Friday, November 8, 2019

ကျင်းဟောင်း ကမ်းပါးယံပြိုကျမှုကြောင့် ဖားကန့်ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး သေဆုံး၊ သုံးဦး ဒါဏ်ရာရရှိ

Image may contain: outdoor and natureImage may contain: one or more people, people sitting and indoor

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက် ကျင်းဟောင်းကမ်းပါးယံ ပြိုကျရာမှ အဆိုပါ ကမ်းပါးယံတွင် လက်ကျင်းတူးကျောက်ရှာဖွေနေသူ ရေမဆေးတစ်ဦးသေဆုံး၍ သုံးဦးဒါဏ်ရာရရှိကြောင်း သိရသည်။

သေဆုံးသူမှာ ကိုအောင်ဆန်းဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးဌေးဝင်း၊ တောင်းကော့မှော်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး၊ ဒါဏ်ရာရရှိသူရေမဆေးသုံးဦးမှာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု(မစိုးရိမ်ရ) ခံယူနေကြောင်း သိရသည်။
ဖားကန့်ဒေသတွင် ယခုလိုပွင့်လင်းရာသီ ကျောက်စိမ်းတူးဖော်သည့် အချိန်ကာလ၌ ကုမ္ပဏီများစွန့်ပစ်သည့် နေရာတွင် ကျောက်စိမ်းရှာဖွေသည့် ရေမဆေးများ များစွာရှိနေပြီး၊ အနည်းစုမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ လစ်လပ်နေသည့်နေရာအချို့တွင် တရားမဝင် လက်ကျင်းတူးကျောက်ရှာဖွေနေမှုများ ရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။
Image may contain: 1 person, sitting and indoor
Image may contain: one or more people
<<Zawgyi>>
ကျင်းဟောင်း ကမ်းပါးယံပြိုကျမှုကြောင့် ဖားကန့်ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး သေဆုံး၊ သုံးဦး ဒါဏ်ရာရရှိ
Friday , November 8 , 2019

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက် ကျင်းဟောင်းကမ်းပါးယံ ပြိုကျရာမှ အဆိုပါ ကမ်းပါးယံတွင် လက်ကျင်းတူးကျောက်ရှာဖွေနေသူ ရေမဆေးတစ်ဦးသေဆုံး၍ သုံးဦးဒါဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ(၆)ရက် ၊ည(၁၀း၃၀)အချိန်က အောင်ဟိန်းမင်း ကျောက်စိမ်းတူးဖော်ရေးကုပ္မဏီ လုပ်ကွက်ရှိ ကျင်းဟောင်းကမ်းပါးယံ၏ အမြင့်ပေ (၂၅၀)ခန့်ရှိ မြေစာပုံပြိုကျမှုကြောင့် အဆိုပါ ကမ်းပါးယံအလယ်တွင် ရေမဆေး ကျောက်ရှာဖွေနေသူများ မြေစာပုံပိကာ သေဆုံး၊ဒါဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ ကိုအောင်ဆန်းဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးဌေးဝင်း၊ တောင်းကော့မှော်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး၊ ဒါဏ်ရာရရှိသူရေမဆေးသုံးဦးမှာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု(မစိုးရိမ်ရ) ခံယူနေကြောင်း သိရသည်။
ဖားကန့်ဒေသတွင် ယခုလိုပွင့်လင်းရာသီ ကျောက်စိမ်းတူးဖော်သည့် အချိန်ကာလ၌ ကုမ္ပဏီများစွန့်ပစ်သည့် နေရာတွင် ကျောက်စိမ်းရှာဖွေသည့် ရေမဆေးများ များစွာရှိနေပြီး၊ အနည်းစုမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ လစ်လပ်နေသည့်နေရာအချို့တွင် တရားမဝင် လက်ကျင်းတူးကျောက်ရှာဖွေနေမှုများ ရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။

0 comments:

Post a Comment