Tuesday, November 5, 2019

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး( ICC )၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များကို မြန်မာကိုယ်စားလှယ်က ပြတ်သားစွာ ကန့်ကွက်ကာ အဆိုမူကြမ်းကို ပယ်ချခဲ့

Image may contain: 1 person, indoor

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (International Criminal Court-ICC) ၏ ၂၀၁၈-၁၉ ခုနှစ်တွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (၂၆)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ ဆွေးနွေးခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အောက်ပါအတိုင်း ကန့်ကွက်ပြော ကြားခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်သည့် အဆိုမူကြမ်းကို ပယ်ချခဲ့ပါသည်။

- ယခုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ပါဝင်ဆွေးနွေးခြင်း သည် မည်သည့် အကြောင်းပြချက်နှင့်မျှ အပြည်ပြည် ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး(ICC)ကို လည်းကောင်း၊ ယင်းမှ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဆိုသည့်ဆုံးဖြတ်ချက်ကို လည်းကောင်း မြန်မာနိုင်ငံက လက်ခံသည်ဟု အဓိပ္ပါယ်ကောက်ယူ နိုင်ခြင်းမရှိရဟု ဦးစွာပြောကြားလိုကြောင်း၊
- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ICC Pre-Trial Chamber က ၆-၉-၂၀၁၈ ရက်နေ့၌ ဆုံးဖြတ်ခဲ့သည်ကို လုံးဝပယ်ချပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် လုပ်ထုံးလုပ်နည်းအရ မှားယွင်းချွတ်ချော်နေသလို ဥပဒေကြောင်းအရလည်း သံသယ ပွားဖွယ်ဖြစ်ကြောင်း၊
- မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သည့်အတွက် တရားရုံးကို အသိအမှတ်ပြု လေးစားလိုက်နာရန် တာဝန်မရှိကြောင်း မိမိတို့၏ရပ်တည်ချက်ကို ထည်လောင်း အတည်ပြုပြောကြားလိုကြောင်း၊ ICC ပဋိညာဉ်၏ မည်သည့်ပြဌာန်းချက်တွင်မျှ ယင်းစာချုပ်ကို လက်ခံ ပါဝင်ထားခြင်း မရှိသော နိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ဖော်ပြ ထားခြင်း မရှိကြောင်း၊
- ICC ဥပဒေချုပ်အနေဖြင့် မြန်မာကိစ္စတွင် ဥပဒေအရ လျော်ကန်မှု မရှိသည့်အချက်ကို လည်းကောင်း၊ မြန်မာအစိုးရက ရခိုင်ပြည်နယ် ကိစ္စ အထူးသဖြင့် နေရပ်စွန့်သူများ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက် ချက်များကို လည်းကောင်း တမင်မျက်ကွယ်ပြုထားကြောင်း၊
- ICC ဥပဒေချုပ်၏ လုပ်ဆောင်ချက်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တန့်ခိုင်မြဲမှုကိုလေးစားရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရဟူသော ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါအခြေခံမူကြီးများကို ချိုးဖောက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း၊
- ICC ဥပဒေချုပ်၏ လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် သာမက ICC ပဋိညာဉ်၏ နိဒါန်းတွင် ပြန်လည်ဖော်ပြထားသည့် ပြဌာန်းချက်များနှင့် ဆန့်ကျင်လျက်ရှိကြောင်း၊
- ICC ဥပဒေချုပ်သည် နိုင်ငံရေးပယောဂနှင့် ကိုယ်ကျိုး စိတ်ခံစားမှုကို အခြေခံ၍ အမှုကိုတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း၏ စုံစမ်း စစ်ဆေးခွင့်ပြုရန် လျှောက်ထားချက်တွင် အာဆာအဖွဲ့က ဟိန္ဒူများ အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့သော ကြီးလေး သည့်ပြစ်မှုများ မပါဝင်ကြောင်း၊
- ICC တရားသူကြီး၏ လျှောက်ထားချက်တွင် အာဆာအဖွဲ့၏ အကြမ်းဖက်မှုများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခဲ့ရသည့်အဖြစ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားပြီး အချက်အလက်မှားများနှင့် အတည်မပြုနိုင်သည့် ထွက်ချက်များပါဝင်သည့် လူ့အခွင့်အရေး အစီရင်ခံစာများ အပေါ်တွင် လုံးလုံးလျားလျား အခြေခံထားပါကြောင်း၊
- ရခိုင်ပြည်နယ်ပြဿနာသည် ဘာသာရေးပြဿနာ (သို့မဟုတ်) လူမျိုးစု တစ်ခုကို နှင်ထုတ်ရန်ကြိုးစားသည့် လုပ်ရပ်မဟုတ်ပါကြောင်း၊
- အမှန်စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းကရှိနေခဲ့သော နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ထိုအချိန်က ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်းဘက်မှ ရွှေ့ပြောင်းလုပ်သားများကို ဗြိတိသျှအာဏာပိုင်များက ရခိုင်ပြည်နယ်သို့ အလုံးအရင်းနှင့် ပို့ဆောင် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး စစ်ပွဲကာလအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံးအရင်းနှင့် ဝင်ရောက်မှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ခဲ့ကြောင်း၊
- ယင်းပြဿနာကို ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့ခြင်း တို့က ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ဒေသခံတိုင်းရင်းသား အသိုက်အဝန်း များနှင့် ရွှေ့ပြောင်းနေထိုင်သည့် အသိုက်အဝန်းတို့အကြား တင်းမာမှု၊ အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊
- ခေတ်အဆက်ဆက် ပစ်ပယ်ထားသည့် ယင်းပြဿနာကိုဖြေရှင်း ရန်အတွက် လက်ရှိဒီမိုကရေစီအစိုးရက ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ခန့်အပ်ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်၏အကြံပြုချက် အစီရင်ခံစာ ထုတ်ပြန်သည့်နေ့တွင်ပင် အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း၊
- ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်း ပေါ်ပေါက်ခဲ့ရခြင်းသာ ဖြစ်ကြောင်း၊ အစုလိုက်နေရပ် စွန့်ခွာမှုဖြစ်ရပ်၏ တရားခံအစစ်အမှန်မှာ အာဆာအကြမ်းဖက်သမား များသာဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူများကို နိုင်ငံပြင်ပသို့ နှင်ထုတ်ခဲ့ခြင်းမရှိကြောင်း၊
- မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ UNDP၊ UNHCR၊ ASEAN နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများအကူအညီဖြင့် နေရပ်စွန်သူများ ၎င်းတို့ဆန္ဒအလျောက် လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အာဆာ အကြမ်းဖက်အဖွဲ့သည် ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်နေကြောင်း၊
- အာဆာအဖွဲ့၏ ခြိမ်းခြောက်မှုများရှိသော်လည်း မိမိအစီအစဉ်ဖြင့် မိမိဆန္ဒအလျောက် ပြန်လာသည့် နေရပ်စွန့်သူ (၄၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသည့် အထောက်အထားရှိသူများကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း၊
- နေရပ်စွန်သူများ နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် များကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊
- တာဝန်ခံမှုနှင့်ပတ်သက်၍ မိမိတို့ ပိုင်နက်နယ်မြေအတွင်း ရာဇဝတ်မှု ကျူးလွန်သူ မည်သူ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း၊ ထိုသို့ အရေးယူနိုင်ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီး ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း အာဆာအကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ကျူးလွန်မှု များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊
- ၎င်းတို့အနေဖြင့် အကြုံပြုချက်များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရန် ပြုစုလျက်ရှိကြောင်း၊
- ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အထူးသဖြင့် ကနေဒါနိုင်ငံက ဤခန်းမအတွင်း ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးရန် တောင်းဆိုမှုများကို ပြင်းထန်စွာကန့်ကွက်ပါကြောင်း၊
- ၁၉၉၄ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဂမ်ဘီယာနိုင်ငံ စစ်အာဏာရှင် အုပ်စိုးစဉ်ကာလ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ် ဆိုင်ရာပြစ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် လက်ရှိ တာဝန်မှရပ်ဆိုင်းထားရန် တရားဝင် တိုင်တန်းခံနေရသည့် ICC ဥပဒေချုပ်၏ ဥပဒေအရ လျော်ကန်မှု မရှိသည့်လုပ်ရပ်ကို ထောက်ခံသော အဆိုပါနိုင်ငံများ၏ ရည်ရွယ်ချက်နှင့် ရိုးသားမှုကို မေးခွန်းထုတ်လိုပါကြောင်း၊
- ယခုအစည်းအဝေးတွင် အတည်ပြုမည့် ICC အစီရင်ခံစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်သည် မိမိတို့နှင့်လုံးဝသက်ဆိုင်မှု မရှိကြောင်းကို တရားဝင်မှတ်တမ်းတင်နိုင်ရန် ပြောကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
Image may contain: text
Image may contain: text
Image may contain: text

<<Zawgyi>>
အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး( ICC )၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များကို မြန်မာကိုယ်စားလှယ်က ပြတ်သားစွာ ကန့်ကွက်ကာ အဆိုမူကြမ်းကို ပယ်ချခဲ့
Tuesday , November 5, 2019

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (International Criminal Court-ICC) ၏ ၂၀၁၈-၁၉ ခုနှစ်တွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (၂၆)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ ဆွေးနွေးခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အောက်ပါအတိုင်း ကန့်ကွက်ပြော ကြားခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်သည့် အဆိုမူကြမ်းကို ပယ်ချခဲ့ ပါသည်။
- ယခုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ပါဝင်ဆွေးနွေးခြင်း သည် မည်သည့် အကြောင်းပြချက်နှင့်မျှ အပြည်ပြည် ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး(ICC)ကို လည်းကောင်း၊ ယင်းမှ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဆိုသည့်ဆုံးဖြတ်ချက်ကို လည်းကောင်း မြန်မာနိုင်ငံက လက်ခံသည်ဟု အဓိပ္ပါယ်ကောက်ယူ နိုင်ခြင်းမရှိရဟု ဦးစွာပြောကြားလိုကြောင်း၊
- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ICC Pre-Trial Chamber က ၆-၉-၂၀၁၈ ရက်နေ့၌ ဆုံးဖြတ်ခဲ့သည်ကို လုံးဝပယ်ချပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် လုပ်ထုံးလုပ်နည်းအရ မှားယွင်းချွတ်ချော်နေသလို ဥပဒေကြောင်းအရလည်း သံသယ ပွားဖွယ်ဖြစ်ကြောင်း၊
- မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သည့်အတွက် တရားရုံးကို အသိအမှတ်ပြု လေးစားလိုက်နာရန် တာဝန်မရှိကြောင်း မိမိတို့၏ရပ်တည်ချက်ကို ထည်လောင်း အတည်ပြုပြောကြားလိုကြောင်း၊ ICC ပဋိညာဉ်၏ မည်သည့်ပြဌာန်းချက်တွင်မျှ ယင်းစာချုပ်ကို လက်ခံ ပါဝင်ထားခြင်း မရှိသော နိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ဖော်ပြ ထားခြင်း မရှိကြောင်း၊
- ICC ဥပဒေချုပ်အနေဖြင့် မြန်မာကိစ္စတွင် ဥပဒေအရ လျော်ကန်မှု မရှိသည့်အချက်ကို လည်းကောင်း၊ မြန်မာအစိုးရက ရခိုင်ပြည်နယ် ကိစ္စ အထူးသဖြင့် နေရပ်စွန့်သူများ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက် ချက်များကို လည်းကောင်း တမင်မျက်ကွယ်ပြုထားကြောင်း၊
- ICC ဥပဒေချုပ်၏ လုပ်ဆောင်ချက်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တန့်ခိုင်မြဲမှုကိုလေးစားရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရဟူသော ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါအခြေခံမူကြီးများကို ချိုးဖောက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း၊
- ICC ဥပဒေချုပ်၏ လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် သာမက ICC ပဋိညာဉ်၏ နိဒါန်းတွင် ပြန်လည်ဖော်ပြထားသည့် ပြဌာန်းချက်များနှင့် ဆန့်ကျင်လျက်ရှိကြောင်း၊
- ICC ဥပဒေချုပ်သည် နိုင်ငံရေးပယောဂနှင့် ကိုယ်ကျိုး စိတ်ခံစားမှုကို အခြေခံ၍ အမှုကိုတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း၏ စုံစမ်း စစ်ဆေးခွင့်ပြုရန် လျှောက်ထားချက်တွင် အာဆာအဖွဲ့က ဟိန္ဒူများ အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့သော ကြီးလေး သည့်ပြစ်မှုများ မပါဝင်ကြောင်း၊
- ICC တရားသူကြီး၏ လျှောက်ထားချက်တွင် အာဆာအဖွဲ့၏ အကြမ်းဖက်မှုများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခဲ့ရသည့်အဖြစ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားပြီး အချက်အလက်မှားများနှင့် အတည်မပြုနိုင်သည့် ထွက်ချက်များပါဝင်သည့် လူ့အခွင့်အရေး အစီရင်ခံစာများ အပေါ်တွင် လုံးလုံးလျားလျား အခြေခံထားပါကြောင်း၊
- ရခိုင်ပြည်နယ်ပြဿနာသည် ဘာသာရေးပြဿနာ (သို့မဟုတ်) လူမျိုးစု တစ်ခုကို နှင်ထုတ်ရန်ကြိုးစားသည့် လုပ်ရပ်မဟုတ်ပါကြောင်း၊
