Sunday, November 10, 2019

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်တွင် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

Image may contain: one or more people and indoor

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ နယ်၊ ပန်စရီကျေးရွာနေ မောင်အောင်ဝင်း (ဘ)ဦးကျော်အေးသည် နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မိုင်းငေါ့မြို့မှ ဆိုင်ကယ်ဖြင့် စျေးဝယ်၍ပြန်လာစဉ် မာမို့ကျေးရွာနှင့် နမ့်တွေကျေးရွာ အနီးသို့ အရောက်၌ တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းထိလူနာအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်း ရရှိသည်။
<zawgyi>

0 comments:

Post a Comment