ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့ မနက် ၆ နာရီ ၅ မိနစ် လောက်က စပြီး ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးမှာ မီးလောင်မှုဖြစ်ပွားနေတာပါ။

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်


Image may contain: text
က။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့(၂၀-၂-၂၀၂၀) ရက်နေ့နံနက်အထိ စောင့်ကြည့်လူနာ (၁၁) ဦးတို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၂၁၂၀) ဦး ၊ ကူးစက်ခံရသူ (၇၅၂၉၁) ဦးနှင့် ရောဂါကူးစက်ခံရသူ(၁၁၃)ဦးအထိမြင့်တက်

No photo description available.
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖော်ဝါရီလ၂၀ ရက်နေ့ နံနက် ၇:၃၀အချိန်အထိ သေဆုံးသူ စုစုပေါင်း (၂၁၂၀) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သံစျေးမီးလောင်

No photo description available.
Update(၀၇ ၅၀ အချိန်တွင် level 5 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။)
ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်ထိ ၂၁ ဉီးကယ်ဆယ်နိုင်ပြီဖြစ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပေးပို့သည့်သဝဏ်လွှာ

Image may contain: text

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-
ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခါ သမယတွင် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

နေပြည်တော်-မန္တလေး လမ်းမိုင်တိုင်အမှတ် ၂၅၉/၀ အနီး တွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, sky, outdoor and nature

ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်(၀၇၀၅ )နာရီအချိန်နေပြည်တော်-မန္တလေး လမ်းမိုင်တိုင်အမှတ် ၂၅၉/၀ အနီး တွင် ယာဥ်မောင်း ကိုဇော်ထွန်း၊ (၃၉)နှစ်၊ ဒလမြို့နယ်၊ ရန်ကုန်မြို့နေသူမောင်းနှင်လာသည့် ယာဥ်အမှတ် YGN 1J/----Hyundai Porter II အမျိုးအစား အဖြူရောင်ယာဥ်သည် ယာဥ်မောင်းပါ ကျား (၃)ဦးပါရှိပြီး ယာဥ်ပေါ်တွင် မိုးရေဘူး (၄၈)ဘူး၊ Charger စက် (၅)လုံး၊ Discharger (၃)လုံး၊ ပန်ကာ (၁)လုံး၊ ဖော့ကရစ် (၁)ခု၊ ကော်ကြိုးခွေ (၁)ခွေ ၊ ဘိလပ်မြေအိတ် (၂)လုံးနှင့် စပ်ဆက်ပစ္စည်းများ တင်ဆောင်ကာ မောင်းနှင်လာစဥ် နောက်မှ ပစ္စည်းများမှ ယာဥ် ကိုယ်ထည် သံဖြင့် ပွတ်တိုက်မိကာ မီးတောက်လောင်ခဲ့သဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ.ပေပင်လေး စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခြင်းမရှိသည့် ခရီသည်များအား Dimond Princess သင်္ဘောပေါ်မှ ဆင်းခွင့်ပြု

Image may contain: sky and outdoor
ယိုကိုဟားမားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Diamond Princess သင်္ဘောကြီးပေါ်မှ COVID-19 ဗိုင်းရပ်ကူးစက်ခြင်း မရှိသူမှန်သမျှကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သင်္ဘောပေါ်မှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် ကုန်းလမ်း ရေလမ်းကြောင်းများ ပိတ်ထားသဖြင့် အခြေခံကုန်စျေးနှုန်းများ မြှင့်တက်နေ

Image may contain: outdoor
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဆန်ပြတ်လပ်လုနီးပါးဖြစ်နေမှုနှင့် အခြေခံကုန်စျေးနှုန်းများ မြှင့်တက်နေမှုကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့က ကူညီဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ချင်းပြည် နယ် အစိုးရအဖွဲ့ပြောခွင့်ဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးစိုးထက်က ပြောသည်။

Tuesday, February 18, 2020

ပွင့်ဖြူမြို့နယ်၌ ဆောင်းကြက်သွန်များ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ၍ တောင်သူများ လုပ်ငန်းအဆင်ပြေ

