Tuesday, November 12, 2019

ပင့်သကူရှာဖွေ၍ ရရှိသည့် ကော်ဖီမစ်ထုတ် စားသုံးရာမှ ကလေးငယ် ကျောင်းသူနှစ်ဦး အစာအဆိပ်သင့် သေဆုံးမှုဖြစ်ပွား

Image may contain: one or more people

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်တိုက်နယ် သုံးထောင်ကျေးရွာအုပ်စု သုံးထောင်ကျေးရွာတွင် နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ပင့်သကူရှာဖွေရာမှ ရရှိသည့် ကော်ဖီမစ်ထုတ် စားသုံးရာမှ ကလေးငယ်နှစ်ဦး အစာအဆိပ်သင့်၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နှောကန်နယ်မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ် သုံးထောင်အုပ်စု သုံးထောင်ကျေးရွာမှ (၆)တန်းကျောင်းသူ မရွှေနန်းနွယ် (၁၃)နှစ်နှင့် (၁)တန်းကျောင်းသူ မထက်နန်းနွယ်တို့ ညီအစ်မနှစ်ဦးသည် သုံးထောင်ကျေးရွာအတွင်း ပင့်သကူပစ်ထားသည့် အထုတ်များအား လိုက်လံရှာဖွေကောက်ယူရာ ကာလတန်ဖိုး (၅၀)ကျပ်တန် -----တံဆိပ်ပါ ကော်ဖီမစ်ထုတ်အား တွေ့ရှိကောက်ယူရရှိခဲ့ကြောင်း၊ နောက်ထပ် ပင့်သကူများအား လိုက်လံရှာဖွေရင်း ညီအစ်မနှစ်ဦး ကော်ဖီမစ်ထုတ်အား တစ်ယောက်တစ်ထုတ်စီဖောက်၍ ကော်ဖီမှုန့်များအား လျှာဖြင့်ယက်ကာ စားသောက်နေစဉ် ယခင်က မည်သည့်အစာများ စားထားခြင်းမသိရှိရဘဲ အစာအဆိပ်သင့်သည့် လက္ခဏာများဖြင့် မူးဝေအော့အန်ကာ သတိလစ်သွားသဖြင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း နှောကန်နယ်မြေ ရဲစခန်းမှူး ရဲအုပ်အေးမင်းထံမှ သိရသည်။
၎င်းတို့သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် နှောကန်နယ်မြေရဲစခန်းမှ သေမှုသေခင်း ၂/၂၀၁၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။
ဘိုဘို(မလှိုင်)
<zawgyi>
ပင့်သကူရှာဖွေ၍ ရရှိသည့် ကော်ဖီမစ်ထုတ် စားသုံးရာမှ ကလေးငယ် ကျောင်းသူနှစ်ဦး အစာအဆိပ်သင့် သေဆုံးမှုဖြစ်ပွား
Tuesday , November 12, 2019

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်တိုက်နယ် သုံးထောင်ကျေးရွာအုပ်စု သုံးထောင်ကျေးရွာတွင် နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ပင့်သကူရှာဖွေရာမှ ရရှိသည့် ကော်ဖီမစ်ထုတ် စားသုံးရာမှ ကလေးငယ်နှစ်ဦး အစာအဆိပ်သင့်၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နှောကန်နယ်မြေ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မလှိုင်မြို့နယ် သုံးထောင်အုပ်စု သုံးထောင်ကျေးရွာမှ (၆)တန်းကျောင်းသူ မရွှေနန်းနွယ် (၁၃)နှစ်နှင့် (၁)တန်းကျောင်းသူ မထက်နန်းနွယ်တို့ ညီအစ်မနှစ်ဦးသည် သုံးထောင်ကျေးရွာအတွင်း ပင့်သကူပစ်ထားသည့် အထုတ်များအား လိုက်လံရှာဖွေကောက်ယူရာ ကာလတန်ဖိုး (၅၀)ကျပ်တန် -----တံဆိပ်ပါ ကော်ဖီမစ်ထုတ်အား တွေ့ရှိကောက်ယူရရှိခဲ့ကြောင်း၊ နောက်ထပ် ပင့်သကူများအား လိုက်လံရှာဖွေရင်း ညီအစ်မနှစ်ဦး ကော်ဖီမစ်ထုတ်အား တစ်ယောက်တစ်ထုတ်စီဖောက်၍ ကော်ဖီမှုန့်များအား လျှာဖြင့်ယက်ကာ စားသောက်နေစဉ် ယခင်က မည်သည့်အစာများ စားထားခြင်းမသိရှိရဘဲ အစာအဆိပ်သင့်သည့် လက္ခဏာများဖြင့် မူးဝေအော့အန်ကာ သတိလစ်သွားသဖြင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း နှောကန်နယ်မြေ ရဲစခန်းမှူး ရဲအုပ်အေးမင်းထံမှ သိရသည်။
၎င်းတို့သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် နှောကန်နယ်မြေရဲစခန်းမှ သေမှုသေခင်း ၂/၂၀၁၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။
ဘိုဘို(မလႈိင္)

0 comments:

Post a Comment