Wednesday, November 6, 2019

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်သွယ်သူတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၂နာရီ ၅ မိနစ်ခန့်တွင် ယောချောင်းတံတား၏ အနောက်မြောက်ဘက် မီတာ ၂၅ဝဝ ခန့် အကွာ၌ ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ် လူတစ်ဦးတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်သွယ်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာနေ ဆန်းဆန်းမောင် (ဘ)ဦးတင်မြင့် ဖြစ်ကြောင်းသိရှိရပြီး ၎င်းကိုင်ဆောင်သည့် ဖုန်းအတွင်းရှိ Messenger မှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်ပြောဆိုထားသည့် သက်သေ အထောက်အထားများ တွေ့ရှိရသဖြင့် အမ်းမြို့ရှိ မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
<zawgyi>

Thursday , November 7 , 2019

0 comments:

Post a Comment