Sunday, November 10, 2019

ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ် စားသောက်ဆိုင်တွင် သေးဆုံးသွားသော နေထက်လင်း အမှုကို ရဲတပ်ဖွဲ့ကစတင်စစ်ဆေးနေပြီ

Image may contain: one or more peopleNo photo description available.

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် (၈-၁၁-၂၀၁၉) ရက်နေ့ က စားသောက်ဆိုင်၏ ထပ်ခိုးပေါ်မှ မြေပြင်ရှိ အင်္ဂတေကြမ်းခင်းပေါ်သို့လူငယ်တစ်ဦး ပြုတ်ကျရာ ယာဘက်အဆုတ်ကွာ၍ သွေးခဲသေဆုံး ဟု သိရသည်။

ဒလမြို့နယ် ပြည်သူ့ဆေးရုံတွင် လူနာတစ်ဦးရောက်ရှိ နေကြောင်း ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားချက်အရ ဒလမြို့မရဲစခန်းမှူး ဒုရဲမှူးအုန်းလွင်၊ ဒုတကစည်သူအောင် သက်သေနှင့်အတူ သွားရောက်စစ်ဆေးရာ နေထက်လင်း (၁၅) နှစ် (ဘ) ဦးစိုးသိန်း ရွှေလမင်းစားသောက်ဆိုင်၏ စားပွဲထိုး၊ ဒလ-တွံတေး ကားလမ်းမ၊ ဗိုလ်ရန်ပြရပ်ကွက်၊ ဒလမြို့နေသူဖြစ်ကြောင်း သိရကာရွှေလမင်း စားသောက်ဆိုင်သို့ သွားရောက်ပြီး ဆိုင်ပိုင်ရှင် ကိုဦး(ခ)ထွန်းထွန်းဦးအား စစ်ဆေးမေးမြန်းရာ ၎င်းသည် စားသောက်ဆိုင်အပေါ်ထပ်၌ မိသားစုဝင်များနှင့် အိပ်နေစဉ် စားသောက်ဆိုင် အနောက်ဘက် ပစ္စည်းမျာထားပြီး၊ဖိုးချစ် (ခ) ညီညီမင်းထက် နှင့် နေထက်လင်းတို့ နေ့စဉ်အိပ်သည့်ထပ်ခိုးအဖီအခန်းဘက်မှ ဆိုင်၏ဆိုင်စားပွဲထိုး အလုပ်သမားဖြစ်သူ ဖိုးချစ်(၁၇)နှစ် မှအစ်ကိုကြီး အစ်ကိုကြီး ဟု အော်ဟစ်ခေါ်သောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာဆိုင်မှ စားပွဲထိုး နေထက်လင်းမှာ ဆိုင်၏ အင်္ဂတေကြမ်းခင်း ပေါ်သို့ပြုတ်ကျနေကြောင်း နှင့် အိပ်သည့် ထပ်ခိုးမှာ အမြင့် (၆)ပေ (၁၀) လက်မခန့်ရှိပြီး၊ ဘေးမှအကာအရံ အတားအဆီးမရှိသည့် အစွန်ဘက်တွင် အိပ်ယာဝင်ခဲ့၍ အအိပ်ကြမ်းပြီးထပ်ခိုးပေါ်မှ ဆိုင်၏ မြေပြင် အင်္ဂတေကြမ်းခင်းပေါ်သို့ ပြုတ်ကျခဲ့သောကြောင့် ပွန်းပဲ့ဒဏ်ရာများ နှင့် ပါးစပ်မှ ညစ်ညူးနေသည်ကို တွေ့ရှိရ၍ ဒလပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒလပြည်သူ့ဆေးရုံ၊ လက်ထောက်ဆရာဝန် မှ စမ်းသပ်ကုသပေးခဲ့ကြောင်း ရွှေလမင်းစားသောက်ဆိုင်ပိုင်ရှင် ကိုဦး(ခ)ထွန်းထွန်းဦး မှ ပြောကြားခဲ့ကြောင်း သိရသည်။
သေဆုံးသူအား ဒလမြို့နယ် တာဝန်ခံ ဆရာဝန်မှ PR45/2019 နှင့် လက်ခံပြီး ရင်ခွဲစစ်ဆေးခဲ့ရာ ယာဘက် အဆုတ်ကွာ၍ သွေးခဲသေဆုံးခြင်းဖြစ်ကြောင်း၊ ပြောပြသိရှိရသဖြင့် ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဒလတွံတေးကားလမ်းမကြီး၊
ရွှေလမင်းစားသောက်ဆိုင် စားပွဲထိုး မောင်နေထက်လင်း(၁၅)နှစ် သေဆုံးမှုနှင့် ပတ်သတ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၁/၂၀၁၉ ဖြင့် စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
No photo description available.
ကိုဂျိမ်း(ဒလ)
<zawgyi>

#Myanmar_Online_News

0 comments:

Post a Comment