Sunday, November 10, 2019

ထိုင်းမလေးနယ်စပ် နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံသားများ အထူးသတိထားကြရန်လိုအပ်

Image may contain: one or more people, plant, tree, outdoor and natureImage may contain: 1 person, standing and outdoor

၂၀၁၉ ခုနှစ်မှာ ထိုင်းတောင်ပိုင်း အဆိုးဝါးဆုံး လူသတ်မှုဖြစ်တဲ့ တောင်ပိုင်းခွဲထွက်ရေးသူပုန်တွေ ရလားခရိုင်အတွင်းက စဒေါင်မြို့နယ် ကျေးရွာ အတွင်းဝင်ရောက်ပြီး ပြည်သူ့စစ်တပ်ဖွဲ့နဲ့ မိသားစု ဝင် (၁၅ )ဦး သတ်ခဲ့တဲ့ ဖြစ်ရပ်အပြီး ကာကွယ်ရေးဦးချုပ်အမိန့်နဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တွေဟာ နယ်မြေပိတ်ဆို့ ရှင်းလင်းနေကြကြောင်း သိရှိရသည်။

စဒေါင် -ရလား-ပတ်တနီ -စတဲ့ ထိုင်းမလေးနယ်စပ် ကျေးရွာတွေမှာ အရေးပေါ်အမိန့်ထုတ်ပြန်ထားလို့ တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေနေကြတဲ့ စစ်ကြောင်းတွေ ကိုတွေ့ရင် ထွက်မပြေးကြဖို့ အသာတကြည် အစစ်ခံကြဖို့ နယ်မြေအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။
လူပွဲစားတွေနဲ့ ဆက်သွယ်ပြီး မလေးဝင်ဘို့ နယ်စပ်တွေမှာ စောင့်နေကြတဲ့ ထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ- မလေးကနေ ခိုးဝင် ပြည်တော်ပြန်ကြမယ့်သူတွေအနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေကြတဲ့ ထိုင်းတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တွေရင် အမိန့်ပေးတဲ့အတိုင်း မိမိကိုယ်မှာ သယ်လာထားတဲ့ ပစ္စည်းတွေကို ချပြီး ထိုင်နေကြရပါတယ်။ ထွက်ပြေးမယ်ဆိုရင်တောင်ပိုင်းခွဲထွက်ရေး သူပုန်တွေလို့ လွဲမှားထင်ပြီး ပစ်ခတ်မှုတွေဖြစ်ပွား လာနိုင်ကြောင်း အသိပေးအပ်ပါတယ်
<zawgyi>
ထိုင်းမလေးနယ်စပ် နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံသားများ အထူးသတိထားကြရန်လိုအပ်
Sunday, November 10, 2019

၂၀၁၉ ခုနှစ်မှာ ထိုင်းတောင်ပိုင်း အဆိုးဝါးဆုံး လူသတ်မှုဖြစ်တဲ့ တောင်ပိုင်းခွဲထွက်ရေးသူပုန်တွေ ရလားခရိုင်အတွင်းက စဒေါင်မြို့နယ် ကျေးရွာ အတွင်းဝင်ရောက်ပြီး ပြည်သူ့စစ်တပ်ဖွဲ့နဲ့ မိသားစု ဝင် (၁၅ )ဦး သတ်ခဲ့တဲ့ ဖြစ်ရပ်အပြီး ကာကွယ်ရေးဦးချုပ်အမိန့်နဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တွေဟာ နယ်မြေပိတ်ဆို့ ရှင်းလင်းနေကြကြောင်း သိရှိရသည်။
စဒေါင် -ရလား-ပတ်တနီ -စတဲ့ ထိုင်းမလေးနယ်စပ် ကျေးရွာတွေမှာ အရေးပေါ်အမိန့်ထုတ်ပြန်ထားလို့ တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေနေကြတဲ့ စစ်ကြောင်းတွေ ကိုတွေ့ရင် ထွက်မပြေးကြဖို့ အသာတကြည် အစစ်ခံကြဖို့ နယ်မြေအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။
လူပွဲစားတွေနဲ့ ဆက်သွယ်ပြီး မလေးဝင်ဘို့ နယ်စပ်တွေမှာ စောင့်နေကြတဲ့ ထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ- မလေးကနေ ခိုးဝင် ပြည်တော်ပြန်ကြမယ့်သူတွေအနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေကြတဲ့ ထိုင်းတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တွေရင် အမိန့်ပေးတဲ့အတိုင်း မိမိကိုယ်မှာ သယ်လာထားတဲ့ ပစ္စည်းတွေကို ချပြီး ထိုင်နေကြရပါတယ်။ ထွက်ပြေးမယ်ဆိုရင်တောင်ပိုင်းခွဲထွက်ရေး သူပုန်တွေလို့ လွဲမှားထင်ပြီး ပစ်ခတ်မှုတွေဖြစ်ပွား လာနိုင်ကြောင်း အသိပေးအပ်ပါတယ်
#SAW #Myanmar_Online_News

0 comments:

Post a Comment