Thursday, November 7, 2019

အီး-စီးကရက်က နှလုံးကို ထိခိုက်စေကြောင်း လေ့လာတွေ့ရှိ

Image may contain: one or more people and closeup

ဆယ်ကျော်သက်အရွယ်ကြားမှာ လူကြိုက်များနေတဲ့ E-စီးကရက် က နှလုံးသွေးပြန်ကြောစနစ်ကို ပျက်ဆီးနိုင် ကြောင်း၊ အီး-စီးကရက်နဲ့ ပတ်သတ်ပြီးသေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေ ကြီးထွားလာတဲ့အတွက် စိုးရိမ်မှု ဖြစ်လာကြောင်း သိရှိရသည်။

ပြီးခဲ့တဲ့ လက အမေရိကန်နိုင်ငံက ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့ကလည်း အီး-စီးကရက်နဲ့ ဆက်နွယ်ပြီး အဆုတ်ဒဏ်ရာရရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အီး-စီးကရက်ထဲမှာ နီကိုတင်း နဲ့ သတ္တုပါဝင်ခြင်း၊ လေထုညစ်ညမ်းမှုကို လေ့လာရာတွင်လည်း သေးငယ်တဲ့ အမှုံအမွှားလေးတွေဟာ သွေးလှည့်ပတ်မှုထဲကို ရောက်ရှိပြီး နှလုံးဆီကို တိုက်ရိုက်ရောက်ရှိ သွားကြောင်း ဒီကနေ့ထုတ်ပြန်ချက်ကို ရေးသားတဲ့ အိုဟိုင်းအိုးတက္ကသိုလ်က အကြီးတန်းစာရေးဆရာ လိုရန်ဝေါ ကပြောပါတယ်။
တိုဘာကိုးထဲမှာလည်း တွေ့ရှိနိုင်တဲ့ နီကိုတင်းဟာ နှလုံးခုန်နှုန်းမြန်စေနိုင်သလို သွေးတိုးစေနိုင်ပါတယ်။
အီး-စီးကရက်ထဲမှာ ဖော်မယ်ဒီဟိုက် ပါရှိရာ ဖော်မယ်ဒီဟိုက်က ကင်ဆာရောဂါကို ဖြစ်စေနိုင်ခြင်းနဲ့ နှလုံးကို ထိခိုက်စေကြောင်း ကြွက်နဲ့ စမ်းသပ်မှုကနေ တွေ့ရှိရပါတယ်။
အီး-စီးကရက်နဲ့ပတ်သတ်ပီး အမေရိကန်နိုင်ငံရဲ့ ၂၄ ပြည်နယ်မှာ လူပေါင်း ၃၇ ဦးသေဆုံးပြီး တစ်နိုင်ငံလုံးမှာ အဆုတ်ရောဂါရှင်ပေါင်း ၁,၉၀၀ ဦး နီးပါးရှိကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်းမှာ အီးစီးကရက်သုံးစွဲသူက ၂၀၁၁ ခုနှစ်က ၇ သန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၄၁ သန်းအထိ တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမေရိကန်နိုင်ငံက အထက်တန်းကျောင်းများမှာ အီး-စီးကရက်သုံးစွဲသူဟာ နှစ်နှစ်အတွင်း ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ အလယ်တန်းကျောင်းများမှာ ၂၀၁၈ခုနှစ်ကထက် ၂၀၁၉ ခုနှစ်က နှစ်ဆဖြစ်လာပြီး အလယ်ကျောင်းသူကျောင်းသား ၁၀ ရာခိုင်နှုန်းက အီး-စီးကရက် သုံးစွဲကြောင်း ဝန်ခံထားပါတယ်လို့ အမျိုးသားလူငယ်ရေးရာတိုဘာကို လေ့လာရေး ၂၀၁၉ ခုနှစ်ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
<zawgyi>
အီး-စီးကရက်က နှလုံးကို ထိခိုက်စေကြောင်း လေ့လာတွေ့ရှိ
Friday , November 8, 2019

#အီး-စီးကရက် #Myanmar_Online_News #ကျန်းမာရေး

0 comments:

Post a Comment