Image may contain: one or more people, outdoor and nature

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု မဲဇလီကျေးရွာ ဆည်တော်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာတို့တွင် တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကြက်သွန် စိုက်ခင်းများ စတင်တူးဖော်သိမ်းဆည်းနေကြပြီဖြစ်ရာ ယခုနှစ်တွင် စိုက်ပျိုးသည့် ကြက်သွန် စိုက်ခင်းများမှာ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်သည့်အပြင် ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိသဖြင့် ကြက်သွန်စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာရှိ ကြက်သွန်စိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။

(၂၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (NCA-S EAO UPDJC) အစည်းအဝေ:ကျင်းပ

Image may contain: 5 people, people sitting, table and indoor

ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် (၂၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (NCA-S EAO UPDJC) အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မီးလောင်မှုကြောင့် လူ(၃)ဦးသေဆုံးကြောင်းသိရ

Image may contain: 1 person, walking and outdoor

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇လမ်း၊ ဘင်္ဂလီစု ကောင်းထက်ဆေးခန်းအပေါ်ထက်မှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူကြီး(၂)ဦးနဲ့ ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ မီးသတ်အသိုင်းအဝိုင်းရဲ့ ကနဦးသတင်းအရ သိရပါတယ်။

ဗြိတိန်ရင်းနှီးမြှုပ်နှံမှုဘဏ် HSBC ဘဏ်မှ တစ်နှစ်တာအကျိုးအမြတ်ကျဆင်းလာခြင်းကြောင့် ဝန်ထမ်း ၃၅၀၀၀ လျှော့ချ

Image may contain: one or more people, shoes and outdoor
၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အာရှကို ပစ်မှတ်ထားတဲ့ ဗြိတိန် ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး HSBC သည် တစ်နှစ်တာအကျိုးအမြတ် သိသိသာသာ ကျဆင်း သွားတဲ့နောက်တွင် ၎င်းကုပ္မဏီ၏ဝန်ထမ်း ၃၅၀၀၀ လျှော့ချလိုက်ကြောင်း သိရသည်။

လူရွှင်တော် ဦးမန်းဝင်း ကျန်းမာရေးအခြေအနေအရ အရေးပေါ်ဆေးရုံတင်လိုက်ရ

Image may contain: 2 people, people sitting
ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်း ရုတ်တရက်နှလုံးခုန် ခေတ္တရပ်သွားခဲ့တာကြောင့် ပင်လုံဆေးရုံသို့ အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့သိရပါတယ်။ 

စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ အပါအဝင် ကုမ္ပဏီသုံးခု သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်း

Image may contain: sky, cloud and outdoor

သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီတို့အပါအဝင် ကုမ္ပဏီသုံးခုသည် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒေါက်တာရွှေဟိန်း က ပြောကြားခဲ့သည်။

ဘူးသီးတောင်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ထောင်ထားသည့်မိုင်းနင်းမိ၍ ဘင်္ဂါလီလူမျိုး ၁ ဦး သေဆုံးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်


No photo description available.
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ)ကျေးရွာနေ မာမွတ် အီနူ(ဘ) အဘူကာဆင့်သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နွားကျောင်းရန် ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ညာခြေသလုံး ကြွက်သား ၆ လက်မခန့် ပွင့်ထွက်(အရိုးကျိုး)၊ ယာပေါင်၊ ဆီးခုံမိုင်းစဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

မြိတ်တွင် လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoor

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်တွင် ဖေဖေါ်ဝါရီလ ၁၉ ရက် ၊နံနက် ၁၀ နာရီခန့်က လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။ငွေပုလဲရပ်၊ ၅ လမ်းရှိ ဒေါ်မီးပု(ခ)ဒေါ်ရှင်ဟုန်နေထိုင်တဲ့ ဓနိမိုး၊ ထရံကာ ၊ပျဉ်ခင်း အိမ် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

