Monday, November 11, 2019

တရုတ် သမ္မတ ဂရိနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိ

Image may contain: 2 people, people smiling, people standing and suitImage may contain: 2 people, indoor

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂရိနိုင်ငံသို့ နှစ်နိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှု အစဉ်အလာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ခိုင်မာစေရန် နိုဝင်ဘာ ၁၀ ရက်တွင် သုံးရက်ကြာ နိုင်ငံတော် အလည်အပတ် ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီက တရုတ် နိုင်ငံ နှင့် ဂရိ နိုင်ငံတို့မှာ မကြာသေးမီ နှစ်များ အတွင်း နှစ်နိုင်ငံ ဆက်ဆံ ရေးတွင် ဖွံ့ဖြိုးတိုးတက်မှု မြင့်မားသော အဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ၊ မကြာခဏ အဆင့်မြင့် ဖလှယ်မှုများအား သက်သေအဖြစ် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု၏ နက်ရှိုင်းမှု တည်မြဲခြင်း ၊ ရပ်ဝန်းနှင့် ပိုးလမ်းမကြီး အဆိုပြုချက်(ခေတ်သစ် ပိုးလမ်းမကြီး)အောက်တွင် Piraeus ဆိပ်ကမ်း စီမံကိန်းမှ အကျိုးဖြစ်ထွန်းသော ရလဒ်များအား ထောက်ပြခဲ့ကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ သမ္မတ ရှီက တရုတ် နှင့် ဂရိ နှစ်နိုင်ငံလုံးသည် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါသော အဆင့်တွင် ရှိနေပြီး ယင်းမှာ နှစ်နိုင်ငံ၏ အဓိက အကျိုးစီးပွား ဖြစ်ကြောင်း နှင့် ပြည်သူများ အနေဖြင့် အပြန်အလှန် ဆက်ဆံရေး ပိုမို နက်ရှိုင်းစေရေး နှင့် လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုတို့ကို တိုးချဲ့ရေးတို့ တို့အား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဂရိ နိုင်ငံမှာ တရုတ် နိုင်ငံ သမ္မတ ရှီ၏ ဉရောပ နှင့် လက်တင် အမေရိက ခရီးစဉ်၏ ပထမဆုံး ရောက်ရှိခဲ့သည့် နိုင်ငံ ဖြစ်ကာ ဘရာဇီး နိုင်ငံသို့လည်း သွားရောက်မည် ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ဘရာဇီး နိုင်ငံ၌ ကျင်းပမည့် ၁၁ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။
<<zawgyi>>

#Myanmar_Online_News #တရုတ် #ဂရိ #အလည္အပတ္ခရီး

0 comments:

Post a Comment