Monday, October 7, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား YMBAအသင်းချုပ်မှ မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြင့်

Image may contain: 5 people, people standing and suit

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင်အား YMBAအသင်းချုပ်က မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့အား ယနေ့ အောက်တိုဘာ ၇ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာခန်းမတွင် ကျင်းပသော ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အငြိမ်းစားယူပြီးပါက နိုင်ငံအတွက် တစ်နေရာရာတွင် တာဝန်ထမ်းဆောင်မည်ဟု ယုံကြည်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသည် ၁၉၀၆ ခုနှစ်မှစတင်၍ အမျိုးဘာသာသာသနာအကျိုးဆောင်ရွက်ရန် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အသင်းရည်ရွယ်ချက်မှာ လွတ်လပ်ရေးမရခင်ကာလများက နိုင်ငံရေးကို ဦးစားပေးလုပ်ကိုင်နေပြီး လွတ်လပ်ရေးရပြီးခေတ်နှင့် လက်ရှိအချိန်ထိ ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ပြည်သူ့နီတိရိုက်နှိပ်ထုတ်ဝေခြင်း၊ ယဉ်ကျေးလိမ္မာစာမေးပွဲများ ကျင်းပခြင်းများကို အဓိကလုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ကို အမျိုးဘာသာ သာသနာအတွက်ဆောင်ရွက်တဲ့သူများကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
Image may contain: indoor
Image may contain: 7 people, people standing

<<Zawgyi>>
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား YMBAအသင်းချုပ်မှ မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြင့်
Monday, October 7, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင်အား YMBAအသင်းချုပ်က မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့အား ယနေ့ အောက်တိုဘာ ၇ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာခန်းမတွင် ကျင်းပသော ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အငြိမ်းစားယူပြီးပါက နိုင်ငံအတွက် တစ်နေရာရာတွင် တာဝန်ထမ်းဆောင်မည်ဟု ယုံကြည်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသည် ၁၉၀၆ ခုနှစ်မှစတင်၍ အမျိုးဘာသာသာသနာအကျိုးဆောင်ရွက်ရန် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အသင်းရည်ရွယ်ချက်မှာ လွတ်လပ်ရေးမရခင်ကာလများက နိုင်ငံရေးကို ဦးစားပေးလုပ်ကိုင်နေပြီး လွတ်လပ်ရေးရပြီးခေတ်နှင့် လက်ရှိအချိန်ထိ ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ပြည်သူ့နီတိရိုက်နှိပ်ထုတ်ဝေခြင်း၊ ယဉ်ကျေးလိမ္မာစာမေးပွဲများ ကျင်းပခြင်းများကို အဓိကလုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ကို အမျိုးဘာသာ သာသနာအတွက်ဆောင်ရွက်တဲ့သူများကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment