Wednesday, November 6, 2019

အမေရိကန်၏ပိတ်ဆို့မှုများကြောင့် ရုရှားနဲ့စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့ ခြိမ်းခြောက်လိုက်တဲ့တူရကီ

Image may contain: 1 person, textImage may contain: airplane and sky

တူရကီနိုင်ငံအတွက် အဓိကကျသော တိုက်လေယာဉ် အမျိုးအစားတစ်ခုကို တူရကီကို ရောင်းမယ့်အစီအစဉ် ကိုအမေရိကန် ပိတ်ပင်ထားမှုက်ု မရုပ်သိမ်းပေးပါက ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေး ပိုပြီးတိုးမြှင့်မှာဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ခြိမ်းခြောက် ပြောဆိုခဲ့သည်။

သမ္မတ Erdgoan နှင့် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ နောက်သီတင်းပတ်အတွင်း တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာပဲ အခုလို သတိပေး ချက်ထွက်လာခြင်းဖြစ်သည်။ အဆိုပါ ရုရှားလုပ် နောက်ဆုံးပေါ် Su-35 ဗုံးကျဲ တိုက်လေယာဉ်ကို ဝယ်ယူဖို့ တူရကီက စီစဉ်ထားတာဖြစ်ပြီး ရုရှား လုပ် S-400 ဒုံးကျည်စနစ်ကို တူရကီက ဝယ်ယူလိုက်တာကြောင့် အနောက် မဟာမိတ်နိုင်ငံတွေ သတိထားစရာ ဖြစ်ခဲ့ရခြင်းဖြစ်သည်။
ရုရှားလုပ် တိုက်လေယာဉ်ဝယ်ယူရေး နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့ကိစ္စဟာ အမေရိကန်ပေါ်မှာ မူတည်တဲ့သဘောမျိုး Erdogan က ပြောထားပြီး အမေရိကန်လုပ် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ တူရကီကို ရောင်းမယ့်ကိစ္စ သမ္မတထရမ့်ပ် က ဆိုင်းငံ့ထားတာကို ရုပ်သိမ်းဖို့ သမ္မတ Erdogan က တောင်းဆိုထားတာဖြစ်သည်။
ရုရှားလုပ် S-400 ဒုံးကျည်စနစ်ကို တူရကီက ဝယ်လိုက်တာကို လက်တုန့်ပြန်တဲ့ အနေနဲ့ တိုက်လေယာဉ် ရောင်းမယ့်ကိစ္စ အမေရိ ကန်က ဆိုင်းထားတာဖြစ်ပြီး အဆိုပါ ဒုံးကျည်စနစ်ဟာ NATO အဖွဲ့ရဲ့ လက်နက်စနစ်တွေ၊ အထူးသဖြင့် F-35 ကိုယ်ပျောက်တိုက်လေ ယာဉ်နည်းပညာကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်ကပြောကြားထားသည်။
တူရကီ သမ္မတ Erdoganကမူ S-400 ဝယ်တုန်းက ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မတောင်းခဲ့တဲ့ အကြောင်းနှင့် ယခု Su-35 ဗုံးကျဲ တိုက်လေယာဉ်ဝယ်ဖို့ ဆုံးဖြတ်မယ် ဆိုရင်လည်း ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ဝယ်မှာပဲလို့ က အင်္ဂါနေ့မှာပြောကြားထားကြောင်း သိရှိရပါသည်။
<<Zawgyi>>
အမေရိကန်၏ပိတ်ဆို့မှုများကြောင့် ရုရှားနဲ့စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့ ခြိမ်းခြောက်လိုက်တဲ့တူရကီ
Thursday , November 7 , 2019

0 comments:

Post a Comment