တပ်မတော်ခေါင်းဆောင်များကို အကူအညီတောင်းကာ ပြုစုထားသော သုတေသနစာတမ်းထုတ်ပြန်

Image may contain: one or more people and indoor

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ သုတေသနဆိုင်ရာ စာတမ်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် နံနက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့သည်။

သဘာဝန်ကျွန်းပေါ်တွင် အတိုင်ပင်ခံရုပ်တုထားရှိကာ ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟုအမည်ပေးသွားမည်

Image may contain: 1 person, standingImage may contain: 1 person, standing

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွေသောင်ယံမြို့နယ်ခွဲ၊ ဂျိတ်လတ်စံပြကျေးရွာအနီးတွင်ရှိသော သဘာဝန်ကျွန်းပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ထု စိုက်ထူ၍ ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု အမည်ပေးမည့်ကိစ္စ မျှတမှုကို လိုလားသဖြင့် လွှတ်တော်သို့ အဆိုတင်သွင်းကာ တရားမျှတစွာ မဲခွဲပြီး အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း NLD ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဆိုသည်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း အိန္ဒိယရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆိုကာ နှစ်နိုင်ငံ‌ရေတပ်ဆိုင်ရာ ကိစ္စရပ်များတွေ့ဆုံ ဆွေးနွေး

Image may contain: one or more people, people sitting, table and indoor

ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ရှေ့၌ အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ဂုဏ်ပြု ကြိုဆိုသည်။

ဟင်းသီးဟင်းရွက်များ…စတင်စိုက်ပျိုးသင့်တဲ့အချိန်

Image may contain: plant and food

(၁) ဗူး… ကဆုန် မှ…နယုန်လအတွင်း။
(၂) သခွား… တန်ခူး မှ…နယုန်လအတွင်း။
(၃) ပဲတောင့်ရှည်… တန်ခူး မှ…ဝါခေါင်လအတွင်း။
(၄) ခဝဲ… တန်ခူူး မှ…နယုန်လအတွင်း။
(၅) ငြု တ်… ကဆုန်မှ…သီတင်းကျွတ်အတွင်း။

ပါကစ္စတန်တောင်ပိုင်း ကာရာချိဆိပ်ကမ်းတွင် ဂက်စ်ပိုက်အဆိပ်ငွေ့ယိုစီးမှုကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံးကာ ၅၀၀ နီးပါး ခန့်အဆိပ်သင့်အရေးပေါ်ဆေးကုသနေရ

Image may contain: 1 person, sitting and outdoor

ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် ကာရာချိဆိပ်ကမ်းမြို့အနီးတွင် ပြီးခဲ့တဲ့ ဖေဖဝရီလ ၁၇ ရက်နေ့ က ဂက်စ်အဆိပ်ငွေ့များယိုစီးမှုကြောင့်သေဆုံးသူအနည်းဆုံး ၁၄ ဦးရှိကာ အဆိပ်ငွေ့သင့်ပြီး မူးမေ့လဲကျသူများ ၅၀၀ နီးပါးကို ဆေးရုံများသို့အရေးပေါ်ပို့ဆောင်ကုသထားရကြောင်း အေအက်ဖ်ပီသတင်းကဆိုသည် ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်

Image may contain: 9 people, people standing and outdoor
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။

အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Image may contain: sky, outdoor and water

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြိ့ုနယ်၊ အင်းတော်ကြီးမြို့ နန့်ပတဲကျေးရွာအရှေ့ဘက်ရှိအင်းတော်ကြီးအိုင်အတွင်းတည်ရှိသည့် ရွှေမဉ္ဇူရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက်တပေါင်းလဆန်း(၈)ရက်နေ့မှတပေါင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပေသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြား ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီ

Image may contain: 4 people, people standing and outdoor

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားများကို ဖေဖော်ဝါရီလ ၂၀ရက်နေ့မှစတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ဘယ်အရာအဆို ယာယီပါပဲ

Image may contain: text that says '..ယာယီပါပဲ ပျော်ရွှင်ခြင်းကလည်း ရေရှည်မဟုတ်သလို ဝမ်းနည်းခြင်းကလည်း ရေရှည်မဖြစ်နိုင်ဘူး အပျော်လည်း မလွန်စေနှင့် ဝမ်းနည်းလည်း အပျော်လွန်တော့ ဘေးတွေ့တတ်တယ် ဝမ်းနည်းလွန်တော့ ဘဝပျက်တတ်တယ် ဘယ်အရာမဆို ယာယီပဲဆိုတာကို သိလျှင် ဘဝမှာ နေတတ်ထိုင်တတ် ဖြစ်သွားပါပြီ။'

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ၂၀၀၀ ကျော်သွားပြီး ကူးစက်ခံရသူ ၇၅၁၇၈ ဦးထိမြှင့်တက်လာ

No photo description available.

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကော်ရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၀၀၉ ဦးရှိပြီး ကူးစက်ခံရသူ ၇၅၁၇၈ ဦးရှိကာ ကုသပျောက်ကင်းသွားပြီဖြစ်သော အရေအတွက် ၁၀၂၆၂၄ ဦးရှိနေပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

အညာဒေသ အလှူပွဲ၊ မင်္ဂလာပွဲများတွင် မြန်မာ့ရိုးရာရွှေလှည်းယဉ် ငှားရမ်းမှု မြင့်တက်လာ

Image may contain: one or more people and outdoor

အညာဒေသ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာ မြန်မာ့ရိုးရာရွှေလှည်းယဉ် ငှားရမ်းမှု မြင့်တက်လာတယ်လို့ ရွှေလှည်းယာဉ် ငှားရမ်းတဲ့ လုပ်ငန်းကိုင်သူတွေကပြောပါတယ်။ ရွှေလှည်းယဉ်တွေကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေက သိပ်မသုံးခဲ့ကြပေ မယ့် အခုနောက်ပိုင်းမှာတော့ ငှားရမ်းသူ များပြားလာတာပါ။ တချို့အလှူပွဲတွေမှာ ရွှေလှည်းယဉ် (၁၅)စီးကနေ အစီး(၂၀)လောက်အထိ ငှားရမ်းလာကြတာမျိုးရှိတယ်လို့ မလှိုင်မြို့က မင်းဟိန်းထက် ရွှေလှည်းယဉ်ငှား လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇီးကွက်က အခုလိုပြောပါတယ်။ “ ရွှေလှည်းယဉ် (၁၅)စီးလောက်ကြတော့ လှည်းထောင်းထားသူ အချင်းချင်း ဆက်သွယ်ပြီး ကူညီပေးရတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင် သံသရရှိစောင့်ကြည့်လူနာ ၉ ဦးရှိကြောင်းသိရ

No photo description available.
(၁၈-၂-၂၀၂၀) ရက်နေ့၊ ညနေ (၈:၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စောင့်ကြည့်လူနာ (၉) ဉီးတို့အား သက်ဆိုင်ရာဆေးရုံများ၌ ဆက်လက် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

နှစ်နိုင်ငံရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံဆွေးနွေး

Image may contain: 2 people, people sitting and indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်းမြေ၊ ရေ၊ လေပိုင်နက် နယ်နိမိတ်များ ထိစပ်နေပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုများဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထောက်အကူဖြစ်စေနိုင်မည့် အခြေ အနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်အားတုံ့ပြန် ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းများတွင် ရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
<zawgyi>
နှစ်နိုင်ငံရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံဆွေးနွေး
Tuesday , February 18 , 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်းမြေ၊ ရေ၊ လေပိုင်နက် နယ်နိမိတ်များ ထိစပ်နေပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုများဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထောက်အကူဖြစ်စေနိုင်မည့် အခြေ အနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်အားတုံ့ပြန် ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းများတွင် ရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဒလဆိပ်ကမ်းမှ သင်္ဘောအထွက်တွင် အမျိုးသမီးတစ်ဦး ရေထဲပြုတ်ကျပြီး ကယ်ဆယ်နိုင်ခဲ့

