Wednesday, November 6, 2019

စံချိန်မီ ငါးမူးသား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချမည်

No photo description available.
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး တစ်မတ်သား(ပုံစံသစ်)နှင့် တစ်ကျပ်သား(ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။
စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများ သွန်းလောင်းပြီး တစ်မတ်သား(ပုံစံသစ်)နှင့် တစ်ကျပ်သား(ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများ၏ မျက်နှာပိုင်း ဗဟိုတွင် ဗိုလ်ချုပ်ပုံ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများဝယ်ယူမှုများပြားသော ငါးမူးသားရွှေဒင်္ဂါးမှာ လက်ကျန်နည်းနေပါသဖြင့် အသစ် သွန်းလောင်း ထုတ်ဝေမည်ဖြစ်ပါသည်။ အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချင်းမှာ ၂၂.၀ မီလီမီတာ၊ အထူမှာ ၁.၅ မီလီမီတာ ရှိပါသည်။ ဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိပါသည်။ ဒင်္ဂါး၏ အနားပတ်လည်တွင် "Central Bank of Myanmar"၊ "8.164 gm 999.9 Fine Gold" ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး၊ အခြားတစ်ဖက် မျက်နှာပြင်တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၉၊ ၅ မူးသား၊ ၉၉၉.၉ သန့်စင်ရွှေ" ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

ငါးမူးသားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမည်ဖြစ်သည်။

ငါးမူးသားရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ကျပ် ၂၅,၀၀၀/- ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ပထမရက်သတ္တပတ်မှစတင်၍ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။

#MDN #Myanmar_Online_News #ငါးမူးသားရွှေဒင်္ဂါးပြား #မြန်မာနိုင်ငံတော်ဗဟိုဘဏ်

<<Zawgyi>>

စံချိန်မီ ငါးမူးသား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချမည်
Thursday , November 7 , 2019

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး တစ်မတ်သား(ပုံစံသစ်)နှင့် တစ်ကျပ်သား(ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။

စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများ သွန်းလောင်းပြီး တစ်မတ်သား(ပုံစံသစ်)နှင့် တစ်ကျပ်သား(ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများ၏ မျက်နှာပိုင်း ဗဟိုတွင် ဗိုလ်ချုပ်ပုံ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများဝယ်ယူမှုများပြားေသာ ငါးမူးသားရွှေဒင်္ဂါးမှာ လက်ကျန်နည်းနေပါသဖြင့် အသစ် သွန်းလောင်း ထုတ်ဝေမည်ဖြစ်ပါသည်။ အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချင်းမှာ ၂၂.၀ မီလီမီတာ၊ အထူမှာ ၁.၅ မီလီမီတာ ရှိပါသည်။ ဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိပါသည်။ ဒင်္ဂါး၏ အနားပတ်လည်တွင် "Central Bank of Myanmar"၊ "8.164 gm 999.9 Fine Gold" ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး၊ အခြားတစ်ဖက် မျက်နှာပြင်တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၉၊ ၅ မူးသား၊ ၉၉၉.၉ သန့်စင်ရွှေ" ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

ငါးမူးသားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမည်ဖြစ်သည်။

ငါးမူးသားရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ကျပ် ၂၅,၀၀၀/- ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ပထမရက်သတ္တပတ်မှစတင်၍ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။

#MDN #Myanmar_Online_News #ငါးမူးသားရွှေဒင်္ဂါးပြား #မြန်မာနိုင်ငံတော်ဗဟိုဘဏ်

0 comments:

Post a Comment