Tuesday, November 12, 2019

ဆေးခြောက်တရားဝင် သုံးစွဲခွင့်ပြုပေးဖို့ ရန်ကုန်တွင် လှုပ်ရှားတောင်ဆိုတဲ့ လူငယ်များကို အမှုဖွင့်ထား

Image may contain: one or more people and crowdImage may contain: 1 person, smiling, on stage, standing and outdoor

ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုပေးဖို့ ရန်ုကုန်မြို့မှာ မနေ့က လှုပ်ရှားတောင်းဆိုခဲ့တဲ့ လူငယ်တချို့ကို အမှုဖွင့်ထားတယ်လို့ ကျောက်တံတားမြို့နယ်ရဲစခန်း၏ ပြောကြားချက်အရသိရသည်။

လတ်တလော ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားပြီး စိစစ်နေဆဲဖြစ်တယ်၊ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး အခုလက်ရှိအချိန်အထိတော့ ဖမ်းမမိသေးပါဘူးလို့လည်း ပြောပါတယ်။
ဆေးခြောက်ဟာ သာမန်သစ်ရွက်ဖြစ်တဲ့အတွက် တခြားမူးယစ်ဆေးတွေနဲ့စာရင် ဘေးအန္တရာယ်လျော့နည်းပြီး နိုင်ငံတော်အနေနဲ့ တရားဝင်ခွင့်ပြုပေးမယ်ဆိုရင် ဘိန်းစိုက်တောင်သူ တွေပါ စိုက်ပျိုးလာပါက ဘိန်းသုံးစွဲမှုလျော့ကျသွားမယ်လို့ ဦးဆောင်လှုပ်ရှားတဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆေးခြောက်ကို ဥပဒေနဲ့ကန့်သတ်ထားတဲ့အတွက် ဥပဒေပြုရေးအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆေးခြောက်အပင်တွေကို ဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုသင့်တယ်လို့ တရားလွှတ်တော် ရှေ့နေ ရောဘတ်ဆန်းအောင်က ပြောပါတယ်။
အိမ်နီးခြင်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှာလည်း ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ပြုနေပြီး စီးပွားရေးအရ ထုတ်လုပ်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။
၁၉၃၉ ခုနှစ်မှာ တရားဝင် ပြန်လည်ခွင်ပြုခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ မူးယစ်ဆေးဝါး အမည်တပ်ကာ ပြန်လည်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
<zawgyi>
ဆေးခြောက်တရားဝင် သုံးစွဲခွင့်ပြုပေးဖို့ ရန်ကုန်တွင် လှုပ်ရှားတောင်ဆိုတဲ့ လူငယ်များကို အမှုဖွင့်ထား
Tuesday , November 12, 2019

ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုပေးဖို့ ရန်ုကုန်မြို့မှာ မနေ့က လှုပ်ရှားတောင်းဆိုခဲ့တဲ့ လူငယ်တချို့ကို အမှုဖွင့်ထားတယ်လို့ ကျောက်တံတားမြို့နယ်ရဲစခန်း၏ ပြောကြားချက်အရသိရသည်။
လတ်တလော ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားပြီး စိစစ်နေဆဲဖြစ်တယ်၊ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး အခုလက်ရှိအချိန်အထိတော့ ဖမ်းမမိသေးပါဘူးလို့လည်း ပြောပါတယ်။
ဆေးခြောက်ဟာ သာမန်သစ်ရွက်ဖြစ်တဲ့အတွက် တခြားမူးယစ်ဆေးတွေနဲ့စာရင် ဘေးအန္တရာယ်လျော့နည်းပြီး နိုင်ငံတော်အနေနဲ့ တရားဝင်ခွင့်ပြုပေးမယ်ဆိုရင် ဘိန်းစိုက်တောင်သူ တွေပါ စိုက်ပျိုးလာပါက ဘိန်းသုံးစွဲမှုလျော့ကျသွားမယ်လို့ ဦးဆောင်လှုပ်ရှားတဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆေးခြောက်ကို ဥပဒေနဲ့ကန့်သတ်ထားတဲ့အတွက် ဥပဒေပြုရေးအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆေးခြောက်အပင်တွေကို ဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုသင့်တယ်လို့ တရားလွှတ်တော် ရှေ့နေ ရောဘတ်ဆန်းအောင်က ပြောပါတယ်။
အိမ်နီးခြင်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှာလည်း ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ပြုနေပြီး စီးပွားရေးအရ ထုတ်လုပ်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။
၁၉၃၉ ခုနှစ်မှာ တရားဝင် ပြန်လည်ခွင်ပြုခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ မူးယစ်ဆေးဝါး အမည်တပ်ကာ ပြန်လည်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

0 comments:

Post a Comment