Sunday, November 10, 2019

တန်ဖိုးငွေကျပ်သိန်း(၁၈၄၅)ကျော်တန်ဖိုးရှိဘောဇနကျောင်းအဆောင်သစ်အားလွှဲပြောင်း၊လှူဒါန်း၊ရေစက်ချခြင်းအလှူတော်မင်္ဂလာကျင်းပ


တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက်ဝန်းအတွင်း နိုဝင်ဘာ၈ ရက်နံနက် ၉နာရီအချိန်က မတည် အလှူရှင်မိသားစုတို့မှဆောက်လုပ်လှူဒါန်းသည့်ဘောဇနကျောင်းဆောင်အသစ်အား ဖွင့်လှစ်လှူဒါန်းခြင်း အလှူမင်္ဂလာကို အဆိုပါကျောင်းဆောင်အရှေ့ မျက်နှာစာတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘောဇနကျောင်းဆောင်သစ်အားမြိတ်မြို့တောကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးနာယက(နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ဝင်)ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇောဘာသ ၊ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးအောင်ကျော်ဟိန်း၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနှင့်အဓိကအလှူရှင်များဖြစ်သော ဒေါ်လှမြင့်၊ဒေါ်ရီအောင်နှင့်မြိတ်မြို့မှဦးအောင်သင်းမောင် မိသားစုတို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး ကဗျည်းကျောက်စာအား အမွှေးနံ့သာရည်များပက်ဖျန်း ဆုတောင်းပေးကြသည်။

ထို့နောက် ဘောဇနကျောင်းဆောင်သစ် လွှဲပြောင်းလှူဒါန်း အလှူရေစက်ချပွဲကိုဆက်လက် ပြုလုပ်ရာ မြို့ဦးပရိယတ္တိစာသင်တိုက်ကျောင်း ပဓာန နာယက မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဇောတိကထံမှငါးပါးသီလ ခံ
ယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ၊လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော်ချီးမြှင့်ပေးပြီး ရေစက်သွန်းချအမျှပေးဝေသာဓုခေါ်ဆိုကြကာဆရာ‌တော်သံဃာတော်များအားဆွမ်းနှင့်လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။

အဆိုပါဘောဇနကျောင်းဆောင်မှာ အလျား(၈၀)ပေx အကျယ်(၃၆)ပေx အမြင့်(၂၄)ပေ ရှိသည့် RC နှစ်ထပ်၊ (ခေါင်ပျောက်)အုတ်ကြွပ်အမိုး အဆောက်အဦဖြစ်ပြီး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၈၄၅သိန်းနှင့်၅၀၀၀၀)ဖြစ်ကြောင်းနှင့်
``ဒီကျောင်းဆောင်ကို မ.တည်အလှူရှင်တွေနဲ့(၇)ရက်သားအလှူရှင်တွေက အချိန်တိုအတွင်းပြီးစီးအောင်ဆောက်လုပ်လှူဒါန်းပေးတဲ့အတွက်အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ ဒီဆောင်ကိုဆွမ်းစားအဆောင်အဖြစ် အပေါ်ထပ်က သံဃာ
တွေပေါ့ အောက်ထပ်က လူပရိတ်သတ်အတွက်အသုံးပြုသွားမှာပါ´´ဟု မြို့ဦးကျောင်းတိုက်ဆရာတော်က ပီတိစကားပြောကြားသည်။

အခမ်းအနားသို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ဟိန်း ၊တိုင်းဒေသကြီးအမှတ်-၂ လွှတ်တော်ကိုယ်စားလှယ်ဉီးရဲမြင့်ဆွေနှင့် မ.တည်အလှူရှင်(ဦးငြိမ်း)-ဒေါ်လှမြင့်၊ဒေါ်ရီအောင်နှင့်ဦးအောင်သင်းမောင် တို့မိသားစုများ၊ ဖိတ်ကြားထားသူများ(၅၀၀)ခန့်တက်ရောက်ခဲ့ကြသည်၊၊.
Image may contain: 3 people, people standing
Image may contain: 2 people, people standing
Image may contain: 7 people, people sitting and crowd
Image may contain: one or more people and outdoor
Image may contain: 7 people, people standing
Image may contain: 3 people, people standing
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
<zawgyi>
တန်ဖိုးငွေကျပ်သိန်း(၁၈၄၅)ကျော်တန်ဖိုးရှိဘောဇနကျောင်းအဆောင်သစ်အားလွှဲပြောင်း၊လှူဒါန်း၊ရေစက်ချခြင်းအလှူတော်မင်္ဂလာကျင်းပ
Sunday, November 10, 2019

တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက်ဝန်းအတွင်း နိုဝင်ဘာ၈ ရက်နံနက် ၉နာရီအချိန်က မတည် အလှူရှင်မိသားစုတို့မှဆောက်လုပ်လှူဒါန်းသည့်ဘောဇနကျောင်းဆောင်အသစ်အား ဖွင့်လှစ်လှူဒါန်းခြင်း အလှူ
မင်္ဂလာကို အဆိုပါကျောင်းဆောင်အရှေ့ မျက်နှာစာတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘောဇနကျောင်းဆောင်သစ်အားမြိတ်မြို့တောကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးနာယက(နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ဝင်)ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇောဘာသ ၊ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးအောင်ကျော်ဟိန်း၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနှင့်အဓိကအလှူရှင်များဖြစ်သော ဒေါ်လှမြင့်၊ဒေါ်ရီအောင်နှင့်မြိတ်မြို့မှဦးအောင်သင်းမောင် မိသားစုတို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး ကဗျည်းကျောက်စာအား အမွှေးနံ့သာရည်များပက်ဖျန်း ဆုတောင်းပေးကြသည်။

ထို့နောက် ဘောဇနကျောင်းဆောင်သစ် လွှဲပြောင်းလှူဒါန်း အလှူရေစက်ချပွဲကိုဆက်လက် ပြုလုပ်ရာ မြို့ဦးပရိယတ္တိစာသင်တိုက်ကျောင်း ပဓာန နာယက မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဇောတိကထံမှငါးပါးသီလ ခံ
ယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ၊လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော်ချီးမြှင့်ပေးပြီး ရေစက်သွန်းချအမျှပေးဝေသာဓုခေါ်ဆိုကြကာဆရာ‌တော်သံဃာတော်များအားဆွမ်းနှင့်လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။

အဆိုပါဘောဇနကျောင်းဆောင်မှာ အလျား(၈၀)ပေx အကျယ်(၃၆)ပေx အမြင့်(၂၄)ပေ ရှိသည့် RC နှစ်ထပ်၊ (ခေါင်ပျောက်)အုတ်ကြွပ်အမိုး အဆောက်အဦဖြစ်ပြီး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၈၄၅သိန်းနှင့်၅၀၀၀၀)ဖြစ်ကြောင်းနှင့်
``ဒီကျောင်းဆောင်ကို မ.တည်အလှူရှင်တွေနဲ့(၇)ရက်သားအလှူရှင်တွေက အချိန်တိုအတွင်းပြီးစီးအောင်ဆောက်လုပ်လှူဒါန်းပေးတဲ့အတွက်အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ ဒီဆောင်ကိုဆွမ်းစားအဆောင်အဖြစ် အပေါ်ထပ်က သံဃာ
တွေပေါ့ အောက်ထပ်က လူပရိတ်သတ်အတွက်အသုံးပြုသွားမှာပါ´´ဟု မြို့ဦးကျောင်းတိုက်ဆရာတော်က ပီတိစကားပြောကြားသည်။

အခမ်းအနားသို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ဟိန်း ၊တိုင်းဒေသကြီးအမှတ်-၂ လွှတ်တော်ကိုယ်စားလှယ်ဉီးရဲမြင့်ဆွေနှင့် မ.တည်အလှူရှင်(ဦးငြိမ်း)-ဒေါ်လှမြင့်၊ဒေါ်ရီအောင်နှင့်ဦးအောင်သင်းမောင် တို့မိသားစုများ၊ ဖိတ်ကြားထားသူများ(၅၀၀)ခန့်တက်ရောက်ခဲ့ကြသည်၊၊.
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
#Myanmar_Online_News

0 comments:

Post a Comment