Monday, November 4, 2019

ကျောက်ကြီးမြို့နယ်တွင် သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ သိန်း ၅၀ ကျော် လိမ်လည်မှုဖြစ်ပွား

Image may contain: outdoor

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းရွာနေသူ ကရင်တိုင်းရင်းသားတစ်ဦးကို သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ ကျပ်သိန်း ၅၀ ကျော်လိမ်သွားသူ ထီရောင်းသူသုံးဦးကို အမှုဖွင့်ထားကြောင်း ကျောက်ကြီးမြို့မရဲစခန်းမှ သိရှိရသည်။

အဆိုပါရွာနေ စောမူးသာ (၃၀နှစ်) ကို ကြည်ထွန်း (၃၅နှစ်) နှင့် အောင်ဝင်းမြင့် (၂၇နှစ်) တို့က အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းတွင် ဆယ်စောင်တွဲထီလက်မှတ်ကို ကျပ်နှစ်သောင်းခွဲဖြင့် ရောင်းချခဲ့ပြီး အောက်တိုဘာ ၂၇ ရက်တွင် ၎င်းတို့နှစ်ဦးထပ်ရောက်လာပြီး သိန်းတစ်ထောင်ပေါက်ရန်သေချာသည့် ဆယ်စောင်တွဲ ထီနှစ်အုပ်ကိုဝယ်ယူရန်ပြောဆိုပြီး ကျပ်ငါးသိန်းဖြင့် ထပ်မံရောင်းချခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် သိန်းတစ်ထောင်ထီပေါက်ကြောင်းအသိပေးပြီး ကျပ် ၄၅ သိန်းကျော်ကို ရယူသွားခဲ့ပြီး ထီပေါက်စဉ်ဖြင့်တိုက်ကြည့်ရာမှ မဟုတ်မှန်၊ လိမ်လည်သွားသည်ကိုသိရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လိမ်လည်သူနှစ်ဦးကို ဖမ်းမိထားပြီး ကွင်းဆက်တရားခံတစ်ဦးကို ဖမ်းမိရေးလုပ်ဆောင်နေကြောင်း သိရှိရသည်။
အမှုနှင့်ပတ်သက်ပြီး ကြည်ထွန်း၊ အောင်ဝင်းမြင့်နှင့် ကွင်းဆက်တရားခံ ကျော်စွာဆိုသူကို ကျောက်ကြီးရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
<<zawgyi>>
ကျောက်ကြီးမြို့နယ်တွင် သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ သိန်း ၅၀ ကျော် လိမ်လည်မှုဖြစ်ပွား
Tuesday , November 5,2019

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းရွာနေသူ ကရင်တိုင်းရင်းသားတစ်ဦးကို သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ ကျပ်သိန်း ၅၀ ကျော်လိမ်သွားသူ ထီရောင်းသူသုံးဦးကို အမှုဖွင့်ထားကြောင်း ကျောက်ကြီးမြို့မရဲစခန်းမှ သိရှိရသည်။
အဆိုပါရွာနေ စောမူးသာ (၃၀နှစ်) ကို ကြည်ထွန်း (၃၅နှစ်) နှင့် အောင်ဝင်းမြင့် (၂၇နှစ်) တို့က အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းတွင် ဆယ်စောင်တွဲထီလက်မှတ်ကို ကျပ်နှစ်သောင်းခွဲဖြင့် ရောင်းချခဲ့ပြီး အောက်တိုဘာ ၂၇ ရက်တွင် ၎င်းတို့နှစ်ဦးထပ်ရောက်လာပြီး သိန်းတစ်ထောင်ပေါက်ရန်သေချာသည့် ဆယ်စောင်တွဲ ထီနှစ်အုပ်ကိုဝယ်ယူရန်ပြောဆိုပြီး ကျပ်ငါးသိန်းဖြင့် ထပ်မံရောင်းချခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် သိန်းတစ်ထောင်ထီပေါက်ကြောင်းအသိပေးပြီး ကျပ် ၄၅ သိန်းကျော်ကို ရယူသွားခဲ့ပြီး ထီပေါက်စဉ်ဖြင့်တိုက်ကြည့်ရာမှ မဟုတ်မှန်၊ လိမ်လည်သွားသည်ကိုသိရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လိမ်လည်သူနှစ်ဦးကို ဖမ်းမိထားပြီး ကွင်းဆက်တရားခံတစ်ဦးကို ဖမ်းမိရေးလုပ်ဆောင်နေကြောင်း သိရှိရသည်။
အမှုနှင့်ပတ်သက်ပြီး ကြည်ထွန်း၊ အောင်ဝင်းမြင့်နှင့် ကွင်းဆက်တရားခံ ကျော်စွာဆိုသူကို ကျောက်ကြီးရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

0 comments:

Post a Comment