Friday, November 8, 2019

သထုံမြို့တွင် ဖခင်ဖြစ်သူမှ သမီးအရင်းအား ညစ်ညမ်းကားများပြသကာသားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်သည့်အပြင် ရိုက်နှက်သည့်အတွက် သမီးဖြစ်သူမှ အမှုဖွင့် တိုင်ကြား


မွန်ပြည်နယ် သထုံမြို့ ဘင်လှိုင်ရပ်ကွက်တွင် ဖခင်ဖြစ်သူမှ သမီးဖြစ်သူအား အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်သည့်အပြင် ရိုက်နှက်သည့်အတွက် သမီးဖြစ်သူမှ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက သထုံမြို့မ ရဲစခန်းသို့ ဒဏ်ရာများဖြင့် ရောက်ရှိလာရာ ရဲစခန်းတာဝန်ရှိသူများမှ ဖြစ်စဉ် အခြေနေအား မေးမြန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မ ---- ပြောပြရာတွင် ၂၀၁၈ ခုနှစ်ရက်မမှတ်မိတွင် မိခင်ဖြစ်သူ ခရီးသွားနေခိုက် နေအိမ်တွင် မည်သူမျှ မရှိချိန် ဖခင်ဖြစ်သူ စိုင်းကျော်ဇော ၄၃ နှစ် ဘ ဦးသန်းရွှေမှ နေအိမ်အိပ်ခန်းအတွင်းသို့ ခေါ်ယူ အင်္ကျီချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်ခိုင်းပြီး ဖုန်းအတွင်းရှိ ညစ်ညမ်းခွေအား ပြသကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဖခင်အားကြောက်ရသဖြင့် အဖြစ်ပျက်အား မည်သူကိုမျှ မပြောပြဘဲ နေထိုင်စဉ် မိခင်ဖြစ်သူ အလစ်တွင် မကြာခဏ သားမယားအဖြစ်ပြုကျင့်ပြီး တားဆေးတိုက်ကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက် ညတွင် ဖခင်ဖြစ်သူမှ နေအိမ်အိပ်ခန်းအတွင်းသို့ ရောက်ရှိလာကာ ညစ်ညမ်းကားပြပြီး သားမယားအဖြစ် တစ်ကြိမ်ထပ်မံ ပြုကျင့်ခဲ့ကာ နိုဝင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် သားမယားအဖြစ် တစ်ကြိမ်ထပ်မံပြုကျင်ခဲ့ကြောင်း ပြောပြခဲ့သည်။
အဆိုပါ နိုဝင်ဘာလ ၇ရက် နံနက် ၅ နာရီခန့်တွင် ဖခင်ဖြစ်သူမှ မ----အား နှိုးကာ မ----၏ ဖုန်းကိုယူကြည့်ပြီး အခြားတစ်ယောက်နဲ့ ရည်းစားထားရမလားဟုပြောဆိုကာ တံပျက်စည်းစတီးလက်ကိုင်ရိုး၊ သစ်သားချောင်းများဖြင့် ရိုက်နှက်ခဲ့သဖြင့် မ----တွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ယာ လက်ခံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ယာဂျိုစောင်းဖူးယောင်၊ ယာခါးဖူးယောင်၊ နောက်စေ့ဖူးယောင်ဒဏ်ရာများရရှိခဲ့သဖြင့် နေအိမ်မှထွက်ပြေးကာ ရဲစခန်းသို့ရောက်ရှိလာကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ သထုံမြို့မ ရဲစခန်းမှ စိုင်းကျော်ဇောအား (ပ) ၂၃၀၉/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/ ၃၂၅ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
#Myanmar_Online_News #သထုံမြို့#သားမယားပြုကျင့်
<<Zawgyi>>
သထုံမြို့တွင် ဖခင်ဖြစ်သူမှ သမီးအရင်းအား ညစ်ညမ်းကားများပြသကာသားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်သည့်အပြင် ရိုက်နှက်သည့်အတွက် သမီးဖြစ်သူမှ အမှုဖွင့် တိုင်ကြား
Friday , November 8 , 2019

မွန်ပြည်နယ် သထုံမြို့ ဘင်လှိုင်ရပ်ကွက်တွင် ဖခင်ဖြစ်သူမှ သမီးဖြစ်သူအား အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်သည့်အပြင် ရိုက်နှက်သည့်အတွက် သမီးဖြစ်သူမှ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက သထုံမြို့မ ရဲစခန်းသို့ ဒဏ်ရာများဖြင့် ရောက်ရှိလာရာ ရဲစခန်းတာဝန်ရှိသူများမှ ဖြစ်စဉ် အခြေနေအား မေးမြန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မ ---- ပြောပြရာတွင် ၂၀၁၈ ခုနှစ်ရက်မမှတ်မိတွင် မိခင်ဖြစ်သူ ခရီးသွားနေခိုက် နေအိမ်တွင် မည်သူမျှ မရှိချိန် ဖခင်ဖြစ်သူ စိုင်းကျော်ဇော ၄၃ နှစ် ဘ ဦးသန်းရွှေမှ နေအိမ်အိပ်ခန်းအတွင်းသို့ ခေါ်ယူ အကျႌချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်ခိုင်းပြီး ဖုန်းအတွင်းရှိ ညစ်ညမ်းခွေအား ပြသကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဖခင်အားကြောက်ရသဖြင့် အဖြစ်ပျက်အား မည်သူကိုမျှ မပြောပြဘဲ နေထိုင်စဉ် မိခင်ဖြစ်သူ အလစ်တွင် မကြာခဏ သားမယားအဖြစ်ပြုကျင့်ပြီး တားဆေးတိုက်ကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက် ညတွင် ဖခင်ဖြစ်သူမှ နေအိမ်အိပ်ခန်းအတွင်းသို့ ရောက်ရှိလာကာ ညစ်ညမ်းကားပြပြီး သားမယားအဖြစ် တစ်ကြိမ်ထပ်မံ ပြုကျင့်ခဲ့ကာ နိုဝင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် သားမယားအဖြစ် တစ်ကြိမ်ထပ်မံပြုကျင်ခဲ့ကြောင်း ပြောပြခဲ့သည်။
အဆိုပါ နိုဝင်ဘာလ ၇ရက် နံနက် ၅ နာရီခန့်တွင် ဖခင်ဖြစ်သူမှ မ----အား နှိုးကာ မ----၏ ဖုန်းကိုယူကြည့်ပြီး အခြားတစ်ယောက်နဲ့ ရည်းစားထားရမလားဟုပြောဆိုကာ တံပျက်စည်းစတီးလက်ကိုင်ရိုး၊ သစ်သားချောင်းများဖြင့် ရိုက်နှက်ခဲ့သဖြင့် မ----တွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ယာ လက်ခံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ယာဂျိုစောင်းဖူးယောင်၊ ယာခါးဖူးယောင်၊ နောက်စေ့ဖူးယောင်ဒဏ်ရာများရရှိခဲ့သဖြင့် နေအိမ်မှထွက်ပြေးကာ ရဲစခန်းသို့ရောက်ရှိလာကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ သထုံမြို့မ ရဲစခန်းမှ စိုင်းကျော်ဇောအား (ပ) ၂၃၀၉/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/ ၃၂၅ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
#Myanmar_Online_News #သထုံၿမိဳ႕#သားမယားပြုကျင့်

0 comments:

Post a Comment