Friday, November 8, 2019

မြန်မာသံအမတ်ကြီးမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ဖမ်းဆီးမှုတွင် သေဆုံးခဲ့ရသော အိန္ဒိယနိုင်ငံသား၏ ကျန်ရစ်သူမိသားစုများအားသွားရောက်တွေ့ဆုံ

Image may contain: 5 people, people sitting, people standing and indoor

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီး သေဆုံးသွားတဲ့အိန္ဒိယနိုင်ငံသားရဲ့ ကျန်ရစ်သူမိသားစုကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ နိုဝင်ဘာလ(ရ)ရက်က သေဆုံးသူရဲ့ ဇနီးနဲ့ ကျန်ရစ်သူ မိသားစုကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရပါတယ်။
သေဆုံးသူဟာ ကုလားတန်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ M/s Engineering Projects(India) Ltd.က အကြံပေး Mr.Vinoo Gopal ဖြစ်ပါတယ်။ နိုဝင်ဘာလ(၃)ရက်က AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟာ ပလက်ဝဆိပ်ကမ်းကနေ စစ်တွေမြို့ကို ကုလားတန်မြစ်ကြောင်းအတိုင်း စပိဘုတ်နဲ့ သွားရောက်တဲ့ အိန္ဒိယနိုင်ငံသား(၅)ဦး အပါအဝင် (၁၀)ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စက်လှေနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် (၄)နာရီခန့်ခြေလျင်ခရီး ဆက်လျှောက်ခဲ့ရပြီး ညနေပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား တာဖြစ်ပါတယ်။

<<Zawgyi>>
မြန်မာသံအမတ်ကြီးမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ဖမ်းဆီးမှုတွင် သေဆုံးခဲ့ရသော အိန္ဒိယနိုင်ငံသား၏ ကျန်ရစ်သူမိသားစုများအားသွားရောက်တွေ့ဆုံ
Friday , November 8 , 2019

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီး သေဆုံးသွားတဲ့အိန္ဒိယနိုင်ငံသားရဲ့ ကျန်ရစ်သူမိသားစုကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ နိုဝင်ဘာလ(ရ)ရက်က သေဆုံးသူရဲ့ ဇနီးနဲ့ ကျန်ရစ်သူ မိသားစုကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရပါတယ်။
သေဆုံးသူဟာ ကုလားတန်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ M/s Engineering Projects(India) Ltd.က အကြံပေး Mr.Vinoo Gopal ဖြစ်ပါတယ်။ နိုဝင်ဘာလ(၃)ရက်က AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟာ ပလက်ဝဆိပ်ကမ်းကနေ စစ်တွေမြို့ကို ကုလားတန်မြစ်ကြောင်းအတိုင်း စပိဘုတ်နဲ့ သွားရောက်တဲ့ အိန္ဒိယနိုင်ငံသား(၅)ဦး အပါအဝင် (၁၀)ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စက်လှေနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် (၄)နာရီခန့်ခြေလျင်ခရီး ဆက်လျှောက်ခဲ့ရပြီး ညနေပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား တာဖြစ်ပါတယ်။

0 comments:

Post a Comment