Tuesday, November 5, 2019

AA နှင့်ဆက်နွယ်သူများအမှုတွင် တရားလို ဒုရဲမှူးအား နိုဝင်ဘာလ ၁၅ ရက်တွင် စတင်စစ်မည်

Image may contain: one or more people

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁) ရဲစခန်း အပိုင်နယ်မြေအတွင်း၌ ဒီတိုနေတာ ၁ ထောင်၊ ယမ်းများနှင့် ရှရှား နိုင်ငံလုပ် မှန်ဘီလူးများ၊ ဆက်သွယ်ရေး ဖုန်းများ စသည့် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ AAနှင့် ဆက်နွယ်သည့် ဖမ်းဆီးရ မိသူ ၆ ဦး အမှုကို နိုဝင်ဘာ ၄ ရက်က တတိယ အကြိမ်မြောက် ရုံးထုတ်ခဲ့ရာတွင် တရားလိုဖြစ်သူ ဒုရဲမှူး ဇော်နိုင်အား စစ်ဆေးမှုများကို မပြုလုပ်ခဲ့ဘဲ နိုဝင်ဘာလ ၁၅ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ကြောင်း ခရိုင်တရားရုံးမှ သိရှိရသည်။

ဖမ်းဆီးရမိသူများကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ) ဖြင့် အမှု ဖွင့်ခဲ့ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် မန္တလေးခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကာ အဆိုပါ အမှုတွင် တရားလို ဒုရဲမှူး ဇော်နိုင် အပြင် တရားလိုပြသက်သေ ၂၃ ဦး တင်သွင်းထားကြောင်း သိရှိရသည်။
<<zawgyi>>
AA နှင့်ဆက်နွယ်သူများအမှုတွင် တရားလို ဒုရဲမှူးအား နိုဝင်ဘာလ ၁၅ ရက်တွင် စတင်စစ်မည်
Tuesday , November 5,2019

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁) ရဲစခန်း အပိုင်နယ်မြေအတွင်း၌ ဒီတိုနေတာ ၁ ထောင်၊ ယမ်းများနှင့် ရှရှား နိုင်ငံလုပ် မှန်ဘီလူးများ၊ ဆက်သွယ်ရေး ဖုန်းများ စသည့် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ AAနှင့် ဆက်နွယ်သည့် ဖမ်းဆီးရ မိသူ ၆ ဦး အမှုကို နိုဝင်ဘာ ၄ ရက်က တတိယ အကြိမ်မြောက် ရုံးထုတ်ခဲ့ရာတွင် တရားလိုဖြစ်သူ ဒုရဲမှူး ဇော်နိုင်အား စစ်ဆေးမှုများကို မပြုလုပ်ခဲ့ဘဲ နိုဝင်ဘာလ ၁၅ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ကြောင်း ခရိုင်တရားရုံးမှ သိရှိရသည်။
ဖမ်းဆီးရမိသူများကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ) ဖြင့် အမှု ဖွင့်ခဲ့ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် မန္တလေးခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကာ အဆိုပါ အမှုတွင် တရားလို ဒုရဲမှူး ဇော်နိုင် အပြင် တရားလိုပြသက်သေ ၂၃ ဦး တင်သွင်းထားကြောင်း သိရှိရသည်။
#Myanmar_Online_News #ချမ်းမြသာစည်မြို့နယ် #တရားလို #

0 comments:

Post a Comment