Tuesday, October 8, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုး၊ ဘာသာ၊ သာသနာထောက်ပံ့နေသည့် အပြင် အချက် ၆ ချက်နှင့်ညီသည့်အတွက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း YMBA မှ ပြောကြား

Image may contain: 4 people, people smiling, people standing

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုး၊ ဘာသာ၊ သာသနာထောက်ပံ့နေသည့်ပုဂ္ဂိုလ်ဖြစ်ခြင်းအပါအဝင် အချက် ၆ ချက်နှင့်ညီသည့်အတွက် မဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခြင်းဖြစ်ကြောင်း ဗုဒ္ဓကလျာဏယုအသင်း(YMBA)မှ အထွေထွေအတွင်းရေး မှူး ဦးသောင်းဝင်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်ရှိ ဇေယျသီရိဗိမာန်တွင် အောက်တိုဘာလ ၇ ရက်၊ နေ့လည် ၂ နာရီက ဂုဏ်ထူးဆောင်ဘွဲတံဆိပ်ချီးမြှင့်ခြင်း၊ လည်ဆွဲတံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဗုဒ္ဓကလျာဏယုဝ(YMBA) အသင်းကြီး၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ဂုဏ်ပြုခန့်အပ်ခဲ့သည်။
“အမျိုးဘာသာသသနာထောက်ပံ့နေသည့် ပုဂ္ဂိုလ်ဖြစ်တယ်။ နောက်တစ်ခုက တိုင်းပြည်ငြိမ်းချမ်းရေးကို တစိုက်တမတ် ဆောင်ရွက်နေတယ်။ နောက်တစ်ခုကဗုဒ္ဓသာသနာတော်နဲ့ ပတ်သက်တဲ့ သာသနာရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်တယ်ဆိုတဲ့အချက်၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားအောင် မြန်မာ့တပ်မတော်ကြီး ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်နေတဲ့အချက်၊ မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဆိုတဲ့အချက်၊ ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနထောက်ထားပြီးဆောင်ရွက်နေတဲ့ ခေါင်းဆောင်ကြီးဖြစ်တယ်စတဲ့အချက်တွေနဲ့ ပေးတာပါ” ဟု ဗုဒ္ဓကလျာဏယုအသင်း(YMBA)မှ အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်း က ပြောသည်။
(YMBA)အသင်းအနေဖြင့် အလုပ်အမှုဆောင်အဖွဲ့များအားလုံး၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းဖြစ်ပြီး အဆိုပါဘွဲ့ကို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးရရှိခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေဖြင့် မင်္ဂလာဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ၇၇ ဦးမြောက်ဘွဲ့ချီးမြှင့်ခံရခြင်းဖြစ်ကြောင်းသိရသည်။
<zawgyi>
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုး၊ ဘာသာ၊ သာသနာထောက်ပံ့နေသည့် အပြင် အချက် ၆ ချက်နှင့်ညီသည့်အတွက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း YMBA မှ ပြောကြား
Tuesday,October 8 ,2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုး၊ ဘာသာ၊ သာသနာထောက်ပံ့နေသည့်ပုဂ္ဂိုလ်ဖြစ်ခြင်းအပါအဝင် အချက် ၆ ချက်နှင့်ညီသည့်အတွက် မဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခြင်းဖြစ်ကြောင်း ဗုဒ္ဓကလျာဏယုအသင်း(YMBA)မှ အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်ရှိ ဇေယျသီရိဗိမာန်တွင် အောက်တိုဘာလ ၇ ရက်၊ နေ့လည် ၂ နာရီက ဂုဏ်ထူးဆောင်ဘွဲတံဆိပ်ချီးမြှင့်ခြင်း၊ လည်ဆွဲတံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဗုဒ္ဓကလျာဏယုဝ(YMBA) အသင်းကြီး၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ဂုဏ်ပြုခန့်အပ်ခဲ့သည်။
“အမျိုးဘာသာသသနာထောက်ပံ့နေသည့် ပုဂ္ဂိုလ်ဖြစ်တယ်။ နောက်တစ်ခုက တိုင်းပြည်ငြိမ်းချမ်းရေးကို တစိုက်တမတ် ဆောင်ရွက်နေတယ်။ နောက်တစ်ခုကဗုဒ္ဓသာသနာတော်နဲ့ ပတ်သက်တဲ့ သာသနာရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်တယ်ဆိုတဲ့အချက်၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားအောင် မြန်မာ့တပ်မတော်ကြီး ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်နေတဲ့အချက်၊ မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဆိုတဲ့အချက်၊ ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနထောက်ထားပြီးဆောင်ရွက်နေတဲ့ ခေါင်းဆောင်ကြီးဖြစ်တယ်စတဲ့အချက်တွေနဲ့ ပေးတာပါ” ဟု ဗုဒ္ဓကလျာဏယုအသင်း(YMBA)မှ အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်း က ပြောသည်။
(YMBA)အသင်းအနေဖြင့် အလုပ်အမှုဆောင်အဖွဲ့များအားလုံး၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းဖြစ်ပြီး အဆိုပါဘွဲ့ကို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးရရှိခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေဖြင့် မင်္ဂလာဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ၇၇ ဦးမြောက်ဘွဲ့ချီးမြှင့်ခံရခြင်းဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment