Sunday, November 10, 2019

ဇလုံတောင်ဘုရားဖူးလမ်းအား ဘုရားဖူးမော်တော်ယာဉ်များ ရာသီမရွေး သွားလာနိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်တက်လမ်းပိုင်းတွင် ဗန်းမောက်-ဇလုံတောင် ဘုရားဖူး မော်တော် ယာဉ်များ ရာသီမရွေးသွားလာနိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က ဘုရားဖူးခရီးသည်တင်ယာဉ် အလွတ်တစ်စီး တိမ်းမေှာက်ခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။
" ဇလုံတောင်တက်ဘုရားဖူးယာဉ်တစ်စီးဟာ ဦးကောစခန်းအနီး ညောင်ပင်ကြီးကွေ့နားမှာ ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်လောက်က တိမ်းမှောက်ခဲ့တာပါ။ ယာဉ်မောင်းကတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ ဘုရားဖူးခရီးသည်တွေ တစ်ယောက်မှမပါလို့ တော်ပါ‌သေးတယ်။ မိုးကမပြတ်သေးတော့ လမ်းကြောင်းက ကြံ့ခိုင်မှုအားနည်းပြီး အရှိန်လွန်လို့ဖြစ်သွားတာပါ။ ရာသီဥတုမကောင်းလို့ မိုးရွာခဲ့ရင် တောင်ပေါ်ကို မတက်သင့်ပါဘူး။ အန္တရာယ်ရှိနိုင်လို့ပါ " ဟု ဒေသခံတစ်ဉီးက ပြောကြားခဲ့သည်။
ယခုနှစ် ဘုရားဖူးရာသီပွင့်လင်းချိန်တွင် ဇလုံတောင်တက်ဘုရားဖူး မော်တော်ယာဉ် အစီးရေ(၅၀)ကျော်ခန့်မှာ ကြံ့ခိုင်မှု အသင့်အနေအထားရှိပြီး တောင်အတက်အဆင်းကားလမ်းများကို ပြုပြင်နိုင်ခဲ့သော်လည်း မိုးမကြာခဏ ရွာသွန်းခဲ့မှုကြောင့် ဘုရားဖူးအဖွဲ့များ အလျင်စလိုသွာလာခြင်းမပြုကြစေရန်နှင့် ရာသီမရွေးသွားလာမှု အဆင်ပြေနိုင်ရန်အတွက် ဇလုံတောင် ခြေ ကားကြီးဝန်း ရပ်နားစခန်းမှ တောင်ပေါ်ရပ်နားစခန်းအထိ အရှည်(၁၀ ) မိုင်ခန့်ရှိသော အဆိုပါလမ်းပိုင်းအား ကွန်က ရစ်လမ်း သို့မဟုတ် ကတ်တရာလမ်းအဖြစ် ပြုပြင်ပေးစေလိုကြောင်း ဒေသခံများမှ သိရသည်။
<zawgyi>
ဇလုံတောင်ဘုရားဖူးလမ်းအား ဘုရားဖူးမော်တော်ယာဉ်များ ရာသီမရွေး သွားလာနိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်
Sunday, November 10, 2019

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်တက်လမ်းပိုင်းတွင် ဗန်းမောက်-ဇလုံတောင် ဘုရားဖူး မော်တော်ယာဉ်များ ရာသီမရွေးသွားလာနိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းတွင် ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က ဘုရားဖူးခရီးသည်တင်ယာဉ် အလွတ်တစ်စီး တိမ်းမှောက်ခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။
" ဇလုံတောင်တက်ဘုရားဖူးယာဉ်တစ်စီးဟာ ဦးကောစခန်းအနီး ညောင်ပင်ကြီးကွေ့နားမှာ ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်လောက်က တိမ်းမှောက်ခဲ့တာပါ။ ယာဉ်မောင်းကတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ ဘုရားဖူးခရီးသည်တွေ တစ်ယောက်မှမပါလို့ တော်ပါ‌သေးတယ်။ မိုးကမပြတ်သေးတော့ လမ်းကြောင်းက ကြံ့ခိုင်မှုအားနည်းပြီး အရှိန်လွန်လို့ဖြစ်သွားတာပါ။ ရာသီဥတုမကောင်းလို့ မိုးရွာခဲ့ရင် တောင်ပေါ်ကို မတက်သင့်ပါဘူး။ အန္တရာယ်ရှိနိုင်လို့ပါ " ဟု ဒေသခံတစ်ဉီးက ပြောကြားခဲ့သည်။
ယခုနှစ် ဘုရားဖူးရာသီပွင့်လင်းချိန်တွင် ဇလုံတောင်တက်ဘုရားဖူး မော်တော်ယာဉ် အစီးရေ(၅၀)ကျော်ခန့်မှာ ကြံ့ခိုင်မှု အသင့်အနေအထားရှိပြီး တောင်အတက်အဆင်းကားလမ်းများကို ပြုပြင်နိုင်ခဲ့သော်လည်း မိုးမကြာခဏ ရွာသွန်းခဲ့မှုကြောင့် ဘုရားဖူးအဖွဲ့များ အလျင်စလိုသွာလာခြင်းမပြုကြစေရန်နှင့် ရာသီမရွေး သွားလာမှု အဆင်ပြေနိုင်ရန်အတွက် ဇလုံတောင်ခြေ ကားကြီးဝန်း ရပ်နားစခန်းမှ တောင်ပေါ်ရပ်နားစခန်းအထိ အရှည်(၁၀ ) မိုင်ခန့်ရှိသော အဆိုပါလမ်းပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ်တရာလမ်းအဖြစ် ပြုပြင်ပေးစေလိုကြောင်း ဒေသခံများမှ သိရသည်။
#Myanmar_Online_News #နီတိုး

0 comments:

Post a Comment