Wednesday, November 6, 2019

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု တပ်မတော်ပြောကြား

Image may contain: 1 person, sitting

AA လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အစိုးရဝန်ထမ်းများစသူတို့ကို ဖမ်း ဆီးခေါ်ဆောင်မှုများပြုလုပ်နေသော်လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြောက်ပိုင်း ၄ ဖွဲ့နဲ့ တွေ့ဆုံမှုကတော့ NRPC က သူတို့ဆက်လုပ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ် သက်လို့ကတော့ တပ်မတော်က NRPC ရဲ့ ဦးဆောင်မှုအောက်မှာပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ AA အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကလည်း ပြောသွားလိမ့်မယ်။ လူမှုအဖွဲ့အစည်းကလည်း ကြေညာချက်ထုတ်တာတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
နိုဝင်ဘာလ ၃ ရက်က ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းပါ ၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၅ ဦးတို့ကို AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးစဉ် အိန္ဒိယနိုင်ငံသား ၁ ဦးမှာ အမောဖောက်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခဲ့သူများအနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွဲ၍ ဖမ်းဆီးခံရသူအားလုံးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းလွှတ်တော်ကိုယ်စားလှယ်အား မည်သည့်အတွက်ကြောင့် ခေါ်ယူထိန်းသိမ်းရသည်ကို မကြာမီသီးသန့်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း AA လက်နက်ကိုင်အဖွဲ့မှ နိုဝင်ဘာ လ ၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
<zawgyi>
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု တပ်မတော်ပြောကြား
Thursday , November 7 , 2019

0 comments:

Post a Comment