Thursday, November 7, 2019

ဘင်္ဂလားဒက်ရှ်က နိုင်ငံတွင်းရှိ ခိုးဝင်များကို ဖော်ထုတ်၍ ပြည်နှင်ဒါဏ်ပေးမည်ဖြစ်

Image may contain: 4 people, people sitting and text

ဘင်္ဂလားဒက်ရှ်နိုင်ငံသည် ပြည်တွင်းရောက် ဗီဇာရက်လွန်နိုင်ငံခြားသားများကို ကိုယ့်စရိတ်ကိုယ်ခံစေစံနစ်ဖြင့် ပြည်နှင်ဒါဏ်ပေးရန် စီစဉ်လျှက်ရှိသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ ရေးသားထားသည်။

ကြာသပတေးနေ့ ဒါကာမြို့တွင် ကက်ဘိနက်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သော “ဘင်္ဂလားဒက်ရှ် လွတ်မြောက်ရေးစစ်ပွဲရေးရာများဆိုင်ရာဝန်ကြီး “ အေကေအမ်မိုဇမ်မဲဟာကီးက ပြောဆိုရာ၌ ဆက်လက်နေထိုင်ခွင့်ပြုရန် မဖြစ်နိုင်တော့သည့် နိုင်ငံခြားသားများကို ထောက်လှမ်းရေးအေဂျင်စီများအကူအညီဖြင့် အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အား ပြည်နှင်ဒါဏ်ပေးရန် စီစဉ်လျှက်ရှိကြောင်း ရှင်းပြသည်ဆို၏။
သို့သော် ကိုယ့်စရိတ်ကိုယ်ခံစေစံနစ်ဖြင့် ပြန်ပို့ခံကြရမည့် ၎င်းတို့သည် လုံလောက်သော ခရီးစရိတ်မပေးနိုင်ခြင်း၊ အချို့တို့အတွက် ဆက်သွယ်နိုင်သည့် သက်ဆိုင်ရာသံရုံးများမှာ ဘင်္ဂလားဒက်ရှ်တွင် မရှိခြင်းတို့ကြောင့် အခက်အခဲဖြစ်လျှက်ရှိသည်ဆို၏။
၎င်းတို့အား ဖမ်းဆီး၍ အကျဉ်းထောင်တွင် ထိန်းသိမ်းထားရန်မှာလည်း ရာဇဝတ်ကောင်များနှင့် ဆုံဆည်းရန် ဖန်တီးရာရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် တရားမဝင်ရွှေ့ပြောင်းသွားလာသူများအား ၎င်းတို့ဇာတိနိုင်ငံသို့ ပြန်ပို့ရာတွင် ကုန်ကျစရိတ်အချို့ကို စိုက်ထုတ်ပေးရန် အစိုးရထံ ဆက်လက်တင်ပြထားကြောင်း သိရှိရသည်။
ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ခိုးဝင်နိုင်ငံခြားသား ၁၁,၀၀၀ ခန့်ရှိရာ အများစုမှာ တန်ဇန်နီးယားနှင့် နိုင်ဂျီးရီးယားကဲ့သို့ အာဖရိကနိုင်ငံများဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။
ဘင်္ဂလားဒက်ရှ်တွင် လွတ်မြောက်ရေးစစ်ပွဲရေးရာများဆိုင်ရာဝန်ကြီးဌာနဟု သီးခြားဝန်ကြီးဋ္ဌာနတစ်ရပ် ဖွဲ့စည်းထားသည်ကို တွေ့ရှိနိုင်သည်။ ၁၉၇၁ - အနောက်ပါကစ္စတန်မှ ခွဲထွက်ရေးစစ်ပွဲ လှိုင်းဂယက်သည် ယနေ့တိုင်ရိုက်ခတ်နေဆဲဖြစ်သည်။ ပါကစ္စတန်စစ်သားများလက်ချက်ဖြင့် ဘင်္ဂါလီ ၃၀၀,၀၀၀ မှ ၃,၀၀၀,၀၀၀ အထိ အသတ်ခံရပြီး ဒါကာတက္ကသိုလ်ကျောင်းသူများအပါအဝင် ဘင်္ဂါလီအမျိုးသမီး တစ်သိန်းကျော် အဓမ္မပြုကျင့်ခံရသော ဂျီနိုဆိုက်မှုဖြစ်ပွားခဲ့သည်။
ဘင်္ဂလားဒက်ရှ်အစိုးရသည် ပြည်တွင်း၌ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ထူထောင်ပြီး အဆိုပါစစ်ပွဲကာလ တာဝန်ရှိသူများအား ကြားနာစစ်ဆေးလျှက်ရှိရာ လွန်ခဲ့သောရက်ပိုင်း၌ ကြိုးမိန့်ပေးခံရသူများရှိကြောင်း တွေ့မြင်ရသည်။
အပြစ်ပေးခံရသူများမှာ ထိုစဉ်က ဘာသာရေးအရ ပါကစ္စတန်နှင့် ပေါင်းစည်းထားခြင်းကို ထောက်ခံသော အယူအဆပြင်းထန်သူများဖြစ်သည်။
ယခင်နှစ်များတွင် ကြိုးမိန့်ဖြင့် ကွပ်မြက်ခြင်းခံရသူများတွင် #စစ်တကောင်းဘင်္ဂါလီခေါင်းဆောင်များလည်းပါဝင်ပြီး ဘာသာရေးနှီးနွယ်သဖြင့် နိုင်ငံရေးလောက၌ပါ ထင်ရှားသြဇာကြီးမားသူများဖြစ်ကြသည်။

<<Zawgyi>>
ဘင်္ဂလားဒက်ရှ်က နိုင်ငံတွင်းရှိ ခိုးဝင်များကို ဖော်ထုတ်၍ ပြည်နှင်ဒါဏ်ပေးမည်ဖြစ်
Friday , November 8 , 2019

Ref-#bdnews24 #HtayOung #OungMarine

0 comments:

Post a Comment