Wednesday, November 6, 2019

အိမ်နီးချင်းနိုင်ငံများနှင့် စစ်ဖက်ချင်း ဆက်ဆံရေး မြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်မည်

Image may contain: 1 person

အိမ်နီးချင်းနိုင်ငံများနှင့် စစ်ဖက်ချင်းဆက်ဆံရေး မြှင့်တင်ရန် လာမည့်လအတွင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဇစ်အာမက်သည် မြန်မာနိုင်ငံသို့ တစ်ပတ်ကြာ လာရောက်လည်ပတ်မည်ဖြစ် ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်အကြီးအကဲ၏ ဖိတ်ကြားချက်အရ ဇနီးများအပါအဝင် အဖွဲ့ဝင် ဆယ်ဦးပါသော ကိုယ် စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
“အိမ်နီးချင်းနိုင်ငံတွေက တပ်မတော်အကြီအကဲတွေနဲ့ ချောမွေ့တဲ့ဆက်ဆံရေးကို ကျနော်တို့လိုလားတယ်” ဟု ဘင်္ဂလားဒေ့ရှ် အရာရှိတဦးကပြောပြီး “ တပ်မတော်ဌာနချုပ်၊ စစ်တကောင်းနဲ့ ကော့ဘဇားက အရာရှိတွေလည်း တပ်မတော်အကြီးအကဲနဲ့အတူလိုက်သွားမယ်” ဟုလည်းသူပြောသည်။
လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီးအဇစ်သည် နိုဝင်ဘာလ (၅) ရက်နေ့တွင် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံတွင် ၅ ရက်ကြာလည်ပတ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မြေပြင်တပ်များ၏ တပ်မှူး၊ အိုလံပစ် ကော်မတီဝင်များနှင့် အခြားအရာရှိများနှင့်တွေ့ဆုံပြီးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသို့ သူ၏ ပထမဆုံး ထိုခရီးစဉ်သည် အလွန်ထူးခြားသည်ဟု လေ့လာသူများက ဖေါ်ပြကြသည်။ ထိုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားစစ်ရေးအရ အရေးပါသော နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဆော်ဒီအာရေးဗီးယား၊ တူရကီနှင့် အင်ဒိုနီးရှား တိုသို့ သွားရောက်လည်ပတ်ပြီးမှ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
<zawgyi>
အိမ်နီးချင်းနိုင်ငံများနှင့် စစ်ဖက်ချင်း ဆက်ဆံရေး မြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်မည်
Thursday , November 7 , 2019

အိမ်နီးချင်းနိုင်ငံများနှင့် စစ်ဖက်ချင်းဆက်ဆံရေး မြှင့်တင်ရန် လာမည့်လအတွင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဇစ်အာမက်သည် မြန်မာနိုင်ငံသို့ တစ်ပတ်ကြာ လာရောက်လည်ပတ်မည်ဖြစ် ကြောင်း သိရှိရသည်။
မြန်မာ့တပ်မတော်အကြီးအကဲ၏ ဖိတ်ကြားချက်အရ ဇနီးများအပါအဝင် အဖွဲ့ဝင် ဆယ်ဦးပါသော ကိုယ် စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
“အိမ်နီးချင်းနိုင်ငံတွေက တပ်မတော်အကြီအကဲတွေနဲ့ ချောမွေ့တဲ့ဆက်ဆံရေးကို ကျနော်တို့လိုလားတယ်” ဟု ဘင်္ဂလားဒေ့ရှ် အရာရှိတဦးကပြောပြီး “ တပ်မတော်ဌာနချုပ်၊ စစ်တကောင်းနဲ့ ကော့ဘဇားက အရာရှိတွေလည်း တပ်မတော်အကြီးအကဲနဲ့အတူလိုက်သွားမယ်” ဟုလည်းသူပြောသည်။
လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီးအဇစ်သည် နိုဝင်ဘာလ (၅) ရက်နေ့တွင် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံတွင် ၅ ရက်ကြာလည်ပတ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မြေပြင်တပ်များ၏ တပ်မှူး၊ အိုလံပစ် ကော်မတီဝင်များနှင့် အခြားအရာရှိများနှင့်တွေ့ဆုံပြီးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသို့ သူ၏ ပထမဆုံး ထိုခရီးစဉ်သည် အလွန်ထူးခြားသည်ဟု လေ့လာသူများက ဖေါ်ပြကြသည်။ ထိုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားစစ်ရေးအရ အရေးပါသော နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဆော်ဒီအာရေးဗီးယား၊ တူရကီနှင့် အင်ဒိုနီးရှား တိုသို့ သွားရောက်လည်ပတ်ပြီးမှ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment