Thursday, November 7, 2019

ဇနီးမယားရှိသူမှ အသက် ၁၇ နှစ်အရွယ် ပထမနှစ်ကျောင်းသူလေးအား ခိုးယူပေါင်းသင်းနေထိုင်နေသဖြင့် အမှုဖွင့်

Image may contain: one or more people, people sitting, sunglasses and closeupImage may contain: people standing and outdoor
နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးတိုက်နယ်တွင် ဘော်ဒါဆောင်တွင် ပညာသင်ကြားနေသော အသက် ၁၇ နှစ်အရွယ် ပထမ နှစ် ကျောင်းသူလေးအား ဇနီးမယားရှိသူက သွေးဆောင်ခိုးယူသွားသဖြင့် ဇရပ်ကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း အဆိုပါနယ်မြေရဲစခန်းကသိရှိရသည်။

ဖြစ်စဉ်မှာ ကျုံပါ(က)ရပ်ကွက်နေ ဒေါ်သန်းမြ ၆၉ နှစ်သည် နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီ အချိန်နေအိမ်တွင်ရှိနေစဉ် အင်ကြင်းသာရပ်ကွက်နေ မအေးအေးမိုး ၃၆ နှစ်ရောက်ရှိလာပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဖြိုးမင်းထွန်း(ခ)ကိုဖြိုး ၃၆ နှစ်သည် ဒေါ်သန်းမြ ၏မြေးဖြစ်သူ မ.... ၁၇ နှစ်နှင့် ချစ်ကြိုက်နေကြောင်း ခင်ပွန်း ဖြစ်သူမှာ နေအိမ်၌ မတွေ့ရတော့ကြောင်း လာရောက်ပြောပြသဖြင့် မ....ပညာသင်ကြားလျက်ရှိသော ဖြိုးအမျိုးသမီဘော်ဒါ ဆောင်သို့ သွားရောက်ကြည့်ရှုခဲ့ရာ မ.... ၁၇ နှစ် ပထမနှစ် (ပထဝီ)မှာလည်း ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် အဘွားဖြစ်သူက တရားလိုပြုလုပ်၍ ဇရပ် ကြီးနယ်မြေရဲစခန်းတွင်အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အမှုစစ် ဒုရဲအုပ် ညိုညိုယဉ်ငြိမ်းက သူတို့နှစ်ယောက်ချစ်ကြိုက် နေတာကို သိနေကြတယ်။ ဘော်ဒါဆောင် ကိုသွားစစ်ဆေးတော့ ကောင်းမလေးကို ဘယ်သူခေါ်သွားတယ် ဘယ်အချိန်ခေါ်သွားတယ် ဆိုတာ သိမြင်တဲ့သူကတော့မရှိဘူး။ ဒါပေမဲ့ နှစ်ယောက်စလုံးက အတူတူ ပျောက်သွားတာဆိုတော့ သေချာသလောက်ပါပဲ ဒါကြောင့် တရားခံ ဖြိုးမင်းထွန်း(ခ)ကိုဖြိုး ရဲ့ ဓာတ်ပုံတွေကို အခြားရဲစခန်းတွေ ကိုဖြန့်ဝေပေးထားတယ်။ စုံစမ်းတုန်းပဲ ခုထိ မမိသေးပါဘူး ဟု ပြောကြားသည်။အမှုဖြစ်စဉ်နှင့်ပါတ် သက်ပြီး ဇရပ်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
သတင်း-#ကိုလွင်

<<Zawgyi>>
ဇနီးမယားရှိသူမှ အသက် ၁၇ နှစ်အရွယ် ပထမနှစ်ကျောင်းသူလေးအား ခိုးယူပေါင်းသင်းနေထိုင်နေသဖြင့် အမှုဖွင့်
Friday , November 8 , 2019

0 comments:

Post a Comment