Tuesday, November 5, 2019

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတွင် အခြေခံဈေးဖြင့်စပါးဝယ်ရန် ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည်

Image may contain: 1 person, standing and text

အခြေခံဈေးဖြင့် စပါးဝယ်ရန် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကို ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောကြားခဲ့သည်။

လက်ရှိတွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ထံသို့ အခြေခံဈေးဖြင့် စပါးဝယ်ယူပေးရန် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့က တင်ပြထားကြောင်းသိရသည်။
ယခုနှစ် မိုးစပါးနှင့် ၂၀၂၀ နွေစပါးအတွက် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ သတ်မှတ်ထားသည့် စပါးတင်း (၁၀၀) လျှင် (၅)သိန်းနှုန်းအောက် ကျဆင်းမည်ဆိုပါက အစိုးရက ငွေစိုက်ထုတ် ဝယ်ယူပေးရန် ကျပ် ၁၅ ဘီလီယံ သတ်မှတ်လျာထားပြီး အဆိုပါ ၁၅ ဘီလီယံကို လည်း ထုတ်ထားပြီးပြီ ဖြစ်သောကြောင့် အဆင်သင့်ရှိသည်ဟုသိရသည်။
စပါးဝယ်ယူပေးရန် လိုအပ်သောသောကြောင့်ပဲခူးတိုင်းအနေဖြင့် ပြီးခဲ့သည့် အပတ်ထဲတွင် စပါးဝယ်ယူရန်အတွက် ၈ ဘီလီယံ ခွဲပေးရန် တောင်းဆိုထားပြီး စပါးဈေး အစိုးရ သတ်မှတ်ထားသည့် နှုန်းအောက် ရောက်ရှိနေသော ဒေသများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ဝယ်ယူရေး အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် အစိုးရက ငွေစိုက်ထုတ်၍ စပါးဝယ်ယူမည့် အစီအစဉ်တွင် ဝယ်ယူပြီး ပါကလည်း ယင်းစိုက်ထုတ်ထားသည့် ရန်ပုံငွေ ပြန်ဆပ်ရမည့် စည်းမျဉ်းစည်းကမ်းများအား ဆွေးနွေးသွားမည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလကို သတ်မှတ်သွားမည်ဟုဆိုသည်။
လက်ရှိ အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန် အခက်အခဲရှိသော နေရာဒေသများတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင် စီစဉ်မှုဖြင့် ဦးဆောင်အဖွဲ့က ဖွဲ့စည်းပေးထားသော လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆန်စပါးဝယ်ယူရေးအဖွဲ့များမှ ဝယ်ယူရေးကို ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့်လည်း ယင်းနှင့် ဆက်စပ်သော ဝယ်ယူရေးနှင့် သိုလှောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Image may contain: one or more people, outdoor and nature

<<Zawgyi>>
ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတွင် အခြေခံဈေးဖြင့်စပါးဝယ်ရန် ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည်
Tuesday , November 5 , 2019

အခြေခံဈေးဖြင့် စပါးဝယ်ရန် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကို ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောကြားခဲ့သည်။
လက်ရှိတွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ထံသို့ အခြေခံဈေးဖြင့် စပါးဝယ်ယူပေးရန် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့က တင်ပြထားကြောင်းသိရသည်။
ယခုနှစ် မိုးစပါးနှင့် ၂၀၂၀ နွေစပါးအတွက် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ သတ်မှတ်ထားသည့် စပါးတင်း (၁၀၀) လျှင် (၅)သိန်းနှုန်းအောက် ကျဆင်းမည်ဆိုပါက အစိုးရက ငွေစိုက်ထုတ် ဝယ်ယူပေးရန် ကျပ် ၁၅ ဘီလီယံ သတ်မှတ်လျာထားပြီး အဆိုပါ ၁၅ ဘီလီယံကို လည်း ထုတ်ထားပြီးပြီ ဖြစ်သောကြောင့် အဆင်သင့်ရှိသည်ဟုသိရသည်။
စပါးဝယ်ယူပေးရန် လိုအပ်သောသောကြောင့်ပဲခူးတိုင်းအနေဖြင့် ပြီးခဲ့သည့် အပတ်ထဲတွင် စပါးဝယ်ယူရန်အတွက် ၈ ဘီလီယံ ခွဲပေးရန် တောင်းဆိုထားပြီး စပါးဈေး အစိုးရ သတ်မှတ်ထားသည့် နှုန်းအောက် ရောက်ရှိနေသော ဒေသများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ဝယ်ယူရေး အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် အစိုးရက ငွေစိုက်ထုတ်၍ စပါးဝယ်ယူမည့် အစီအစဉ်တွင် ဝယ်ယူပြီး ပါကလည်း ယင်းစိုက်ထုတ်ထားသည့် ရန်ပုံငွေ ပြန်ဆပ်ရမည့် စည်းမျဉ်းစည်းကမ်းများအား ဆွေးနွေးသွားမည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလကို သတ်မှတ်သွားမည်ဟုဆိုသည်။
လက်ရှိ အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန် အခက်အခဲရှိသော နေရာဒေသများတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင် စီစဉ်မှုဖြင့် ဦးဆောင်အဖွဲ့က ဖွဲ့စည်းပေးထားသော လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆန်စပါးဝယ်ယူရေးအဖွဲ့များမှ ဝယ်ယူရေးကို ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့်လည်း ယင်းနှင့် ဆက်စပ်သော ဝယ်ယူရေးနှင့် သိုလှောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment