Tuesday, November 5, 2019

အိန္ဒိယစွက်ဖက်မှုဖြင့် AA ဖမ်းဆီးခဲ့သည့် ချင်းအမတ် ပြန်လွတ်လာပြီဟု ဆို

အိန္ဒိယအစိုးရ၏ အချိန်မီဝင်ရောက်စွက်ဖက်မှု့ဖြင့် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် အိန္ဒိယ နိုင်ငံသား ငါးဦး၊ မြန်မာလွှတ်တော်အမတ်တစ်ဦးနှင့်အခြား မြန်မာနိုင်ငံသား ၄ ဦးတို့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေငြာချက်ထုတ်ပြန်ထားသော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၎င်းသတင်းအား အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
AA များ၏ လက်ထဲ၌ နှလုံးရောဂါဖြင့်သေဆုံးခဲ့သည် အိန္ဒိယ နိုင်ငံသားမှာ ဆိုးရွားသည့်ဆီးချိုရောဂါအခံ ရှိသူလည်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ အမျိုးသား၏ အလောင်းကိုလည်း စစ်တွေမှ ရန်ကုန် ထိုမှတဆင့် အိန္ဒိယသို့သယ်ဆောင်မည် ဟု ကြေညာချက်တွင် ပါရှိပြီး အိန္ဒိယအစိုးရက မည်သို့မည်ပုံ ဝင်ရောက် စွက်ဖက်ခဲ့သည် ဆိုသည်ကိုမူ ကြေညာချက်တွင် ဖေါ်ပြထားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
Source- Ministry Of Home Affairs,India #Myanmar_Online_News
<<zawgyi>>
အိန္ဒိယစွက်ဖက်မှုဖြင့် AA ဖမ်းဆီးခဲ့သည့် ချင်းအမတ် ပြန်လွတ်လာပြီဟု ဆို
Tuesday , November 5,2019

အိန္ဒိယအစိုးရ၏ အချိန်မီဝင်ရောက်စွက်ဖက်မှု့ဖြင့် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် အိန္ဒိယ နိုင်ငံသား ငါးဦး၊ မြန်မာလွှတ်တော်အမတ်တစ်ဦးနှင့်အခြား မြန်မာနိုင်ငံသား ၄ ဦးတို့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေငြာချက်ထုတ်ပြန်ထားသော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၎င်းသတင်းအား အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
AA များ၏ လက်ထဲ၌ နှလုံးရောဂါဖြင့်သေဆုံးခဲ့သည် အိန္ဒိယ နိုင်ငံသားမှာ ဆိုးရွားသည့်ဆီးချိုရောဂါအခံ ရှိသူလည်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ အမျိုးသား၏ အလောင်းကိုလည်း စစ်တွေမှ ရန်ကုန် ထိုမှတဆင့် အိန္ဒိယသို့သယ်ဆောင်မည် ဟု ကြေညာချက်တွင် ပါရှိပြီး အိန္ဒိယအစိုးရက မည်သို့မည်ပုံ ဝင်ရောက် စွက်ဖက်ခဲ့သည် ဆိုသည်ကိုမူ ကြေညာချက်တွင် ဖေါ်ပြထားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
Source- Ministry Of Home Affairs,India #Myanmar_Online_News

0 comments:

Post a Comment