Sunday, November 17, 2019

အမြန်လမ်းတွင် ယာဉ်သုံးစီ ဆင့်တိုက်မှုဖြစ်ပွား

Image may contain: sky and outdoor

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်သုံးစီ ဆင့်တိုက်မှုဖြစ်ပွားခဲ့သော်လည်း သေဆုံးမှု၊ ပြင်းထန်စွာ ထိခိုက်မှု မရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိဝင်ဘာလ (၁၈) ရက်နေ့ နံနက် (၀၆၄၀) အချိန်ခန့်တွင် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင်အမှတ်-၂၁/၂ အနီး တွင် ယာဉ် (၃) စီး ဆင့်တိုက် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးအောင်ဇော်မိုး အသက်(၄၀) နှစ်ရပ်စောက်မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ် အမှတ်-YGN 6D/----King Long အမျိုးအစား အပြာရောင် တောင်ကြီး-ရန်ကုန် ရွှေကမ္ဘာExpress ယာဉ်နှင့် ယာဉ်မောင်းဦးလှသိန်း၊ အသက် (၄၅) နှစ် ရွှေပြည်သာ မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 6Q/----YUTONG အမျိုး အစား အဝါရောင် ဗန်းမော်-ရန်ကုန် Hight Class Express အပါအဝင် ယာဉ် (၂) စီးသည် မိုင်တိုင်-၂၁/၁- ၂၁/၂ ကြား အမြန် လမ်းမပေါ်တွင် ယာဉ်ငယ်တစ်စီး ယာဉ်မတော် တဆမှု ဖြစ်စဉ် ရှင်းလင်းဆောင်ရွက်နေ၍ ခတ္တ ရပ်တန့်စောင့်ဆိုင်း နေစဉ် လားရာတူ နောက်မှယာဉ်မောင်း ကိုဇော်မင်းလှိုင်အသက်(၃၃) နှစ် မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-YGN- 9E/----King Long အမျိုးအစား ခဲဝါရောင် တောင်ကြီး-ရန်ကုန် ဝေဖြိုးအောင် ယာဉ် Express ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက် တိုက်မိသဖြင့် Express ယာဉ်(၃) စီး ဆင့်တိုက်မှု ဖြစ်စဉ်ဖြစ်ပွါးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ရွှေကမ္ဘာယာဉ်လိုင်း ခရီးသည်တင် Express ယာဉ်ပေါ်တွင်ပါရှိသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်ပါ ကျား (၁၇)ဦး မ(၁၂)ဦး ပေါင်း(၂၉)ဦး Hight Class ယာဉ်လိုင်း ခရီးသည်တင် Express ယာဉ်ပေါ်တွင်ပါရှိသည့် ယာဉ်မောင်း/ ယာဉ်နောက်လိုက်ပါ ကျား(၂၇)ဦး မ(၁၂) ဦး ပေါင်း(၃၉) ဦးနှင့် ဝေဖြိုးအောင် ယာဉ်လိုင်းခရီးသည်တင် Express ယာဉ်ပေါ်တွင် ပါရှိသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်ပါ ကျား (၂၂)ဦး၊ မ(၁၈) ဦး ပေါင်း(၄၀)ဦး တို့တွင်ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

အမြန်လမ်းတွင် ယာဉ်သုံးစီ ဆင့်တိုက်မှုဖြစ်ပွား
--- --- ---

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်သုံးစီ ဆင့်တိုက်မှုဖြစ်ပွား ခဲ့သော်လည်း သေဆုံးမှု၊ ပြင်းထန်စွာ ထိခိုက်မှု မရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိဝင်ဘာလ (၁၈) ရက်နေ့ နံနက် (၀၆၄၀) အချိန်ခန့်တွင် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင်အမှတ်-၂၁/၂ အနီး တွင် ယာဉ် (၃) စီး ဆင့်တိုက် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးအောင်ဇော်မိုး အသက်(၄၀) နှစ်ရပ်စောက်မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ် အမှတ်-YGN 6D/----King Long အမျိုးအစား အပြာရောင် တောင်ကြီး-ရန်ကုန် ရွှေကမ္ဘာExpress ယာဉ်နှင့် ယာဉ်မောင်းဦးလှသိန်း၊ အသက် (၄၅) နှစ် ရွှေပြည်သာ မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 6Q/----YUTONG အမျိုး အစား အဝါရောင် ဗန်းမော်-ရန်ကုန် Hight Class Express အပါအဝင် ယာဉ် (၂) စီးသည် မိုင်တိုင်-၂၁/၁- ၂၁/၂ ကြား အမြန် လမ်းမပေါ်တွင် ယာဉ်ငယ်တစ်စီး ယာဉ်မတော် တဆမှု ဖြစ်စဉ် ရှင်းလင်းဆောင်ရွက်နေ၍ ခတ္တ ရပ်တန့်စောင့်ဆိုင်း နေစဉ် လားရာတူ နောက်မှယာဉ်မောင်း ကိုဇော်မင်းလှိုင်အသက်(၃၃) နှစ် မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-YGN- 9E/----King Long အမျိုးအစား ခဲဝါရောင် တောင်ကြီး-ရန်ကုန် ဝေဖြိုးအောင် ယာဉ် Express ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက် တိုက်မိသဖြင့် Express ယာဉ်(၃) စီး ဆင့်တိုက်မှု ဖြစ်စဉ်ဖြစ်ပွါးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ရွှေကမ္ဘာယာဉ်လိုင်း ခရီးသည်တင် Express ယာဉ်ပေါ်တွင်ပါရှိသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်ပါ ကျား (၁၇)ဦး မ(၁၂)ဦး ပေါင်း(၂၉)ဦး Hight Class ယာဉ်လိုင်း ခရီးသည်တင် Express ယာဉ်ပေါ်တွင်ပါရှိသည့် ယာဉ်မောင်း/ ယာဉ်နောက်လိုက်ပါ ကျား(၂၇)ဦး မ(၁၂) ဦး ပေါင်း(၃၉) ဦးနှင့် ဝေဖြိုးအောင် ယာဉ်လိုင်းခရီးသည်တင် Express ယာဉ်ပေါ်တွင် ပါရှိသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်ပါ ကျား (၂၂)ဦး၊ မ(၁၈) ဦး ပေါင်း(၄၀)ဦး တို့တွင်ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
The Ladies News

0 comments:

Post a Comment