- အမှန်စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းကရှိနေခဲ့သော နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ထိုအချိန်က ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်းဘက်မှ ရွှေ့ပြောင်းလုပ်သားများကို ဗြိတိသျှအာဏာပိုင်များက ရခိုင်ပြည်နယ်သို့ အလုံးအရင်းနှင့် ပို့ဆောင် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး စစ်ပွဲကာလအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံးအရင်းနှင့် ဝင်ရောက်မှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ခဲ့ကြောင်း၊
- ယင်းပြဿနာကို ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့ခြင်း တို့က ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ဒေသခံတိုင်းရင်းသား အသိုက်အဝန်း များနှင့် ရွှေ့ပြောင်းနေထိုင်သည့် အသိုက်အဝန်းတို့အကြား တင်းမာမှု၊ အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊
- ခေတ်အဆက်ဆက် ပစ်ပယ်ထားသည့် ယင်းပြဿနာကိုဖြေရှင်း ရန်အတွက် လက်ရှိဒီမိုကရေစီအစိုးရက ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ခန့်အပ်ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်၏အကြံပြုချက် အစီရင်ခံစာ ထုတ်ပြန်သည့်နေ့တွင်ပင် အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း၊
- ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်း ပေါ်ပေါက်ခဲ့ရခြင်းသာ ဖြစ်ကြောင်း၊ အစုလိုက်နေရပ် စွန့်ခွာမှုဖြစ်ရပ်၏ တရားခံအစစ်အမှန်မှာ အာဆာအကြမ်းဖက်သမား များသာဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူများကို နိုင်ငံပြင်ပသို့ နှင်ထုတ်ခဲ့ခြင်းမရှိကြောင်း၊
- မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ UNDP၊ UNHCR၊ ASEAN နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများအကူအညီဖြင့် နေရပ်စွန်သူများ ၎င်းတို့ဆန္ဒအလျောက် လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အာဆာ အကြမ်းဖက်အဖွဲ့သည် ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်နေကြောင်း၊
- အာဆာအဖွဲ့၏ ခြိမ်းခြောက်မှုများရှိသော်လည်း မိမိအစီအစဉ်ဖြင့် မိမိဆန္ဒအလျောက် ပြန်လာသည့် နေရပ်စွန့်သူ (၄၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသည့် အထောက်အထားရှိသူများကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း၊
- နေရပ်စွန်သူများ နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် များကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊
- တာဝန်ခံမှုနှင့်ပတ်သက်၍ မိမိတို့ ပိုင်နက်နယ်မြေအတွင်း ရာဇဝတ်မှု ကျူးလွန်သူ မည်သူ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း၊ ထိုသို့ အရေးယူနိုင်ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီး ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း အာဆာအကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ကျူးလွန်မှု များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊
- ၎င်းတို့အနေဖြင့် အကြုံပြုချက်များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရန် ပြုစုလျက်ရှိကြောင်း၊
- ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အထူးသဖြင့် ကနေဒါနိုင်ငံက ဤခန်းမအတွင်း ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးရန် တောင်းဆိုမှုများကို ပြင်းထန်စွာကန့်ကွက်ပါကြောင်း၊
- ၁၉၉၄ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဂမ်ဘီယာနိုင်ငံ စစ်အာဏာရှင် အုပ်စိုးစဉ်ကာလ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ် ဆိုင်ရာပြစ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် လက်ရှိ တာဝန်မှရပ်ဆိုင်းထားရန် တရားဝင် တိုင်တန်းခံနေရသည့် ICC ဥပဒေချုပ်၏ ဥပဒေအရ လျော်ကန်မှု မရှိသည့်လုပ်ရပ်ကို ထောက်ခံသော အဆိုပါနိုင်ငံများ၏ ရည်ရွယ်ချက်နှင့် ရိုးသားမှုကို မေးခွန်းထုတ်လိုပါကြောင်း၊
- ယခုအစည်းအဝေးတွင် အတည်ပြုမည့် ICC အစီရင်ခံစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်သည် မိမိတို့နှင့်လုံးဝသက်ဆိုင်မှု မရှိကြောင်းကို တရားဝင်မှတ်တမ်းတင်နိုင်ရန် ပြောကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
#Ministry_of_Foreign_Affairs
#Myanmar_Online_News #ICC #အစီရင္ခံစာ

0 comments:

Post a Comment