Sunday, November 10, 2019

(၁၈) နှစ်အရွယ် မိန်းကလေးရဲ့ပါးကို အတင်းနမ်းတဲ့သူကို ဖမ်းဆီး

အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာတွင် ဓါးဦးချွန်ငှက်ကြီးတောင် ဓါးအား ကိုင်ဆောင်ထားသည်ကို စစ်ဆေးရာမှ ဘုံကထိန်ပွဲတွင် ဆိုင်းပွဲအား အသက် (၁၈)နှစ်ရှိ မိန်းကလေး တစ်ဦးအား ပုခုံးအား အတင်းဖက်၍ ပါးအားနမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ ၈-၁၁-၂၀၁၉ ရက်နေ့ ည (၁၁)နာရီခွဲအချိန်ခန့် အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာတွင် ကျင်းပပြုလုပ်သော ဘုံကထိန်ပွဲတွင် အုတ်တွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် စိုးမိုးနိုင် (၂၉) နှစ် အုန်းပင်ကျေးရွာ၊ အုတ်တွင်းမြို့ နယ်နေသူအား အရိုး(၇)လက်မ၊ အသွား (၁)ပေခွဲ ခန့်ရှိ ဓါးဦးချွန်ငှက်ကြီးတောင် ဓါးအား ကိုင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည့်အပြင် စိုးမိုးနိုင်သည် ၎င်းနေ့ ည (၁၀)နာရီ အချိန်ခန့်တွင် ဘုံကထိန်ပွဲတွင် ဆိုင်းပွဲအား အတူ လာရောက်ကြည့်ရှုသူ ညီအမ (၂)ဦးအနက် အသက် (၁၈)နှစ်ရှိ အမဖြစ်သူအား ပုခုံးအား အတင်းဖက်၍ ပါးအားနမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စိုးမိုးနိုင်အား မြို့မရဲစခန်း (ပ) ၄၁၂/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)နှင့် (ပ) (ပ)၄၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄ (ကာအိန္ဒြေပျက်စီး စေမှု) ဖြင့် ထပ်မံ အမှုဖွင့်ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည်။

<<zawgyi>>

0 comments:

Post a Comment