တနင်္လာနေ့မှာ ဟောင်ကောင်က ကျောင်းသားတွေဝင်စီးထားတဲ့ ဟောင်ကောင်ပိုလီတက္ကနစ်တက္ကသိုလ်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေပစ်လွှတ်ခဲ့ပါတယ်။
လွတ်မြောက်ဖို့ ကျောင်းသားတွေတချို့ကကြိုးစားခဲ့ပြီး နောက်ထပ်တက်ကြွလှုပ်ရှားသူကျောင်းသားရာချီကတော့ ကျောင်းထဲမှာ ဓာတ်ဆီဗုံးတွေနဲ့ရှိနေတာပါ။
သွေးသံရဲရဲဖြစ်ခဲ့တဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့တက်ကြွလှုပ်ရှားသူတွေရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာ တနင်္လာနေ့မှာ နှစ်ရက်မြောက်နေ့ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တုန်းကထိပ်တိုက်ရင်ဆိုင်ရာမှာ ရဲဗင်ကားတစ်စီးကိုမီးရှို့ခဲ့ကြပြီး ရဲအရာရှိတစ်ယောက်မြှားနဲ့ပစ်ခံခဲ့ရပါတယ်။
လူသေနိုင်တဲ့လက်နက်တွေဆက်သုံးနေမယ်ဆိုရင် ကျည်အစစ်တွေနဲ့ပစ်မယ်လို့ ရဲတွေက ခြိမ်းခြောက်ထားပါတယ်။
နောက်ပိုင်းမှာတော့ ကျည်သုံးချက်ပစ်ခဲ့ပေမဲ့ လူတစ်ယောက်ကိုမှမထိခဲ့ဘူးလို့ ရဲတွေကပြောပါတယ်။
လူ ၃၈ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဟောင်ကောင်ဆေးရုံအုပ်ချုပ်မှုအဖွဲ့ကပြောပါတယ်။
တနင်္လာနေ့မနက်ပိုင်းမှာ ဆန္ဒပြသူဒါဇင်ချီကို တက္ကသိုလ်နားမှာဖမ်းခဲ့တယ်လို့ ဟောင်ကောင်အများပိုင်ရုပ်သံRTHKကဖော်ပြပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဟောင်ကောင်မှာ တရားမျှတမှုမရှိတဲ့အင်အားကိုအသုံးပြုနေတယ်လို့ အမေရိကန်ကရှုတ်ချခဲ့ပြီး ဟောင်ကောင်ရဲ့လွတ်လပ်မှုကိုကာကွယ်ပေးဖို့ တရုတ်ပြည်မကြီးကိုတိုက်တွန်းတယ်လို့ အမေရိကမ်အစိုးရအရာရှိကြီးတစ်ယောက်က တနင်္ဂနွေနေ့မှာဝေဖန်ခဲ့ပါတယ်။

Source-CNA
(Zawgyi)
ဟောင်ကောင်ပိုလီတက္ကနစ်တက္ကသိုလ်မှာ ကျောင်းသားရာချီပိတ်မိနေချိန် လုံခြုံရေးတင်းကြပ်ထား

0 comments:
Post a Comment