Tuesday, November 5, 2019

ဆက်လက်တာဝန်ယူရန် ဆန္ဒမရှိသောကြောင့် ဦးဇင်ဝိုင်း ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်


ကျန်းမာရေး လူမှုရေး ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်ခြင်း မဟုတ်ဘဲ ရုပ်ရှင်လောက ကောင်းကျိုးအတွက် လုပ်ရကိုင်ရအခက်အခဲများရှိလာပြီး ရုပ်ရှင်အစည်းအရုံးတွင် ဆက်လက်တာဝန်ယူရန် ဆန္ဒမရှိတော့သောကြောင့် နုတ်ထွက်ခြင်းဖြစ်သည်ဟု ယနေ့(နိုင်ဝင်ဘာ ၅ ရက်) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲအပြီးမှာ ဦးဇင်ဝိုင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးနေရာတွင် ဦးဇင်ဝိုင်းက နိုဝင်ဘာ ၁ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ပြီး လစ်လပ်သွားသော ယင်းနေရာအတွက် ဒါရိုက်တာ ဉီးညီညီထွန်းလွင်ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရှိရသည်။
ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်ကို ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျရောက်မည့် ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲကို ဥက္ကဋ္ဌ တစ်ယောက် အနေနှင့် မဟုတ်ဘဲ ရုပ်ရှင်လောကသား တစ်ယောက်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
<<zawgyi>>
ဆက်လက်တာဝန်ယူရန် ဆန္ဒမရှိသောကြောင့် ဦးဇင်ဝိုင်း ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်
Tuesday , November 5,2019

ကျန်းမာရေး လူမှုရေး ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်ခြင်း မဟုတ်ဘဲ ရုပ်ရှင်လောက ကောင်းကျိုးအတွက် လုပ်ရကိုင်ရအခက်အခဲများရှိလာပြီး ရုပ်ရှင်အစည်းအရုံးတွင် ဆက်လက်တာဝန်ယူရန် ဆန္ဒမရှိတော့သောကြောင့် နုတ်ထွက်ခြင်းဖြစ်သည်ဟု ယနေ့(နိုင်ဝင်ဘာ ၅ ရက်) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲအပြီးမှာ ဦးဇင်ဝိုင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးနေရာတွင် ဦးဇင်ဝိုင်းက နိုဝင်ဘာ ၁ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ပြီး လစ်လပ်သွားသော ယင်းနေရာအတွက် ဒါရိုက်တာ ဉီးညီညီထွန်းလွင်ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရှိရသည်။
ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်ကို ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျရောက်မည့် ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲကို ဥက္ကဋ္ဌ တစ်ယောက် အနေနှင့် မဟုတ်ဘဲ ရုပ်ရှင်လောကသား တစ်ယောက်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment