Sunday, November 10, 2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Image may contain: one or more people and people standing

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တော-ဘူးသီးတောင်သွားကားလမ်း အနီးရှိ မူးယစ်တပ်စုရုံးရှေ့၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင် ရွက်စဉ် နိုဝင်ဘာ ၈ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့ဘက်မှ ဘူးသီး တောင်မြို့ဘက်သို့ စိုးသန်းမောင်(ဘ)ဦးဖိုး ကျော်အောင် မောင်းနှင်၍ ကိုပျိုဝိုင်း(ဘ) ဦးနေအောင် လိုက်ပါလာသည့် NOAH အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 6J/---အား ရပ်တန့်စစ်ဆေးရာ ယာဉ်ရှေ့ခန်းရှိ လေစစ်ဘူးအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၈ဝ) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူများအား မောင်တောမြို့မရဲစခန်း၌ တရားဥပဒေ အရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
<zawgyi>

0 comments:

Post a Comment