Thursday, November 7, 2019

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆက်ကြေးငွေတောင်းခံသူကို ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးရမိ

Image may contain: one or more people and outdoorImage may contain: sky, cloud and outdoor

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ နိုဝင်ဘာလ (၆) ရက်နေ့ ညနေပိုင်းက အဖွဲ့အစည်းတစ်ခုအမည်ကို အသုံးပြုကာ ဆက်ကြေး ငွေတောင်းခံသူ တစ်ဦးကို ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်ကြေးငွေတောင်းခံသူကို နိုဝင်ဘာလ ၆ ရက်နေ့၊ ညနေ ၂း၃၀ နာရီအချိန်ခန့်က လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ ၁၅ ကုက္ကိုလ်ရိပ်စားသောက်ဆိုင်ရှေ့ ကွတ်ခိုင်လမ်းပေါ်မှာ ပူးပေါင်းအဖွဲ့က ပစ်ခတ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဆက်ကြေးငွေတောင်းခံသူမှာ စောရန်ပိုင်ဆိုသူဖြစ်ပြီး ၎င်းသည် အဖွဲ့အစည်းတစ်ခုအမည်ကို အသုံးပြု၍ လားရှိုးမြို့၊ ရပ်ကွက် ၁၂ အတွင်းရှိ KTV ဆိုင်တစ်ခုထံ အခွန်ငွေဟု ဆိုကာ ငွေတောင်းခဲ့ရာ ဆိုင်ရှင် ဖြစ်သူက ကုက္ကိုလ်ရိပ် စားသောက်ဆိုင်တွင် ချိန်းဆိုထားသဖြင့် လာရောက်စဉ် သတင်းအရ စောင့်ဆိုင်းနေသည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်ကြေးကောက်ခံမှုများ ခြိမ်းခြောက်ငွေ တောင်းခံမှုများ မကြာခဏ ဖြစ်ပေါ်လျှက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းပေါ်ရှိ DENKO စက်သုံးဆီ အရောင်းဆိုင်ကို မိုင်းအတုတပ်ဆင်ကာ ငွေတောင်းခံသူကိုလည်း ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
Image may contain: sky and outdoor
<zawgyi>
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆက်ကြေးငွေတောင်းခံသူကို ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးရမိ
Friday , November 8 , 2019

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ နိုဝင်ဘာလ (၆) ရက်နေ့ ညနေပိုင်းက အဖွဲ့အစည်းတစ်ခုအမည်ကို အသုံးပြုကာ ဆက်ကြေး ငွေတောင်းခံသူ တစ်ဦးကို ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။
ဆက်ကြေးငွေတောင်းခံသူကို နိုဝင်ဘာလ ၆ ရက်နေ့၊ ညနေ ၂း၃၀ နာရီအချိန်ခန့်က လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ ၁၅ ကုက္ကိုလ်ရိပ်စားသောက်ဆိုင်ရှေ့ ကွတ်ခိုင်လမ်းပေါ်မှာ ပူးပေါင်းအဖွဲ့က ပစ်ခတ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဆက်ကြေးငွေတောင်းခံသူမှာ စောရန်ပိုင်ဆိုသူဖြစ်ပြီး ၎င်းသည် အဖွဲ့အစည်းတစ်ခုအမည်ကို အသုံးပြု၍ လားရှိုးမြို့၊ ရပ်ကွက် ၁၂ အတွင်းရှိ KTV ဆိုင်တစ်ခုထံ အခွန်ငွေဟု ဆိုကာ ငွေတောင်းခဲ့ရာ ဆိုင်ရှင် ဖြစ်သူက ကုက္ကိုလ်ရိပ် စားသောက်ဆိုင်တွင် ချိန်းဆိုထားသဖြင့် လာရောက်စဉ် သတင်းအရ စောင့်ဆိုင်းနေသည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်ကြေးကောက်ခံမှုများ ခြိမ်းခြောက်ငွေ တောင်းခံမှုများ မကြာခဏ ဖြစ်ပေါ်လျှက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းပေါ်ရှိ DENKO စက်သုံးဆီ အရောင်းဆိုင်ကို မိုင်းအတုတပ်ဆင်ကာ ငွေတောင်းခံသူကိုလည်း ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
#Juno #EPN #MyanmarOnlineNew

0 comments:

Post a Comment