Image may contain: one or more people, ocean, outdoor and water
ယ​​နေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့်အချိန်တွင် ဒလဆိပ်ကမ်းမှ သင်္ဘောအထွက် အမျိုးသမီးတစ်ဦး ရေပြုတ်ထဲကျရာတွင်သဘော်အပေါ်ဆုံးထပ်မှ သက်ကြီးအမျိုးသား တစ်ဦးက ပထမဆုံးခုန်ချ ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အကယ်ဒမီ သီဟတင်စိုး နှင့် အကယ်ဒမီ ဇင်မာဦး ၊ အကယ်ဒမီ လူမင်း နှင့် မခင်စံပယ်ဦး တို့၏ ဖခင် စံပယ်ဦး ဦးတင်စိုးကွယ်လွန်

Image may contain: 5 people, people sitting, people standing and indoor

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ် နေ အကယ်ဒမီ ကိုသီဟတင်စိုး နှင့် အကယ်ဒမီ ဇင်မာဦး ၊ အသံအကယ်ဒမီ ကိုဝဏ္ဏတင်စိုး၊ ဒါရိုက်တာကိုဥာဏတင်စိုး ၊ သရုပ်ဆောင် စည်သူတင်စိုး ၊ အကယ်ဒမီ လူမင်း နှင့် မခင်စံပယ်ဦး တို့၏ ဖခင်ဖြစ်သူ စံပယ်ဦး ဦးတင်စိုး ( ၇၉) နှစ်သည် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အထက်ပါနေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။

ဘန်ကောက်ရှိ Century Plaza တွင် သေနတ်ပစ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

Image may contain: one or more people

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Century Plaza ဈေးဝယ်စင်တာတွင် သေနတ်ပစ်မှုတစ်ခု ယနေ့(ဖေဖေါ်ဝါရီ ၁၈)ဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းသိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် စတုတ္ထအကြိမ်မြောက်e-Government Conference သို့ တက်ရောက်

Image may contain: 1 person

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနတွင် ယနေ့နံနက်က ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် e-Government Conference & ICT ပြပွဲသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ကံမမြို့တွင် ပြုလုပ်လျက်ရှိသော နယ်လှည့် ဆေးကုသရေးအဖွဲ့၏ ဆေးဝါးကုသမှုများနှင့် ပြည်သူထူထုများထံသို့ တိုင်းမှူးနှင့်အဖွဲ့ လာရောက် အားပေးစကားပြော

Image may contain: 5 people, people sitting and indoor

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဒုတိယနေ့အဖြစ် ဆေးဝါးကုသမှုများ ပြုလုပ် လျက်ရှိသော တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် ပြည်သူ လူထုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ လာရောက်၍ အားပေးစကားများ ပြောကြား ခဲ့သည်။

၀ ဒေသထုတ် မြင်းခေါင်း တဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော် ထိုင်း စစ်တပ်က ဖမ်းဆီး

No photo description available.

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ က ထိုင်း နိုင်ငံ နကော်ဖနုံခရိုင် အမှတ် အမှတ် (၄) စစ် ဒေသ အထူးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့တဲ့ ဘတ်ငွေ သန်းပေါင်း ၅၀၀ ကျော် တန်ဘိုးရှိ ရာဘ amphetamines စိတ်ကြွဆေးပြား ၄၀၈၀၀၀၀ ဟာ ၂၀၂၀ နှစ်စပိုင်းမှာ ပထဆုံးဖမ်းဆီးနိုင်ခဲ့တဲ့ ၀ လက်နက်ကိုင်နယ်ပြေထွက် ၉၉၉ မြင်းဦး ခေါင်း သင်္ကေတ တဆိပ်သစ် အမျိုးအစားတွေဖြစ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်မ တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ကျင်းပပြုလုပ်

Image may contain: one or more people and indoor

(၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို မနေ့က နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။