Monday, November 11, 2019

ဘင်္ဂလားဒေ့ရ်ှစစ်တပ် နျူကလီးယားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း


ဘင်္ဂလားဒေ့ရ်ှစစ်တပ်ဟာ နျူကလီးယားကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းတော့မယ်လို့ Defence Research Forum- DefRes ရဲ့ Facebook မှာ ဖော်ပြခဲ့ပါတယ်။

နျူကလီးယားဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပုံမှန်သင်တန်းပေးနိုင်ဖို့လည်း ဘင်္ဂလားဒေ့ရ်ှစစ်တပ်က ရည်မှန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလိုဖွဲ့စည်းခြင်းကြောင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေက ဓာတုလက်နက်အသုံးပြုတိုက်ခိုက်လာဖို့ဖြစ်စေ၊မိမိနိုင်ငံ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေက နျူကလီးယားဓာတ်အားပေးစက်ရုံတွေက ဘေးအန္တရာယ်တစ်စုံတစ်ခုဖြစ်လာခဲ့ရင်လည်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း Defence Research Forum- DefRes မှာရေးသားထားပါတယ်။
အနောက်နိုင်ငံတွေနည်းတူ အခုဆိုရင် ဘင်္ဂလားဒေ့ရ်ှစစ်တပ်ဟာ နျူကလီးယားကာကွယ်ရေးဆိုင်ရာ ၀တ်စုံနဲ့ အသုံးအဆောင်ပစ္စည်းတွေကို စတင်စုဆောင်းနေပြီဖြစ်ပြီး ၄င်းတို့အတွက် တင်ဒါခေါ်ယူမှုတွေလည်းရှိ နေတယ်လို့ သိရပါတယ်။
Ref; Defence Research Forum- DefRes
<zawgyi>
ဘင်္ဂလားဒေ့ရ်ှစစ်တပ် နျူကလီးယားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း
Tuesday , November 12, 2019

ဘင်္ဂလားဒေ့ရ်ှစစ်တပ်ဟာ နျူကလီးယားကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းတော့မယ်လို့ Defence Research Forum- DefRes ရဲ့ Facebook မှာ ဖော်ပြခဲ့ပါတယ်။
နျူကလီးယားဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပုံမှန်သင်တန်းပေးနိုင်ဖို့လည်း ဘင်္ဂလားဒေ့ရ်ှစစ်တပ်က ရည်မှန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလိုဖွဲ့စည်းခြင်းကြောင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေက ဓာတုလက်နက်အသုံးပြုတိုက်ခိုက်လာဖို့ဖြစ်စေ၊မိမိနိုင်ငံ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေက နျူကလီးယားဓာတ်အားပေးစက်ရုံတွေက ဘေးအန္တရာယ်တစ်စုံတစ်ခုဖြစ်လာခဲ့ရင်လည်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း Defence Research Forum- DefRes မှာရေးသားထားပါတယ်။
အနောက်နိုင်ငံတွေနည်းတူ အခုဆိုရင် ဘင်္ဂလားဒေ့ရ်ှစစ်တပ်ဟာ နျူကလီးယားကာကွယ်ရေးဆိုင်ရာ ဝတ်စုံနဲ့ အသုံးအဆောင်ပစ္စည်းတွေကို စတင်စုဆောင်းနေပြီဖြစ်ပြီး ၎င်းတို့အတွက် တင်ဒါခေါ်ယူမှုတွေလည်းရှိ နေတယ်လို့ သိရပါတယ်။
Ref; Defence Research Forum- DefRes

0 comments:

Post a Comment